ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 October 2012

အကြမ်းဖက်မှုရပ်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျသံဃာများ တောင်းဆို

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာ ဆရာတော် တစ်ပါးက အခုလို မိန့်ကြားခဲ့ပါတယ်။
"လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဘင်္ဂလား ရဟန်းတော်တွေပေါ့လေ။ ဒီလိုမျိုး
အကြမ်းဖက်နေတာတွေကို ရပ်တန့်ပေးဖို့အတွက် အဲဒါကို အချိန်ကြာကြာကြီး သံရုံးထဲမှာ ပြောဆိုနေကြတယ် အပြန်အလှန်လေ။ ဟိုက ပြန်ပြောတာက  ထိုင်းနိုင်ငံမှာ ငါတို့ သံရုံး ရှိနေတာ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ မဟုတ်ဘူးတဲ့။ နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးဖို့တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် နက်ဖြန်ဆိုရင် ယူအင်န်ရုံးကို ဆက်သွားမယ်လေ။ ဗမာ ရဟန်းသံဃာတချို့နဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက ရဟန်းသံဃာ အပါး ၂၀၀ ပေါ့။"
ဒီဆန္ဒပြပွဲမှာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေကြတဲ့  မြန်မာသံဃာတွေ၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက သံဃာတွေ ပါဝင်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ ကဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့စ်ဘဇား နဲ့ ရာမူး ခေါ် ပန်းဝါဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း (၁၁) ကျောင်းနဲ့ အနည်းဆုံး ဗုဒ္ဓဘာသာ လူနေအိမ် ၂၀ လောက် မီးရှို့ ဖျက်ဆီးခံရတယ်လို့  နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရက တပ်အင်အား တစ်ထောင်နီးပါးလောက်နဲ့ ပန်းဝါ နဲ့ ကော့စ်ဘဇား ဒေသက ဗုဒ္ဓဘာသာဝင် ကျေးရွာတွေ ရပ်ကွက်တွေကို လုံခြုံရေး တင်းတင်းကြပ်ကြပ်ချပြီး အကာအကွယ် ပေးထားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ်ဘက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ဦးကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
နားထောင်းရန်


RFA

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ