ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 October 2012

အီရန်သမ္မတ၏ ဓာတ်ပုံဆရာ နူးယောက်ခ်၌ နိုင်ငံရေး ခိုလှုံခွင့်တောင်း







အီရန်သမ္မတ မာမွတ်အက်ခ်မာဒီနာဂျတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် နူးယောက်ခ်မြို့သို့ ရောက်ရှိလာစဉ် လိုက်ပါလာခဲ့သည့် အင်အား ၁၄၀ ရှိ အဖွဲ့မှ ဓာတ်ပုံဆရာတစ်ဦးသည် ယခုအခါတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြောင်း သိရှိရသည်။
အေပီသတင်းဌာန၏ အဆိုအရ ဟာဆန်ဂိုးလ်ခန်းဘန်သည် အီရန်ကိုယ်စားလှယ်အဖွဲ့မှ ခွဲထွက်ပြီး နူးယောက်ခ်မြို့၌ ရှေ့နေတစ်ဦး ဌားရမ်းကာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ခြင်းဟု သိရှိရသည်။ ယင်းသတင်းအား ရှေ့နေဖြစ်သူက ယမန်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
New York Daily News သတင်းစာ၏ အဆိုအရမူ အဆိုပါ ပုဂ္ဂိုလ်သည် အီရန်ကိုယ်စားလှယ်များ နူးယောက်ခ်မြို့တွင်း ဈေးဝယ်ထွက်စဉ် အဖွဲ့မှ ခွဲထွက်ပြီး တိမ်းရှောင်သွားခြင်း ဖြစ်ဖွယ် ရှိသည်ဟု ဖော်ပြခဲ့သည်။ အီရန်အဖွဲ့သည် တိုင်လီနော်လ် (ပါရာစီတမော်လ်) ၊ ဆပ်ပြာ၊ ဖိနပ်၊ ခေါင်းလျှော်ရေနှင့် ဗိုက်တာမင်ဆေး စသည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံတွင် ဝယ်ယူမရရှိနိုင်သည့် ကုန်ပစ္စည်းများအား အဓိကထား ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
အီရန်သမ္မတ ဦးဆောင်သည့် အဆိုပါ အဖွဲ့သည် နူးယောက်ခ်မြို့၏ နာမည်ကျော် အဆင့်မြင့် ဇိမ်ခံဟိုတယ်ကြီး တစ်ခုဖြစ်သည့် Warwick Hotel ၌ အလွှာ ၂ လွှာ ရယူကာ နေထိုင်ခဲ့ကြသည်။
လက်ရှိအချိန်တွင် မစ္စတာခန်းဘန် အနေဖြင့် မည်သည့် အကြောင်းပြချက်ဖြင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမည်ကို မသိရှိရသေးသော်လည်း မီဒီယာလွတ်လပ်ခွင့် မရှိသည့်၊ သတင်းထောက်နှင့် ဓာတ်ပုံဆရာများ အထူးဖိနှိပ်ခြင်း ခံထားရသည့် အီရန်နိုင်ငံ၏ မူဝါဒများနှင့် နှိပ်ကွပ်မှုများအား အဓိက အကြောင်းအရာများအဖြစ် အသုံးပြုသွားဖွယ်ရှိသည်။ 

မြန်မာ့အလင်း

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ