ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 October 2012

မလေးရှား ကွာလာလမ်ပူမြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုတွင် မြန်မာအချင်းချင်း ရိုက်နှက်မှုဖြစ်ပွား


မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူ
မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုတွင်
ရိုက်နှက်မှု တစ်ခုဖြစ်ပွားကြောင်း သိရှိ
ရပါသည်။

 ဖြစ်စဉ်မှာ ၁၆.၁၀.၁၂ ရက်ညနေ ၆ နာရီခန့်အချိန်တွင် မြန်မာစားသောက်
ဆိုင် အတွင်းစားသောက်နေသူ တစ်ဦးနှင့် ဆိုင်မှ ဝန်ထမ်းများ နှင့် အချင်းများကြရာ စားသောက်နေသူတစ်ဦး ဖြစ်သော ခိုင်ကျော်လင်း ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် ကေအယ် ကွာလာလမ်ပူဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်
 ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

အဲဒီနေ့ ညနေက သူတို့ သူငယ်ချင်း ၄ယောက်နဲ့ စားသောက်ဆိုင် ဝန်ထမ်းများ များ
 စကားများပြီး ရိုက်နှက်မှုဖြစ်ခဲ့ပါတယ်။ ခိုင်ကျော်လင်း ဆိုသူက ခေါင်းမှာ အပြင်းအထန်ပဲ
 ဒဏ်ရာရသွားပြီး ဆိုင်အပေါ်ထပ် ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့ရပါတယ်။

 သူ့သူငယ်ချင်းများက လဲနေတဲ့ ခိုင်ကျော်လင်း ကို မသယ်လာပြီး ဆိုင်အောက်ကို
 ခေါ်လာခဲ့တယ်။
  
ခဏနေတော့ ဒီနိုင်ငံသား ဖုန်းဆိုင်က တရုတ် တစ်ယောက်က ဆေးရုံကား
ခေါ်ပေးတော့ ဆေးရုံ ကားရောက်လာပြီး သွေးထွက်တာလွန်နေတဲ့ ခိုင်ကျော်လင်း
ကိုသွေးတိတ်အောင် လုပ်ပေးပြီး ဆေးရုံသို့ သွားခေါ်သွားကြတာ
 တွေ့ရပါတယ်။

သူငယ်ချင်း ၃ယောက်လည်း ခေါင်း ၊ လက် ၊ မျက်နှာတွေမှာ အသီးသီး ဒဏ်ရာ
ရသွားပါတယ်။ ဒဏ်ရာရသူ မြန်မာများမှာ ခိုင်ကျော်လင်း ၊ အောင်ဇော် ၊ ညီညီ ၊
 မင်းသွေးခိုင် တို့ဖြစ်သည်ဟု ပြသာနာဖြစ်သော နေရာသို့ သွားရောက်ကြည့်
ရှုသူ ကိုမင်းမင်း မှဆိုသည်။
  
ယခုပြသာနာ ဖြစ်ပွားသော မြန်မာဆိုင်တွင် ယခင်ကလည်း ယခုကဲ့လို့ ရန်ပြ
သာနာများ မကြာခဏဖြစ်ပွားနေပြီး မလေးရှားနိုင်ငံမှ တာဝန်ရှိ အကြီးအကဲများနဲ့ လုပ်ဆောင် နေသောကြောင့် ပြသာနာဖြစ်သော်လည်း အရေးယူမှု
 မရှိဘူးလို့ သိရပါတယ်။

 ဒီကိစ္စနဲ့ ပက်သက်ပြီး ကေအယ်ရောက်မြန်မာများထံမှ ယခုကဲ့သို့ မြန်မာ
 အချင်းချင်း ပြသာနာဖြစ်သော ကိစ္စကို ကျေနပ်မှု မရှိကြာင်း
သိရှိရပါသည်။



ရွှေမြန်မာမီဒိယာ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ