ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 October 2012

တရုတ်ဖက်စပ်သတ္တုတင်ကား ဒေသခံအမျိုးသမီးနှစ်ဦးအားတိုက်မိသေဆုံး


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နယ်အတွင်း
 သတ္တုတူးဖေါ် သယ်ယူနေသည့် တရုတ်
ဖက်စပ် GSM ကုမ္မဏီပိုင်ကား တစီးက
 ဒေသခံ အမျိုးသမီးနှစ်ဦးအား
ယမန်နေ့နံနက်ပိုင်း၌ တိုက်မိကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း စုံစမ်းသိရှိ ရသည်
“နမ့်ခမ်းဈေးကို ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးငယ် နှစ်ယောက်ကို သလင်းကျောက်တင်တဲ့ကားက မူစယ်အထွက် မန့်ကန့် ရွာနားမှာ တိုက်မိတာ။ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ အသက်က ၁၆ - ၁၇ နှစ်လောက်ပဲရှိသေးတယ်။
နမ့်စန့်ရွာ ကလေးမလေး တယောက် နဲ့ မန့်ဟောင်းတုံရွာကတယောက်” ဟု ဒေသခံ နန်းအေခေးက ပြောပြသည်။သလင်းကျောက်တင်ယာဉ်မောင်း စိုင်းယီသည် နမ့်ခမ်းမြို့နယ် ကုန်းဆာရွာတွင်နေထိုင်သည်။


                          ယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသည့်အမျိုးသမီး ၂ ဦး

ယခုအခါ နမ့်ခမ်းရဲစခန်း ၌ ထိန်းသိမ်းခံထား ရပြီး သေဆုံး သူနှစ်ဦး ၏အလောင်းကိုမူ ပင့်သင်္ဃာအချို့ဖြင့်အခင်းဖြစ်ပွါးရာအနီးလမ်းဘေး၌ပင် သဂြိုလ်လိုက်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။
လုံးလွယ်၏သား ယာဉ်မောင်းစိုင်းယီသည် ယမန်နှစ် က မိမိပိုင်လယ်ကွက် များရောင်း
၍ လိဖန်(အသေး) အမျိုးအစား ကျောက်တင်ကားဝယ် ကာ သလင်းကျောက်
သယ်သည့်လုပ်ငန်း လုပ်ကိုင်နေကြောင်း အဆိုပါအသိုင်းအဝိုင်းကပြောပါသည်။“ကျနော်တို့ကုမ္မဏီက ဒေသခံ တွေ အလုပ်ရှိဖို့အဓိက ဘဲဆိုတော့ ဒေသခံရဲ့ကားတွေကိုဘဲ ပြန်ပြီး ငှားရမ်း သုံးနေ တာဖြစ်ပါတယ်။
 လျော်ကြေးငွေ ကိစ္စ ကတော့ ကာယကံရှင်ကားသမားနဲ့ဘဲ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဘက် စလုံးပြေ လည်အောင် တော့ အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ” ဟု GSM ကုမ္မဏီတာဝန်ခံ ဦးရွှေသိန်းက ပြောပြပါသည်။GSM ကုမ္မဏီသည် နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွာအနီး မုံရွှဲတောင်ထွက် Quartz ခေါ် သလင်းကျောက်များအား တူးဖော်၍ နမ့်ခမ်းနှင့် ၂၄ ကီလိုမီတာ (၁၅ မိုင်) အကွာ၊ မူစယ်မြို့အနီး ကျောက်ပုံစခန်း(လွယ်ကျူလောက်)သို့နေ့စဉ် ကား အစီးရေ ၃၀ ဖြင့် သယ်ယူနေခြင်းဖြစ်သည်။“သယ်ယူပို့ဆောင်ပေးခ တတန်ကို ၄၈ ယွမ် (မြန်မာငွေ ၆၈၅၀ကျပ်) ပေးပါတယ်။ တစ်စီးဆိုရင်  ၃ တန်အထိတော့ တင် လို့ရတယ်။ တစ်နေ့ကို အနည်း ဆုံး နှစ်ခေါက်တော့ သယ်ပေးရမယ်လို့ ပြောထားတယ်။ဒါပေမဲ့ကားသမားတွေ က လေးငါးခေါက် ရအောင် စည်းကမ်းမဲ့အမြန် မောင်းလို့  ယာဉ်တိုက်မှုမကြာခဏ ဖြစ်ရတာပေါ့ဗျာ” - ဟု ကားသမားနှင့် နီးစပ်သူ ဒေသခံတစ်ဦးပြောပြသည်။၂၀၁၂ ခုနှစ်ဦးက စခဲ့သော တရုတ်နှင့် အစိုးရစီမံကိန်း တို့မှ စည်းကမ်းမဲ့မောင်းနေသော ကားများကြောင့်ဒေသခံ အနည်းဆုံး ငါးဦးထက်မနဲသေးဆုံးခဲ့ရပြီးဖြစ်သည်။
 ထို့အပြင် မူစယ်-နမ့်ခမ်း ကားလမ်းလည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေ သည်ဟု ဒေသခံ စိုင်းခမ်းက ပြောပြသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ