ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 November 2012

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရေး မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေး



နေပြည်တော် နိုဝင်ဘာ ၈
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Kittiratt Na-Ranong ၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင်များ  လိုက်ပါလျက် နိုဝင်ဘာ(၆)ရက် မွန်းလွဲပိုင်းတွင်  ထိုင်းနိုင်ငံသို့
ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Ms. Dao Vibulpanich နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ညနေ(၄) နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Mr. Niwattumrong  Boonsongpaisan၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Pisanu Suvanajata၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်း၊  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် ဗန်ကောက်မြို့ရှိ Shangri-La ဟိုတယ်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E.Mr. Kittiratt Na-Ranong ဦးဆောင်သော အဖွဲ့ဝင်များသည် ခေတ္တတည်းခိုသည့် Shangri-La ဟိုတယ်၌ လာရောက် တွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Kittiratt Na-Rong က Shangri-La ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် နိုဝင်ဘာ(၇)ရက် နံနက် (၉) နာရီ မိနစ်(၄ဝ)တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အစိုးရအိမ်တော် Thai Koo Fah အဆောက်အုံသို့ ရောက်ရှိရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် Outer Ivory Room ၌ အစိုးရ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် Inner Ivory Room ၌ ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စရင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေး ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဟန်စိန်၊ ဦးအောင်သန်းဦး၊ ဦးမျိုးအောင်၊  ဒေါက်တာမောင်မောင်သိမ်း၊ သူရဦးသောင်းလွင်၊ ဦးဘုန်းဆွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Kittiratt Na-Rong၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Surapong Tovichakchaikul၊ ထိုင်းနိုင်ငံ  ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်က ထားဝယ်အထူးစီးပွားရေး ဇုန် ဖွံ့ဖြိုးရေးအတွက် ပထမဆုံး အစည်းအဝေးဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံပူးတွဲ ကော်မတီ ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ အရေးကြီးသည့် ကဏ္ဍများကို ဦးစားပေး အစီအစဉ် ရေးဆွဲဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု နှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှုတို့ကို အခြေခံလျက် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ကြောင်းဖြင့်  ပြောကြားသည်။

 ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက မိမိ ထိုင်းနိုင်ငံသို့ လာရောက်ရခြင်းသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသို့လာရောက်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ခရီးစဉ်တွင် သဘောတူခဲ့သော မြန်မာနိုင်ငံ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် ၎င်းနှင့်ဆက်စပ်မှု ရှိသော ဒေသများတွင် စီးပွားရေး ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား စာချွန်လွှာလဲလှယ်မှု အခမ်းအနားနှင့် ပထမအကြိမ် ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ စာချွန်လွှာလဲလှယ်မှုသည် နှစ်နိုင်ငံစလုံး၏ စီးပွားရေးချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမည် ဖြစ်ပြီး နားလည်မှုစာချွန်လွှာကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထူထောင်မည့် ပူးတွဲကော်မတီသည် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် ၎င်းနှင့် ဆက်စပ်မှုရှိသော ဒေသများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရန် အရေးကြီးသည်ဟု ယုံကြည်ပါကြောင်း၊ ယခု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြား ချုပ်ဆိုမည့် စာချွန်လွှာသည် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ရင်းနှီးခင်မင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာနက်ရှိုင်းစေမည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံမှ ကုမ္ပဏီ အများအပြားသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လာရောက် စူးစမ်းရှာဖွေလျက် ရှိကြပါကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံှံမှု ဆက်ဆံရေး မြှင့်တင်ရန် အချိန်အခါသင့်ပြီဖြစ်ပါကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးရန် ကြိုးပမ်း အားထုတ်နေသည့်အတွက် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံအစိုးရအိမ်တော် Thai Koo Fah အဆောက်အုံ Outer Ivory Room တွင် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ရှေ့မှောက်၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Surapong Tovichakchaikul တို့က ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးတွဲကော်မတီ  အဆင့်အလိုက် တည်ဆောက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲကော်မတီအား ထူထောင်ခြင်း ဆိုင်ရာ စာချွန်လွှာများကို အပြန်အလှန်လဲလှယ် ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် Shangri-La ဟိုတယ်သို့ ပြန်လည် ရောက်ရှိကြပြီး Myanmar Room ၌ ကျင်းပသည့် ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲအဆင့်မြင့် ကော်မတီ၏ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်မှုနှင့်အတူ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရေး၊ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘဝများ မြှင့်တင်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တို့ကိုပါ ညှိနှိုင်းဆွေးနွေးကြလျက် အရှည်သဖြင့် ရှင်သန်ရပ်တည်နိုင်ရေး ဖွံ့ဖြိုးတိုးတက်မှု (sustainable development) ရရှိရေးဆိုင်ရာ တို့ကိုပါ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးက Shangri-La ဟိုတယ် ၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတဦးဥာဏ်ထွန်းအား Indonesia Room ၌ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် သန့်စင်သော ကျောက်မီးသွေးနည်းပညာနှင့် ဓာတ်အားပေးစက်ရုံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု တို့နှင့်စပ်လျဉ်း၍ Industrial Estate Authority of Thailand အဖွဲ့အစည်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိကြသည်။


 
သမ္မတ၀စ်ဆိုက်မှ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ