ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 November 2012

ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း အဖြစ်မှန်ပေါ် စုံစမ်းစစ်ဆေးမှုတွင် ရခိုင်အမှုထမ်းများ ဘေးဖယ်ခံရ



MraukOoPLမကြာမီက ရခိုင်ပြည်အတွင်း တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း ဖြစ်ပွားရသောအကြောင်းအရင်းအား အမှုမှန်ပေါ်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင်
ရခိုင်အမှုထမ်းများအား ပါဝင်ခွင့်မရကြောင်း သတင်းရရှိသည်။
အဓိကရုဏ်း ပြန်လည်စတင်ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နှင့် မင်းပြားမြို့များတွင် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းအဖြစ်မှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးမှုများကို ဒု-ပြည်နယ်မှူး ဦးဆောင် စစ်ဆေးနေကြောင်းနှင့် အဆိုပါ စစ်ဆေးမှုများတွင် ရခိုင်အမှုထမ်းများ ပါဝင်ခွင့်မရှိရန် ပိတ်ပင်ထားကြောင်း သိရသည်။
"အဓိကရုဏ်းစတင်ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နဲ့မြောက်ဦးမြို့တို့မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ စစ်ဆေးမှုလုပ်တဲ့အခါ ရခိုင်အမှုထမ်းတွေ ပါဝင်ခွင့်မရဘူးပေါ့၊ မင်းတို့ရခိုင်တွေ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးတော့ ဒု-ပြည်နယ်မှူးက ပိတ်ပင်ထား တယ်။ ဒီလို ပိတ်ပင်လိုက်တာက အရေးမကြီးဘူး။ ရခိုင်အမှုထမ်းတွေမပါတဲ့ စုံစမ်းစစ်ဆေးမှုလုပ်တဲ့နေရာမှာ လာဘ်ငွေတွေယူပြီးတော့ မဟုတ်တာကို အဟုတ်လုပ်မှာကိုဘဲ စိုးရိမ်ရတယ်။" ဟု အမည်မဖော်လိုသည့် ရဲတစ်ဦးမှ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခု စုံစမ်းစစ်ဆေးမှုတွင် မြောက်ဦးမြို့ရှိ ယိုင်သည်ကျေးရွာ၊ ပုရိန်ကျေးရွာနှင့် မင်းပြားမြို့နယ်မှ လူများအား အဓိကထားကာ စစ်ဆေးနေကြောင်းသိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုအတွက် ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်မှ ရဲ တပ်ဖွဲ့ဝင်များနှင့် CID တပ်ဖွဲ့ဝင်များအား ရခိုင်သို့ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
"ဟုတ်ကဲ့ အခုကြားတာက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ရဲတပ်ဖွဲ့ဝင် ၉၀ နဲ့ CID တပ်ဖွဲ့ဝင်တွေ မြောက်ဦးမြို့နဲ့ မင်းပြားမြို့နယ်ကို ရောက်ကြမှာပါ။ သူတို့ရောက်တာနဲ့ စစ်ဆေးရေးကို အရှိန်ဟုန်မြှင့်တင်ပြီးတော့ လုပ်မယ်လို့ သတင်းတွေထွက်နေပါတယ်။" ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ယခုကဲ့သို့ အမှုထမ်းများအကြား ခွဲခြားပြောဆိုဆက်ဆံမှုများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖြိုခွဲရာရောက်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လျှက်ရှိသည်။


ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ