ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 November 2012

စစ်တွေမြို့တွင် ရဲနှင့်စစ်တပ်အင်အား (၃၀)မှ လက်နက်များ ရှာဖွေသိမ်းဆည်းနေ






Findarmsatarakanhouseယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၈)နာရီခွဲတွင် စစ်တွေမြို့၊ စံပြရပ်ကွက်တွင်ရှိသော ရခိုင်အိမ်များကို စစ်တွေမြို့အပါအဝင် တစ်ခြားမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်အင်အား (၃၀)ဦးခန့်နှင့် အုပ်ချုပ်ရေးမှူးမှ အိမ်ပေါ်တက် လက်နက်များ ရှာဖွေနေကြောင်း သတင်းရရှိသည်။
စစ်တွေမြို့၊ စံပြရပ်ကွက်တွင် အိမ်ခြေ(၃၀၀)ကျော်ရှိပြီး တစ်ခြားရပ်ကွက်များကိုလည်း လက်နက်များ ရှာဖွေသိမ်းဆည်းနေကြောင်း သိရသည်။
ရခိုင်တစ်ပြည်နယ်လုံးရှိ နေရာအနှံ့ကို လိုက်လံသိမ်းဆည်းနေပြီး အဓိကအားဖြင့် ရခိုင်အိမ်များကိုသာ ရှာဖွေနေကြောင်းသိရသည်။
အိမ်ပေါ်ကိုတက်ပြီး လက်နက်များ ရှာဖွေသိမ်းဆည်းနေပုံကို မင်းဂံရပ်ကွက်မှ ဒေသခံတစ်ဦးက " ဒီနေ့ မနက်(၈)နာရီခွဲက ရဲနှင့်စစ်တပ်အင်အား(၃၀)ယောက်နှင့် အုပ်ချုပ်ရေးမှူးလည်း ပါပါတယ်။ သူတို့က မင်းဂံရပ်ကွက်က ရခိုင်အိမ်တွေကို လိုက်ပြီးတော့ လက်နက်တွေ ရှာဖွေနေပါတယ်။ အဲဒီမှာ တွေ့သမျှ ငါးခုတ်တဲ့ ဓါးတွေ၊ လေးဂွကအစ အကုန်လိုက်ပြီး သိမ်းနေပါတယ်။ အိမ်အောက်တွေမှာ ခင်းထားတဲ့ အုတ်ချပ်တွေကိုတောင် ဖယ်ပြီးတော့ လက်နက်တွေကို ရှာဖွေကြပါတယ်။ သူတို့က တစ်ခြားရပ်ကွက်တွေကိုလည်း လိုက်ပြီး ရှာဖွေနေပါတယ်။ ဟိုတစ်နေ့က ဘောက်သီးစုရပ်ကွက်ကိုလည်း ရှာဖွေခဲ့တယ်လို့ ကြားပါတယ်။ ပြီးတော့ သူတို့က ဘင်္ဂလီရွာတွေမှာ အိမ်ပေါ်ကိုတော့ တက်ပြီး မရှာဖွေဘူးလို့ ကြားရပါတယ်။ အခု ကျွန်တော်တို့မှာ လက်နက်တွေ ထားတယ်ဆိုတာက တခြားလူတွေကို တိုက်ခိုက်ဖို့အတွက် ထားတာမဟုတ်ပါဘူး။ သူတို့ဖက်ကလည်း လုံခြုံရေးက အပြည့်အဝမပေးနိုင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ထားကြတာဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ သူတို့တွေက ရခိုင်တစ်ခုတည်းကိုပဲ ဖိအားပေးပြီး ဖိနှိပ်နေတယ်၊ လုပ်နေတယ်လို့ သတ်မှတ်နေကြပါတယ်။ ကျွန်တော်အနေနဲ့ နိုင်ငံတော် အစိုးရကိုပြောချင်တာက လက်နက်တွေ သိမ်းတယ်ဆိုရင်လည်း အားလုံးဆီက သိမ်းဆည်းစေချင်ပါတယ်။ ပြီးတော့ ရခိုင်ရပ်ကွက်တိုင်းမှာ လုံခြုံရေးတွေကို အပြည့်အဝ လုံခြုံရေးချထားပေးစေချင်ပါတယ်။ " ဟု ပြောသည်။
ယခု ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ရခိုင်ပြည်သူများသည် ဘင်္ဂလီများ၏ နောက်ထပ် အကြမ်းဖက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။ လုံခြုံရေးများမှာလည်း ရခိုင်များနေထိုင်သော နေရာများတွင်မရှိဘဲ ဘင်္ဂလီများနေထိုင်သော နေရာများတွင်ထားရှိသောကြောင့် ရခိုင်ပြည်သူများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရမှ အကြမ်းဖက်မှုကို ဖြစ်ပွားစေနိုင်သော လက်နက်များကို အပ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသော်လည်း ယခု သိမ်းဆည်းနေသောနေရာများမှာ ရခိုင်များနေထိုင်သောနေရာများသာ ဖြစ်နေကြောင်း သိရသည်။
ဘင်္ဂလီများ နေထိုင်ရာနေရာများတွင် လုံခြုံရေးများချထားသော်လည်း နိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် ပေါက်တောမြို့နယ်၊ စောမဲကျီကျေးရွာမှ သားအဖနှစ်ဦးဖြစ်သော ဦးလပြည့်ဦး(ဘ)ဦးသာတူးအောင်၊ အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သဖြင့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။


ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ