ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 November 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အတည်ပြုလိုက်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချက်


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ဖြစ်သွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက အန်တီတို့မျှော်လင့်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပုံစံ၊ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွား တကယ်တိုးတက်ဖြစ်ထွန်းလာစေမယ့် ဟာမျိုးလို့ မှတ်ချက်ပြုလို့ရမလား။
“ဒီ
ဥပဒေက ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် နည်းဥပဒေတွေနဲ့ ယှဉ်ပြီးကြည့်ရမှာပေါ့။ နည်းဥပဒေတွေက မဆွဲရသေးဘူး။ နည်းဥပဒေတွေထွက်လာမှပဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဘယ်လောက် ဘယ်လောက်ရှိတယ်ဆိုတာ သုံးသပ်လို့ရမှာပါ။”
ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ အစိုးရဘက်ပိုင်းကပဲ ရေးဆွဲပြီး ဆွေးနွေး ညှိနှိုင်းတာမျိုးတွေ မရှိခဲ့ဘူး။ အခု ဆွေးနွေးညှိနှိုင်းလာတယ်။ ဒီ ဥပဒေတရပ် ပေါ်ပေါက်လာတဲ့အတွက်ရော တိုင်းပြည်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ဖြစ်လာစေနိုင်မလဲ။
“ပြည်သူကိုကိုယ်စားပြုတဲ့ ဥပဒေပြုမဏ္ဍိုင်တခုရှိတယ်ဆိုတာ ဒီမိုကရေစီရဲ့ လိုအပ်ချက်ပဲ။ အဲဒါမရှိလို့ မဖြစ်ဘူး။ အန်တီက ဥပဒေပြုမဏ္ဍိုင်ဘက်ကဆိုတော့ ဥပဒေပြုဘက်ကပဲ ရပ်တည်ပြောရမှာပဲ။ ဒါလည်း ဘက်လိုက်တာမဟုတ်ပါဘူး။ ဘယ်လိုပဲ ပြောပြော ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေဘက်ကို သွားနေတယ်လို့ ပြောနိုင်တယ်။ အားရပါတယ်။”
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်အရပ်ရပ်က ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်တွေ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖော်ဆောင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ သ၀ဏ်လွှာ အတည်ပြုလိုက်တာလည်း ရှိတယ်။ ဒီလိုဆက်သွယ်ရေးလမ်းကြောင်းတွေက တဆင့် ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်လာနိုင်မလဲ။
“ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိလာတော့ နံပါတ် ၁ ကတော့ အလုပ်မထောက်ဘူးပေါ့။ မဟုတ်ရင် တဆင့် တဆင့် တဆင့်၊ လွှတ်တော်ဥက္ကဋ္ဌ ရုံးထိပို့ပြီးမှ တခါ ဟိုဘက်ပို့ဆိုတော့ ဒါတွေက မလိုအပ်ဘဲ အလုပ်တွေပိုစေတာပေါ့။ ၀န်ထမ်းတွေ ပင်ပန်းတာပေါ့။ နောက်တခုက မြန်မြန် ဆန်ဆန် ပြီးတာပေါ့။ လူလည်းပိုကုန်မယ်၊ နောက်အရေးကြီးဆုံးတခုက ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတွေရဲ့ အရေးပါမှုကို မီးမောင်းထိုးဖို့လိုတယ်။”
လွှတ်တော်ကိုယ်စားလှယ်သက်တမ်းမှာ အန်တီရဲ့ တွေ့ကြုံဖြတ်သန်းရတာတွေ ကို မြန်မာပြည်သူတွေ အတွက်ကို ဘယ်လိုမျိုးပြောကြားလိုပါသလဲ။
“အမှန်ကတော့ အန်တီက ဇူလိုင်လကမှ ၀င်လာတယ်ဆိုတော့ ကြားထဲမှာလည်း ပိတ်ရက်တွေနဲ့ဆိုတော့ လွှတ်တော်အတွင်းမှာ လပိုင်းပဲရှိပါသေးတယ်၊ နုပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ လွှတ်တော်ကိုယ်စားလှယ်ကြီးတယောက်ရဲ့ အရည်အချင်းတွေအားလုံးနဲ့ ပြည့်စုံပြီလို့ မသတ်မှတ်ပါဘူး။ ထပ် အများကြီး သင်ယူရပါဦးမယ်။”

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ