ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 December 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို၍ အဖွင့်အမှာစကား လျှောက်ထား




ရန်ကုန် ဒီဇင်ဘာ ၁၅
 သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ယဉ်ကျေးမှု ဆက်ဆံရေး ကောင်စီ (ICCR) တို့က ကြီးမှူးကျင်းပသည့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္တိပါတ ခန်းမကြီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ကြည်ညို၍ အဖွင့် အမှာစကားလျှောက်ထားသည်။

နိုင်ငံတကာ စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားသို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဥာဏိသရ၊ တိပိဋကဓရ ဆရာတော်ကြီးများ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) နှင့် မန္တလေး၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ်(စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး) တို့မှ ဆရာတော်ကြီးများ၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူ၊ ဗြိတိန်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ တရုတ်၊ သြစတြေးလျ၊ ကိုရီးယားသမ္မတနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Mr. Salman Khurshid နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံတကာ စာတမ်း ဖတ်ပွဲ ကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညို ကြသည်။

အခမ်းအနားတွင် အခမ်းအနားမှူး ဆရာတော်အဖြစ် ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာဓမ္မသာမိ က ဆောင်ရွက်တော်မူပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ ဒေါ်ရီရီသန့်နှင့် အဖွဲ့က ထူးမခြားနား သီချင့်ခန့်ဖြင့် ပူဇော်သည်။

ထို့နောက် သီတဂူ ဆရာတော်  ဒေါက်တာဘဒ္ဒန္တဥာဏိသရ၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Mr. Salman Khurshid တို့က ဆီမီးတိုင်များကို ထွန်းညှိပူဇော်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတကာ စာတမ်းဖတ်ပွဲ ကျင်းပရေး ဗဟိုကော်မတီ ပူးတွဲ ဥက္ကဋ္ဌ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး  H.E.Dr. Villur Sundararajan Seshadri က ကြိုဆိုနှုတ်ခွန်းဆက် စကားလျှောက်ထားသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အဖွင့်အမှာစကား လျှောက်ထားရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်က ယခုညီလာခံကို ကျင်းပရန် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိခဲ့ကြပါကြောင်း၊ ယခုညီလာခံနှင့် ပတ်သက်သည့်ကိစ္စရပ်ကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်စဉ်က ထုတ်ပြန်ကြေညာချက်၏ အပိုဒ် (၃၈) တွင် ဖော်ပြထားခဲ့ ပါကြောင်း။
       
ယင်းအပိုဒ်တွင် ဖော်ပြထားသည်မှာ နှစ်နိုင်ငံခေါင်းဆောင်ကြီးများသည် ယခုညီလာခံကို မြန်မာနိုင်ငံတွင် Indian Council of Cultural Relations၊ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန နှင့် သီတဂူဗုဒ္ဓ တက္ကသိုလ်တို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပရန် သဘောတူညီပါကြောင်း။
       
ယခုညီလာခံတွင် ဗုဒ္ဓဘာသာဆိုင်ရာ ပညာရှင်များသည် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်နှင့် ပတ်သက်သော အတွေးအမြင်များကို ဖလှယ်ကြမည်ဖြစ်ပါကြောင်း၊ ညနေပိုင်းတွင် ဥာဏ်တော်အမြင့် (၁၆) ပေရှိသည့် သဲကျောက်ဖြင့် ပြုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်ကို ရွှေတိဂုံစေတီတော် တည်ရှိရာ သိင်္ဂုတ္တရကုန်းမြေတွင် အခမ်းအနားဖြင့် ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဗုဒ္ဓဘာသာဆိုင်ရာပြပွဲ၊ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ရှင်ပွဲတော်၊ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များအပြင် ဗုဒ္ဓ၏ ဘဝဇာတ်ကြောင်းတို့ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များက ပူးတွဲတင်ဆက်ကြမည် ဖြစ်ပါကြောင်း၊ ယခုညီလာခံနှင့် တင်ဆက်မှုများသည် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် များစွာအထောက် အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ဘီစီ(၆၀၀) တွင်ပေါ်ပေါက်ခဲ့သောဗုဒ္ဓ၏ အဆုံးအမများသည် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာဟူ၍ စတင်ထွန်းကားခဲ့ပါကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ၏ အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့ပြီး ယနေ့တိုင် လူသားတို့၏ ကိုးကွယ်ယုံကြည်ရာဟူ၍ တည်ရှိနေသေးပါကြောင်း။

ဗုဒ္ဓဘာသာသည် လူတို့၏ ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းကျောင်းပေး၍ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးတို့အတွက် များစွာ အထောက်အကူ ပြုခဲ့ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမတွင် သည်းခံခြင်း၊ မေတ္တာတရား၊ စာနာစိတ်နှင့် အနတ္တတို့ကို ဖော်ဆောင်ပါကြောင်း၊ လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သိပ္ပံနှင့်နည်းပညာတို့က ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သော်လည်း လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဗုဒ္ဓ၏အဆုံးအမ များကသာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ဗုဒ္ဓဟောကြားခဲ့သော ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆုံးမစကားများသည်သာ အမှန်တကယ်ပင် အနှိုင်းမဲ့သော ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ဖြစ်ပါကြောင်း။
       
ယခုကဲ့သို့ ဗုဒ္ဓ၏ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ကျင်းပသည့် ညီလာခံသည် ငြိမ်းချမ်းမှု၊ ညီညွတ်မှု၊ ကြွယ်ဝမှုနှင့် ကျက်သရေမင်္ဂလာတို့ကို သာမက ယဉ်ကျေးမှု တန်ဖိုးများနှင့် လိုက်နာရန် စည်းမျဉ်းများကိုပါ ချမှတ်ပေးမည်ဖြစ်ပါကြောင်း၊ ဗုဒ္ဓမွေးဖွားရာနှင့် ဗုဒ္ဓဘာသာ စတင်ပြန့်ပွားရာအိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓဘာသာကို မူရင်းအတိုင်းအသန့်ရှင်းဆုံး ထိန်းသိမ်းကျင့်သုံးသည့် မြန်မာနိုင်ငံတို့ ပူးတွဲကျင်းပသော ဤညီလာခံသည် ဗုဒ္ဓပွင့်တော်မူရာ (၂၆၀၀) ပြည့်မြောက် အထိမ်းအမှတ်ပွဲကို ကြိုဆို ကျင်းပခြင်းလည်း ဖြစ်ပါကြောင်း။
       
နိဂုံးချုပ် အနေဖြင့် အတုမရှိဗုဒ္ဓ၏ တရားတော်များသည် နေနဲ့လကဲ့သို့ ကြာရှည်စွာ တည်မြဲနေစေပါကြောင်းနှင့် ကမ္ဘာတစ်ဝန်း ပြန့်ပွားစေရန် မိမိဆုတောင်း ပါကြောင်းဖြင့် လျှောက်ထားသည်။

ဆက်လက်၍ အိန္ဒိယသမ္မနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Mr. Salman Khurshid က အမှာစကား ပြောကြားသည်။

ထို့်နောက် နိုင်ငံတကာစာတမ်းဖတ်ပွဲ ကျင်းပရေးဗဟိုကော်မတီပူးတွဲဥက္ကဋ္ဌ သီတဂူ ကမ္ဘာ့ဗုဒ္ဓ သာသနာပြုတက္ကသိုလ် အဓိပတိအဂ္ဂမဟာပဏ္ဍိတဒေါက်တာဘဒ္ဒ န္တဥာဏိဿရ က အခမ်းအနားဖွင့်စကား  မြွက်ကြားတော်မူသည်။

ဆက်လက်၍ မြန်မာသမိုင်းကော်မရှင်အဖွဲ့ဝင် ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာခင်မောင်ညွန့်က  သော့ချက် စကားပြောကြားပြီး နိုင်ငံတကာ စာတမ်းဖတ်ပွဲ ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာမျိုးမြင့်က စာတမ်းဖတ်ပွဲ ကျင်းပရေး ဆောင်ရွက်ချက်များကို ရှင်းလင်း လျှောက်ထား တင်ပြသည်။

ထို့နောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရက ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ပနိုင်ငံများမှ ဆရာတော်များနှင့် ဧည့်သည်တော်များအား စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်များက ဓမ္မ လက်ဆောင် ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းအား အိန္ဒိယသမ္မနိုင်ငံ Nava Nalanda Mahavihara မှ ညွှန်ကြားရေးမှူး Dr. R. Panth က တက္ကသိုလ် အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ဆက်လက်၍ သီတဂူဆရာတော်အား စာရေးဆရာတက္ကသိုလ်သျှင်သီရိက ဓမ္မစာအုပ်များ လှူဒါန်းပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် သီတဂှူဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များ၊ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် စာတမ်းဖတ်ပွဲ ကျင်းပပြီး အဆိုပါ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ (၁၇) ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

From : သမ္မတရုံး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ