ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 December 2012

၆၂ ဒေါ်လာတန် Facebook ဖုန်းများကို Nokia မိတ်ဆက်



၆၂ ဒေါ်လာတန် Facebook ဖုန်းများကို Nokia မိတ်ဆက်ဖင်လန်နိုင်ငံ အခြေစိုက် Nokia ဖုန်း ကုမ္ပဏီသည် Facebook အသုံးပြုရန် သီးခြား ခလုတ် ပါဝင်သည့် Nokia Asha 205 နှင့် Asha 206 စမတ်ဖုန်း တို့ကို ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။
သီးခြားအနေဖြင့် Facebook ခလုတ်အား ထည့်သွင်းထားခြင်းမှာ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် လူမှုကွန်ရက်အား အသုံးပြုနိုင်သည့် ဝန်ဆောင်မှုကို ပေးချင်သည့်အတွက်ကြောင့်ဟု သိရပြီး ဈေးနှုန်းကို မျှတအောင် စီစဉ်ထားကြောင်းလည်း သိရသည်။ Nokia မှ ပြောရေးဆိုခွင့်ရှိသူက “ဒီဖုန်းမှာ ထူးခြားချက်မှာ Facebook ခလုတ်ပါဝင်ကာ ချည်းပဲ မဟုတ်ပါဘူး။ Slam လို့ ခေါ်တဲ့ Feature တစ်ခုကိုလည်း ထည့်ပေးထားပါတယ်။
ဒါကတော့ ဓာတ်ပုံတစ်ပုံကိုရိုက်ပြီး Send ခလုတ်ကို ရွေးချယ်ပြီးနောက် Slam ဆိုတဲ့ List ထဲကနေ အနီးစပ်ဆုံး Bluetooth အထောက်အပံ့ ပစ္စည်းတွေကို ရှာဖွေနိုင်တာပါပဲ” ဟု ဆိုသည်။
မျက်နှာပြင် ၂ ဒသမ ၄လက်မ ရှိပြီး Querty Keyboard ပါဝင်သည့် အဆိုပါ စမတ်ဖုန်းများသည် လူမှုကွန်ရက်အသုံးပြုရန် မျက်နှာပြင် ကျဉ်းလွန်းကြောင်း သုံးသပ်နေကြသော်လည်း အချက်အလက် သိမ်းဆည်းနိုင်မှု 32 GB ပါဝင်ပြီး ဘက်ထရီသက်တမ်း ၁၁နာရီကြာ အသုံးပြုနိုင်ခြင်းမှာ ထူးခြားမှုဖြစ်သည်ဟု ဆိုသည်။
အနက်ရောင်နှင့် ပန်းရောင်နှစ်မျိုး ထုတ်လုပ်ထားခြင်းဖြစ်ပြီး နှစ်မကုန်ခင်ဈေးကွက်တင်သွားမည်ဖြစ်ကာ ၆၂ ဒေါ်လာဖြင့် ရောင်းဈေးသတ်မှတ်သွားရန် စီစဉ်နေသည်ဟုလည်း သိရသည်။




From : it times

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ