ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

31 December 2012

၂၂၈ နှစ်ပြည့် ရခိုင့်ဘုရင်နိုင်ငံကျဆုံးခြင်းမှ လွတ်မြောက်ရာသို့

တော်ဝင်အမျိုး စဉ်လာချိုးလို့
ဥသြရီသောက် ပြာသိုလဆုတ် ၇-ရက်မှာ
ထီးနန်းပျက်လီ ရခိုင်မြီ
အသက်ကြီးလာ ကျွန်သံသရာ
လည်ပတ်လာစော် အဂုကျရောက်
အေနိ့ရက်က ၂၂၈ နှစ် ရှိလတ်ယာ။
ထို့ကြောင်းတရား  ငါရို့ကြားမှာ
တစိမ့်စိမ့်ဝင် မမိနိုင်ပင်
ဖိုးဘောင် မိဖ ညီအစ်ကိုတိ
တကွဲတပြား ရပ်ဝီးတပါး
ကစိုင်ကလျား ရောက်ခရရေ

ထိုနိ့ရက်က ရလတ်ချေ။
တောတောင်ကိုကျော် ပင်လယ်ဖြတ်လို့
ခက်ခဲမှုတိ ဒဏ်ရာတိနန့်
ရည်မှန်းချက် တခုအတွက်
ဝီးရပ်တပြည် ရောက်လတ်တေ…။
ခရီးလမ်းမှာ မတွေးရဲစရာ
အဖြစ်ဆိုးတိ ကြုံခရလို့
အေရည်မှန်းချက် ခံယူချက်က
 ပိုလို့ခိုင်မာ မြဲလတ်တေ…။
သီကေမြေကြီး ရှင်ကေရွှီထီး
ခရီးလည်းတစ ရောက်လတ်ယာ
အသိတရားကို စွဲပြု
မကောင်းမှုရှောင် ကောင်းမှုဆောင်လို့
ရည်မှန်းခရီး အရောက်လားမေ…။
ငါလားခရီး အေလမ်းကြီးသည်
အများသို့ရွယ် မျိုးလွတ်မြောက်ရာ
မနိုင်တစ်ယောက်တည်း ၀ိုင်းဝန်းတွဲမှ
အထမြှောက်အောင်မြင် သမိုင်းထင်မေ
စိတ်တူသဘောတူ အမြင်တူရို့
မခွဲလက်တွဲ အောင်ပွဲရအောင်
အပြောနန့်မပြီး စုစည်းပြီးကေ
ပြည်ပြီးဒုက္ခ အဆုံးသတ်ကတ်မေ…။
မျိုးစောင့်တရား လက်ကိုင်ထားလို့
နီရာ၊ဒေသ ကွဲပြားပါစီ
ရခိုင်ပြည်သည် ရခိုင်ပိုင်ဖြစ်သည်။
သမိုင်းမပျောက် အေမျက်မှောက်မှာ
ဇာတိမျိုးနွယ် စိတ်ဆက်နွယ်လို့
ဆွဲလက်နှုတ်ဆက် နက်နဲပြုံးနန့်
သူငါယုံကြည် ရခိုင်ပြည်အတွက်
နိုင်ရာတာဝန် ကိုယ်စီယူလို့
မခွဲလက်တွဲ ပုံစံကွဲတိ
အမျိုးသားရေး ရှေးရေးတွေးကေ
ငါဆိုငါဟု အမြင်တုကို
အသိနန့်ယဉ် အပြုဆောင်လို့
သူ့ကြောင့်ငါ့ကြောင့် ပြစ်ပုံကြောင်းပြ
စိတ်ဆောင်မှုကို ၀ီးစွာရှောင်မှ
ငါသည်ရခိုင် များရခိုင်နန့်
ရခိုင်ပြည်တွက် တစွန်းတစ
တက်ကျွန်းနိန်ရာ မခိုကပ်ဘဲ
အလေးထားလို့ ပေါင်းစည်းပါမှ
တော်ရာကျမေ ရခိုင်မျိုးရို့။
ယင်းသို့ပေါင်းစည်း ခရီးဝီးမှာ
ငါတက်ငါသိ ငါရှိငါတော်
ဖြစ်ခပါကေ့ မကြာပျက်ပြား
မျိုးရိုးကြားမှာ မလိုသူရယ်
ပျက်ရယ်ပြုလို့ လိုရာခရီး
လားယင်းပျောက်လို့ ရှေးခေတ်မျိုးဂုဏ်
ညစ်ထင်းမှောင်ဖုံး လူဖြစ်ဆုံးလို့
အဖိုး အဖီး သမိုင်းကြွီးနန့်
မြင့်မြတ်စိတ်ထား ရခိုင်ဖွားလို့
သမိုင်းရပ်မှန် ငါရို့တိကြောင့်
အားလုံးပျောက်ကွယ် ရလိမ့်မေ။
ယင်းတွက်အခု မျိုးနွယ်တူရို့
မျိုးချစ်စကား ပြောဖို့အစား
သူငါရခိုင် ရောက်တေနီရာ
မတူညီကတ် စိတ်တခုတွက်
ကွဲပြားဖယ်ထား သဘောထားကို
ပြုသဘောဆောင် လက်တွဲခေါ်လို့
အတ္တာဖုံးခွာ ညီညာစွာနန့်
မဖြစ်မနိန် လိုအပ်သည့်အရာ
အဖြေရှာယင်း
သူတနိုင် ကိုယ်တနိုင်
နိုင်ရာခွဲယူ ဘုံရပ်စုလို့…..။
ကျွန်ချင်းတူတူ ငါသိငါတက်
သူမတက်လို့ မာနပြိုင်ကေ
သခင်အားရ ကျွန်သက်ရှည်ကြာ
ရောက်တေနီရာ မညီမညာ
မျိုးဆက်သစ်တွက် လမ်းပြချက်တိ
လွဲမှားလာကေ ပြုပြင်ခက်လို့
အမျိုးဘာသာ ယဉ်ကျေးမှုနန့်
အစဉ်လာတိ ပျောက်လာမေ။
အချိန်ရှိခိုက် လုံ့လစိုက်ချိန်
မြတ်သည့်အမျိုး စိတ်ထဲးပျိုးလို့
ရောက်တေအရပ် တွိဆုံရပ်တည်
မျိုးဆက်နွယ်တွက် အမြင်မစောင်း
ခေတ်ပြန်မဆွဲ တွေးခေါ်ကြံဆ
ကောင်းရေနာဂါတ် စိန်ခေါ်သံကြား
ကျွန်သက်နှစ်ရှည် အဆုံးသတ်ဖို့
မတူသူတိ ပေါင်းစုမှုက
တဖန်ခွဲဝေ ညီညာစွာနန့်
နိုင်ရာတာဝန် အသိထားလို့
အများအတွက် စိတ်ကခံယူ
လက်တွဲကူလို့ ရှေးဆက်ဖို့
ပြောလိုက်ပါရေ မြင့်မြတ်သူနွယ်
ရခိုင်အပေါင်း နားလည်ပါစီ။



 
Posted by ဇော်နိုင်မောင်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ