ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

31 December 2012

ဆယ်စု ၂၄ ခါ မပြည့်စီချင်ပါ

ပြည်ကိုကျူးကျော်
မျိုးကိုကျွန်ပြု
ဘာသာကို စော်ကား
လူကိုအလေးမထား
သမိုင်းကိုဖျောက်
စဉ်လာကို ချိုးဖေါက်
အသွင်မတူသူတိ လုပ်ရပ်တိကြား
ရင်တမော့မော့
ခေါင်းငုံ့ခံကတ်ယင်း

လူဖြစ်ရှုံး ကျွန်ပုန်းဘ၀နန့်
နီရာအနှံ့ လမ်းဟြှာလို့
ရောက်လာနိန်ကတ်စွာလည်း
ဆယ်စု ၂၃ ခါ ရောက်လတ်ယာ...။
ကျွန်သက် ၂၀၀ ကျော်
ဝမ်းနည်းမှုတိ ကြေကွဲမှုတိ
ရင်ထဲမှာမဆန့် ပြောမထွက်နိုင်အောင်
ရင်မှာဆို့လို့ လွတ်မြောက်ရေးလမ်းပျောက်
မိုင်ထောင်သောင်း ခရီးကိုတောင်
လမ်းဟြှာရောက်ဟိ့
ဘသာခြား လူမျိုးကွဲတိကြား
ကြည်ဖြူစွာပေါင်းဖက်
တိုးတတ်ဖို့ရာလမ်း
တူညီစွာ ဟြှာနိုင်ကေလေ့
ဇာအတွက် ဇာအကြောင်းကြောင့်
အရာရာတူညီ
မကွဲပြားလိုချင်အား
လွတ်လပ်တေ လူသား
ရခိုင်ဆိုကေ ရခိုင်ကိုချစ်
ရခိုင်ပြည်ကို မြတ်နိုးကတ်တေ နှုတ်ဖျား
လက်တွိမှာ မပေါင်းစည်းနိုင်ကတ်ရစွာ
စဉ်းစားမရ အို ရက္ခိတ..။
 သူငါစိတ်မှာ ယုံကြည်စွာနန့်
မျိုးတွက်ပြည်တွက် လက်ချင်းဆက်လို့
လိုလားမှုကို တောင်းဆို
ပျောက်ဆုံးမှုကို ပြန်ဟြှာ
ကျွန်ဘ၀ကို ရုန်းထွက်                
သမိုင်းကြွီးကို ဆီးကြော
အောင်မြင်လွတ်မြောက်မှုအတွက်
ဆယ်စု ၂၄ ခါ မဖြစ်ချင်ပါယာ..။


 
Posted by ဇော်နိုင်မောင်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ