ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 December 2012

ကျေးရွာပေါင်း ငါးထောင်ကျော်တွင် မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ပြီးဖြစ်




ကျေးရွာပေါင်း ငါးထောင်ကျော်တွင် မိုဘိုင်းတယ်လီဖုန်း လေးသိန်းငါးသောင်းခန့် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ၅ ထောင်ကျော်ရှိ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်းငါးသောင်းခန့်ကို တပ်ဆင်ပေးခဲ့ပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် အသင်းအချက်အလက် နည်းပညာဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းက ပြောကြားသည်။ လက်ရှိ အချိန်တွင် တစ်နိုင်ငံလုံး မိုဘိုင်း ကွန်ရက် ဖြန့်ကြက်နိုင်မှုသည် ၈၀ ရာခိုင်နှုန်းသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် အောက်တိုဘာ လမှ စတင် တပ်ဆင်ပေးခဲ့ရာ အိမ်ခြေပေါင်း နှစ်သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်း ၅ သိန်းကျော် လွှမ်းခြုံနိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ထိုသို့ လျှော့ချနိုင်ရန်အတွက် တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း ကျဆင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကလည်း ပါဝင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။


From :ခေတ်လူငယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ