ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

28 December 2012

OIC အဖွဲ့ဝင် ဘင်္ဂလာဒေခ်ျ့နှင့် တူရကီ နိုင်ငံ အကြားတွင် သံတမန်ရေးဆိုင်ရာ အငြင်းပွားမူ ပေါ်ပေါက်


အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ အဖွဲ့ဝင် နိုင်ငံ (၂) ခုဖြစ်သော ဘင်္ဂလာဒေခ်ျ့နှင့် တူရကီ နိုင်ငံအကြားတွင် သံတမန်ရေး ဆိုင်ရာ အငြင်းပွားမူ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေသည်။
Bangladesh--Turkey-flag
ထိုကဲ့သို့ အငြင်းပွားမူ ပေါ်ပေါက်နေခြင်းကို ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာ အများအပြားတွင် ရေးသားဖေါ်ပြကြပြီး နိုင်ငံ၏ အဓိက သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star သတင်းစာတွင် “Tension with Turkey” ခေါင်းစည်းဖြင့် မျက်နာဖုံးတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ အငြင်းပွားမူမှာ တူရကီ သမ္မတ Abdullah Gul က ဘင်္ဂလာဒေခ်ျ့ရှိ နိုင်ငံတကာ တရား ခုံရုံးတွင် စွဲချက် တင်ခံထားရသော ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ကာလအတွင်း စစ်ရာဇ၀တ်မူများကို ကျူးလွန်ခဲ့သူများဟု စွပ်စွဲခံထားရသူ ဂေါ်လာအာဇန် နှင့် တစ်ခြား ခေါင်းဆောင်များကို သနားဂရုထားကာ လွတ်ပေးရန် ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရာဟမန် ဆီကို စာရေး တောင်းခံရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
တူရကီ သမ္မတ၏ စာထဲတွင် စစ်ရာဇ၀တ်မူ ကျူးလွန်သူများ အဖြစ် စွပ်စွဲခံထားရသူ ဂေါ်လာအာဇန် အပါအ၀င် ဂျာမတ် အစ္စလာမ်မီယာ ခေါင်းဆောင် အများစုမှာ အသက်အရွယ် ကြီးရင့်နေသူများ ဖြစ်ကြသဖြင့် တရားရုံးတွင် မရပ်နိုင်တော့သော အခြေအနေ ဖြစ်နေ၍ တိုင်းပြည်၏ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး အပြစ်မှ ခွင့်လွှတ်ပေးရန် ဖေါ်ပြထားသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ဖေါ် ပြောကြားချက်အရ အဆိုပါ တူရကီ သမ္မတ၏ စာအား ယခုလ ၂၃ ရက်နေ့က ရေးသား ပေးပို့ခဲ့ပြီး အဆိုပါ စာရေး တောင်းဆိုမူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မူ သက်သက်သာ ဖြစ်ကြောင်း ပြောဆိုသည်။
တူရကီ သမ္မတ၏ စာရေးသား တောင်းဆိုမူအား ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် အံ့အား သင့်ရကြောင်းနှင့် တူရကီ သမ္မတ၏ စာအား ပြန်လည် အကြောင်းပြန်ရန်  အတွက် နေမကောင်း ဖြစ်နေသော ဘင်္ဂလာဒေခ်ျ့  သမ္မတ ကျန်းမာရေးကောင်းမွန်ရန် ဘင်္ဂလာဒေခ်ျ့ဘက်က စောင့်ဆိုင်းနေခဲ့သည်ဟု ဆိုသည်။
အဆိုပါ အချိန်အတွင်းတွင်  တူရကီနိုင်ငံမှ အဖွဲ့ဝင် ၁၄ ဦးပါ ၀င်သော အန်ဂျီအို အဖွဲ့ဝင်များသည် ဆိုက်ရောက် ဗီဇာကို အသုံးပြုပြီး  သူတို့၏ အဖွဲ့အစည်းနှင့် အမည် အချက်အလက်များကို ဖုံးကွယ်ကာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာခဲ့သည်ဟု ဆိုသည်။
ထိုသို့ ၀င်ရောက်လာသော တူရကီအန်ဂျီအို ၀န်ထမ်း ၁၄ ဦးမှာ CANSUYU AID  နှင့် Solidarity Association တို့မှ ဖြစ်ကြပြီး ဒီဇင်္ဘာလ ၂၀ နေ့မှ ၂၄ ရက်နေ့ထိ နေထိုင်ကာ မသင့်တော်သော မပြုလုပ်အပ်သော အလုပ်များကို လုပ်ကိုင် ဆောင်ရွက်သွားသည်ဟု ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ကိုးကားပြီး သတင်းက ဖေါ်ပြသည်။
၎င်းနောက်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ တူရကီ သံအမတ်ကြီး အား နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ ဆင့်ခေါ်ပြီး တူရကီ အန်ဂျီ ၀န်ထမ်း ၁၄ ဦး၏ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အကြောင်း မကြားဘဲ လျို့ဝှက် ၀င်ရောက်လာမူကို ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာ ယာယီ အတွင်းဝန် မူစတာဖါ ကမဲလ်မှ ဘင်္ဂလာဒေခ်ျ့ အစိုးရ၏ သဘောထားပါဝင်သော  သံတမန်ရေးဆိုင်ရာ စာတစ်စောင်အား တူရကီ သံအမတ်ကြီးကို ပေးအပ်ခဲ့ပြီး အဆိုပါ စာထဲတွင် တူရကီ သမ္မတ၏ စာအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် တူရကီ သမ္မတ၏ စာမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြ ပါရှိသည်ဟု ဆိုသည်။
ထိုသို့ အငြင်းပွားမူ ပေါ်ပေါက်ပြီး တဘက်နှင့် တဘက် သံတမန်ရေးအရ တင်းမာချိန်တွင်  ဒီဇင်္ဘာလ ၂၇ ရက် ယမန်နေ့က တူရကီ နိုင်ငံ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်ကို တူရကီ နိုင်ငံ အန်ကာရာ Ankara မြို့တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဂေါ်လာအာဇန် အပါအ၀င် လူပေါင်း ၁၀ နီးပါးကို လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ဖမ်းဆီးထားကာ နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုထားသည်။ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂလာဒေခ်ျ့  လွတ်လပ်ရေး တိုက်ပွဲ အတွင်း ပါကိစ္စတန် စစ်တပ်နှင့် ပူးပေါင်းကာ လူများကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု သူတို့အား အစိုးရမှ စွပ်စွဲထားပြီး အမူကို ကြားနာ စစ်ဆေးနေတုန်း ဖြစ်သည်။


narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ