ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

7 January 2013

လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊ မည်သည့် အကြောင်းနှင့်မဆို ဖျတ်သိမ်းရေး ဦးတည်မည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
အပါအဝင် အကြမ်းဖက်ဖြိုခွင်းမှုအတွက်
 နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်း
စစ်ဆေးရေး ကော်မရှင်သည်
ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ

တင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်းတွင်လည်း နိုင်ငံရပ်ခြား
ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွားရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှ
တစ်ဆင့် ကိုရီးယားသို့ ထပ်မံသွားရောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်းတောင် အတွက် စုံစမ်းရေးကော်မရှင်က အချိန်ပြည့်အလုပ်
လုပ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ အချိန်တွေမှာလည်း သွား
တဲ့အဖွဲ့တွေရှိပါတယ်။

ဇန်နဝါရီ လကုန်ခါနီး အမေစု ခရီးသွားမယ်။ မသွားခင်မှာဘဲ လက်ပံတောင်းတောင်
အရေးနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်”
ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဆက်လက်ပြီး လက်ပံတောင်းတောင်တွင် သပိတ်စခန်းများ ဖွင့်လှစ်ထား
မှုနှင့် ပက်သက်၍ “ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နစ်နာဆုံးရှုံး
မှုတွေ မရှိဘဲနဲ့ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ဘူး။

ဆန္ဒထုတ်ဖော်မှုတွေဟာ ကိုတော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။
 ဒါပေမယ့် ဆန္ဒထုတ်ဖော်တဲ့ အခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။

 ဆွေးနွေးညှိနှိုင်းမှု အဆင့်လာရဦးမယ်။ အဲဒီအခါ အားလုံးယုံကြည်တဲ့ ဒေါ်စုပါဝင်တဲ့
စုံစမ်းရေး ကော်မရှင်ရဲ့ ရလဒ်ကို စောင့်ကြည့်စေချင်တယ်” ဟုထပ်မံပြောကြားသည်။

ယမန့်နေ့ ညနေပိုင်းတွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်အတွက်သပိတ်
စခန်းဖွင့်လှစ်ထားသော တုံရွာတွင် အရေးပေါ် အစည်းအဝေးကြီးပြုလုပ်ခဲ့ကြောင်း
သိရပြီး အဆိုပါ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ မည်သို့ပင်
ဆုံးဖြတ်စေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းသွားရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဒေသံများထံမှ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပက်သက်၍ “ စုံစမ်း
စစ်ဆေးရေးကော်မရှင်က အစီရင်ခံစာမှာ ဒီမှာရှိတဲ့ ကျေးရွာတွေကိုလည်း
မဖျတ်ခိုင်းဖို့ရယ်။

လယ်မြေတွေ ဆုံးရှုံးခဲ့တဲ့ သူတွေအတွက်လဲ ငွေရေးကြေးရေး အနေနဲ့အကူအညီ
 ပြန်ပေးဖို့။နောက်ပြီး လက်ပံတောင်းမှလုပ်နေတဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန်ကြမ်းတွေ
ကို အရင်လုပ်ခဲ့တဲ့ စပါယ်တောင်မှာပြန်လုပ်ဖို့ စတဲ့ ဟာတွေ ပါဖို့ ဒီမှာရှိတဲ့
လူတွေက မျှော်လင့်ထားတယ်။

 ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်း ဖျတ်သိမ်း
ရေးကိုဘဲ အားလုံးက ဦးတည်ထားတယ်” ဟု မုံရွာမြို့တွင် လက်ပံတောင်း
တောင်အရေး ဆောင်ရွက်နေသော ဆရာတော်တစ်ပါးက မြန်မာ့ခေတ်သို့
မိန့်ကြားသည်။

The Myanmar Age

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ