ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
7 January 2013
စစ်ခွေးဟုခေါ်ဆိုနေကြသူများသို့----
တပ်မတော်သည် ဥုံဖွဟူ၍ မန်းမှုတ်
ပြီးပေါ်ပေါက်လာခြင်းမဟုတ်ပေ။
သခင်အောင်ဆန်းအပါအ၀င် ရဲဘော်သုံး
ကျိပ်တို့၏ ကြိုးပမ်းမှုမှသည် ယနေ့
တပ်မတော်ဟု ဖြစ်ပေါ်လာပေသည်။
တပ်မတော်သည် ၏ အဓိကတာဝန်မှာ နိုင်ငံတော်လုံခြုံရေးနှင့်ကာ
ကွယ်ရေးပင်ဖြစ်သည်။
 နိုင်ငံတော်လုံခြုံရေးအတွက် နှောင့်ယှက် လာသည့် မည်သည့်ကိစ္စမျိုးကို
မဆို သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ထိပါးလာလျှင် ကာကွယ်ရမည့်
တာဝန်ဖြစ်သည်။
တပ်မတော်သည် ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်နိုင်ငံတော်
ကို ထိန်းသိမ်းခဲ့ရသည်။  ယင်းသို့ ထိန်းသိမ်းခဲ့စဉ် ကာလအတွင်း တိုင်းပြည်တည်ငြိမ်
 အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
၁၉၆၂ ခုနှစ်တွင် တပ်မတော် အာဏာသိမ်းစဉ်က ၊ တော်လှန်ရေးကောင်စီ
အစိုးရနှင့်အတူ အုပ်ချုပ်သူလူတန်းစားများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် စစ်တပ်ထောက်လှမ်းရေးများကလဲ ခေါင်းထောင်လာသည်။
ယင်းသို့ခေါင်းထောင်လာခြင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်
တွင် အမျိုးသား ထောက်လှမ်းရေး(NIB) ဟုဖွဲ့စည်းပြီး ထိုအချိန်က မျက်
မှန်ကြီးဟုနာမည်ကြီးသော ဦးတင်ဦး(ယခု NLD နာယကကြီးမဟုတ်ပါ)ကို ထိန်းသိမ်းခဲ့မှုကြောင့် နိုင်ငံရေးလောကတွင် တပ်မတော်ထောက်လှမ်းရေးက
 နေရာဝင်ယူမှု ရပ်တန့်ခဲ့သည်။
ဦးတင်ဦးကို ထိန်းသိမ်းစဉ် စစ်ကြောရေးဆောင်ရွက်ခဲ့သူမှာ ဦးတင်ဦးကိုယ်တိုင်
 စိစစ်ရွေးချယ်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ညွန်ကြားရေး
မှူးချုပ် ဦးချမ်းသာဖြစ်သည်ဟု မှတ်သားခဲ့ရသည်။
 ထိုအချိန်က စတင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် (စစစ)သည် နာမည်ကြီးလာခဲ့သည်။
ထို့ပြင် အမျိုးသားထောက်လှမ်းရေး အကြီးအကဲသည် ပါတီဥက္ကဌဖြစ်သည့်အတွက် ပါတီကလူများသြဇာညောင်းခဲ့ပြန်သည်။
 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် အတော်များများသည် တပ်မတော်က
 ဖြစ်သော်လည်း ၊လမ်းစဉ်ပါတီ(မဆလ) ကသာ ဖုံးလွှမ်းခဲ့သဖြင့် တပ်မတော်၏
အခန်းကဏ္ဍသည် မသိသာခဲ့ပေ။
    ၁၉၈၈ ခုနှစ်တွင် တန်ဖိုးနည်းငွေစက္ကူများနဲ့ ပါတ်သက်ပြီး အစိုးရအပေါ်မကျေနပ်ချက်မှ စတင်ကာ နိုင်ငံအတွင်း မငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး အထွေအထွေ သပိတ်ကြီးပေါ်ပေါက်ခဲ့ရသည်။
ထိုအခါ တပ်မတော်က အာဏာအရပ်ရပ်ကိုလွှဲပြောင်းခဲ့ရသည်ဟု စကားလှအောင် ဘယ်လိုပင်ပြောပြော အာဏာသိမ်းခဲ့သည်။
 အာဏာသိမ်းမှုနှင့်အတူ တပ်မတော်ထောက်လှမ်းရေးသည် ခေါင်းထောင်လာခဲ့သည်။ နေရာ တိုင်းတွင် လုံခြုံရေးဆိုကာ ၀င်ရောက်စွက်ဖက်ခဲ့သည်။ ဥပဒေနှင့်ညီသည်မညီသည်ကိုမသိ။
 စိတ်ထင်ရာ လုပ်ခဲ့ကြသည်။ ထို့ပြင် သက်ဆိုင်ရာနယ်မြေတာဝန်ယူထားရသော တပ်ဖွဲ့/တပ်ရင်းများကလည်း လုံခြုံရေးကို အကြောင်းပြပြီး နယ်မြေအတွင်း ၀င်ရောက်ဗိုလ်ကျစိုးမိုးသည်။ မြို့နယ်အကြီးအကဲအဆင့်ကို တပ်မတော်က ခန့်အပ်ပြီး၊ ယခုမြို့နယ်အုပ်ချုပ်ရေးမှူးများကို အဖွဲ့ဝင်အဖြစ်တာဝန်ပေးခဲ့သည်။
ထို တပ်မတော်က တာဝန်ယူထားသူများက မြို့ကို တပ်လိုအုပ်ချုပ်သည်။ ဥပဒေပြင်ပကလုပ်သင့်တာလုပ်သည်။ မည်သည့်ဌာနမှ ၀င်ရောက်မပြောရဲကြ။
 တပ်မတော် ထောက်လှမ်းရေး ကဏ္ဍကလဲ၊ အမျိုးသားထောက်လှမ်းရေးတွင် အကြီးအကဲရာထူးတွင် ပါဝင်နေသောကြောင့် မြို့နယ် အဆင့်တွင် မည်သည့်ကိစ္စမဆို ၄င်းတို့ထံ တင်ပြကြရသည့် အပေါ်အခွင့်ကောင်းယူ၍ ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။
 နေရာတကာ ပြောင်ပြောင်တင်းတင်းပင် ဥပဒေမဲ့ဆောင်ရွက်ခဲ့ကြသည်။ ဥပမာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ဖြစ်လင့်ကစား တရားခံများအားခေါ်ယူစစ်ဆေးခြင်း၊ ပြန်လွှတ်ပေးခြင်း၊ ထောင်ကျနေစဉ် အတောအတွင်း ၄င်းတို့ထံတွင် နေထိုင်စေခြင်းတို့ကို ပြုလုပ်ခဲ့သည်။
အဆိုးဝါးဆုံးလုပ်ရပ်မှာ တရားသူကြီးများ၏ တရားစီရင်ရေးကို ၀င်ရောက်စွက်
ဖက်ခြင်းပင်ဖြစ်သည်။ ၄င်းတို့ စစ်ဆေးဖမ်းဆီးခဲ့သော အမှုများတွင် ထောင်ဒါဏ်
ချမှတ်ရန်အတွက် အမိန့်စာ ထွက်ရှိခြင်းပင်ဖြစ်သည်။ ထောင်မည်ရွှေ့မည်မျှ
ချမှတ်ရမည်ကို အမိန့်စာထုတ်ခြင်းဖြစ်သည်။
သတိပေးခြင်း ဝေးသီခေါင်လံသောဒေသများသို့ ပို့ဆောင်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း
များကို လုပ်ဆောင်ခဲ့သည်။
 ထို့ကြောင့်ဝန်းထမ်းတိုင်းက၄င်းတို့၏နေရာမြဲစေရေးအတွက် ထောက်လှမ်းရေး
က ပြောဆိုသည့်အတိုင်း ဆောင်ရွက်ခဲ့ရသည်။
ယင်းအတွက် ၂၀၀၄ ခုနှစ်၊ နှောင်းပိုင်းခန့်တွင် တပ်မတော်ထောက်လှမ်းရေး
အကြီးအကဲကို ထိန်းသိမ်းပြီး တစ်ဖွဲ့လုံးကို မြေလှန်ပြစ်ခဲ့သည်။ အမျိုးသားထောက်
လှမ်းရေးကို ဖျက်သိမ်းခဲ့သည်။
 တပ်မတော်ထောက်လှမ်းရေးကိုလည်းအမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ အဆင့်များ
ကိုလဲ နှိမ့်ချခဲ့သည်။ ယခင်ရုံးများတွင် မိသားစု အုပ်ချုပ်မှုကိစ္စများရောယှက်နိုင်
သဖြင့် မိသားစုခေါ်ဆောင် ခွင့်မပြုခဲ့။သို့သော် ကြာလာတော့လဲ ဒုံရင်းဒုံရင်းဖြစ်ခဲ့သည်။
 တဖြည်းဖြည်း အရင်ပုံစံအတိုင်းပြန်ဖြစ်လာသောကြောင့် တိုင်းစစ်ဌာနချုပ်များက
 ခေါ်ယူသတိပေးခြင်း များရှိလာပြန်သည်။ မည်သည့်ခေတ်ရောက်ရောက် အကြောက်ရဆုံးက ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များထက် သတင်းပေးများကို
 ကြောက်ရသည်။
    ၂၀၁၁ မတ်လ(၃၁)ရက်နောက်ပိုင်းတွင် လူမှန်နေရာမှန်ပြန်ဖြစ်လာကြသည်။ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်များ အသီးသီးလက်ဝယ်ပြန်ရောက်လာကြသည်။
 မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးကို ဥပဒေနှင့်အညီလုပ်ဆောင်လာသလို၊ တရားစီရင်ရေးတွင်လည်း မှန်ကန်ဖြောင့်မတ်စွာ စီရင်နိုင်ခွင့်ကို ပြန်လည်ရရှိလာသည်။
၁၉၈၈ မှ ၂၀၁၁ မတ်လ(၃၁)ကာလအတွင်း ပြည်သူများမုန်းတီးမှုသည် ပြန်လည်
သုံသပ်ကြည့်လျှင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရောက်ရှိနေကြသော တပ်မတော်
သားများမပါ၊ မြို့ပေါ်ရှိ အုပ်ချုပ်သူလူတန်းစားနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခဲ့သော တပ်မတော်သားများသာလျှင်ဖြစ်သည်။
အချို့နေရာများတွင် မှန်မှန်ကန်ကန်သတင်းပေးပို့ခြင်းမပြု ၊ သတင်းထိန်ချန်မှုများရှိခဲ့သည်။ သတင်းမှန်ပေးသူများကို တစ်နည်းနည်း ဖြင့်ရှင်းထုတ်သည်။ နှိပ်စက်သည်။ နလံမထူအောင်လုပ်သည်။ ထိုသူများကိုသာမုန်းရ မည်ဖြစ်ပြီး။
အမှန်တကယ် တိုင်းပြည်အတွက်ဆောင်ရွက်နေရသူများကိုတော့ဂုဏ်ပြုရမည်
သာဖြစ်ပါသည်။
 ထို့ကြောင့် တင်ပြလိုသည်မှာ အားလုံးကို သိမ်းကြုံးပြီးစစ်ခွေးများဟု ဆိုခြင်းထက်
 မဟုတ်မမှန်တာ လုပ်ဆောင်နေကြသော စုန်းပြူးများကို တိုက်ထုတ်ကြပါစို့ဟု တိုက်တွန်းရင်း နိုင်ငံတော်ကြီး ဖွံဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း
လိုက်ရပါသည်။
                                    စနေမင်းသား
                                တော်ဝင်မီဒီယာဂရု
No comments:
Post a Comment
facebook မှကြည့် ချင်ရင် like လုပ်ပါ