ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 January 2013

Myanmar Hacker Evolution






ကျွန်တော်ကတော့ နည်းပညာသမားဖြစ်ပေမဲ့ Hacking နဲ့ပါတ်သတ်ရင်ဘာမှမသိသေးပါဘူး
တော်၂လေးတော့ စိတ်ဝင်စားတယ် ၊ ဒါကြောင့်လဲ ဟိုမွှေဒီမွှေနဲ့ အရမ်းကြိုက်တာလေးတွေ
ကိုယ့်ဆိုဒ်မှာ ကိုယ်ပြန်တင်ချင်လာတယ် ၊ ဒီပိုစ့်လေးကတော့ GhostArea ရဲ့ပိုစ့်လေးပါ 
ရေးထားတာနည်းနည်းကြာခဲ့ပေမဲ့ ဗဟုသုတရစေပါတယ် 

=======

Myanmar Hacker Evolution


Myanmar Hacker ဆိုတာနဲ့ပတ်သတ်ရင် တော်တော်များများက Blink Hacker Group ကိုပဲ ပြေးမြင်ကြတယ် ဟုတ်ပါတယ်
 Blink Hacker Group ကို ဘယ်လိုပဲ မြင်မြင်သူတို့ရဲ့လုပ်ရပ်တွေ ဟာ ဘာတွေပဲဖြစ်ဖြစ် 
သူတို့ဟာ Myanmar Hacker Evolution ( မြန်မာ ဟက်ကာ အုံကြွမှု ) အပေါ် အတော်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာပဲ.။

တကယ်တော့ BHG မပေါ်ခင်ကတည်းက မြန်မာ ဟက်ကာတွေရှိခဲ့တာပဲ ။ 

Planet Creator တို့ YEHG ( YGN Ethical Hacker Group ) တို့ လို Hacker Group တွေလည်း ရှိခဲ့တာပဲ ။

   

 ပြီးတော့ YEHG ကို DDos တိုက်လို့ ပြဿနာတွေ တက်ကုန်တာမျိုးလို Hacker တိုက်ပွဲတွေလည်း ရှိခဲ့ဖူးတာပဲ ။ MMSO လို Hacker Forum သီးသန့် မဟုတ်သော်လည်း Hacking & Security Forum တွေရှိခဲ့တာပဲ ။ 
မဇ္ဈိမ ကို DDos တိုက်ခဲ့ပြီး Cyber War အသွင် လုပ်တာလည်း ရှိခဲ့ဖူးတာပဲ ။ 

ဒီအထိ Hacker Evolution ( ဟက်ကာ အုံကြွမှု ) ဆိုတာမျိုးဖြစ်မလာသေးဘူး ။

၂၀၁၂ Anonymous , Wikileaks , lulz တို့ကျေးဇူးနဲ့ ကမ္ဘာလုံးဆိုင်ရာ Hacker အုံကြွမှုကြီးက မြန်မာနိုင်ငံကို ရိုက်ခတ်လာတယ်လို့ပဲ ပြောရမလား . ?? 

Blink Hacker Group ဆိုပြီး အဖွဲ့အစည်း တစ်ခု ပေါ်လာတယ် ။ 

စလာတုန်းကတော့ စစ်အစိုးရနဲ့ပတ်သတ်တဲ့ မီဒီယာ တွေကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်လူငယ် Website ကို စတင် တိုက်ခိုက်ခဲ့တယ် ။ 

YTP ကို DDos နဲ့ တိုက်ခိုက်တယ်လို့ ကြေညာခဲ့တယ် ။ 

ဒီမှာပဲ နည်းပညာသမားတော်တော်များများအပြင် နိုင်ငံရေးသမားတွေ အခြား နည်းပညာ နယ်က မဟုတ်တဲ့လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ် ။ 

နည်းပညာနယ်ပယ်ရဲ့ အပြင်ဘက်က လူတွေရဲ့ ဦးနှောက်ထဲမှာ မြန်မာဟက်ကာ ဆိုတဲ့ အတွေးအခေါ်တစ်ခုကို ထည့်ပေးခဲ့တယ် ။

BHG စတင်တည်ထောင်ပြီး 1st Generation အဆုံးသတ်ခါနီးမှာ Myanmar Hacker Forum တစ်ခု တည်ထောင်ဖို့ကြိုးစားကြတယ် ။ 

ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်  အဲ့ဒီ့ဖိုရမ် ပြီးဆုံးမသွားဘူး ။ 

ဒီတော့ ပထမဆုံး မြန်မာ ဟက်ကာ ဖိုရမ်ကို  ပြောဆိုရင် အဲ့ဒီ့ ဖိုရမ်ကို ပြရလိမ့်မယ်  အောင်မြင်တာမအောင်မြင်တာကတစ်ကြောင်းပေါ့ ။




BHG  1st Generation က Myanmar Website တွေကို စတင်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Myanmar Hacker University ဆိုပြီး wall.fm အခြေစိုက် ဆိုဒ်တစ်ခု ထွက်လာပါတယ် ။ 

BHG ထက်စာရင် သူတို့က ပိုပြီး Open ဖြစ်ပါတယ် ။ 

သို့သော်လည်း   ပညာအဆင့်အတန်းမှာတော့ နိမ့်ကျပါသေးတယ် ။ အားရစရာကောင်းတာတစ်ခုကတော့  စည်းလုံးမှုပါပဲ ။ သူတို့ အလွန်စည်းလုံးပါတယ် ။ ကျွန်တော့်အမြင်မှာ  ရိုင်းပင်းတယ် လို့ မြင်တယ် ။ နောက်ပိုင်း သူတို့ Myanmar Hacker Forums ဆိုပြီ Hack Forums တစ်ခု တည်ထောင်လိုက်ပါတယ် ။ 

ပထမဆုံး မဟုတ်သော်လည်း Active အဖြစ်ဆုံး အကြီးမားဆုံး ဖိုရမ်လို့ ပြောရပါလိမ့်မယ် ။


ဒီလိုနဲ့  BHG 1st Generation ပျက်စီးသွားပါတယ် ။ သူတို့ အဖွဲ့ဖျက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ  Myanmar Cyber Army ဆိုတာ ပေါ်လာပြီး Myanmar Website တွေကို တိုက်ခိုက်ပြန်တယ် ။ဒါ နည်းနည်းတော့ တိုက်ဆိုင်မှုက ကြီးမားသလို  ခံစားရပါတယ် :-P





သိပ်မကြာပါဘူး  Blink Hacker Group ကပဲ 2nd Generation အဖြစ် လုံခြုံရေးအရ အားနည်းသော မည်သည့် Website ကိုမဆို တိုက်ခိုက်မယ်ဆိုပြီး ပြန်လည် ထွက်ရှိလာပါတယ် ။ ဒီအချိန် Myanmar Hacker Uniteam ဟာ လူသိများခြင်းမရှိသေးပါဘူး ။ ဒီအချိန်မှာ Operation BD ဆိုတဲ့ Operation တစ်ခု Myanmar Uniteam က စတင်ခဲ့ပါတယ် ။ Myanmar Hacker Uniteam က လူတွေ BD Website တွေကို တိုက်ခိုက်နေချိန်မှာ BHG ဟာ Myanmar Website တစ်ခုကို တိုက်ခိုက်ပြီး BD Hacker တွေကို Greetz လုပ်ခဲ့လို့ အညိုငြင်ခံခဲ့ရပါသေးတယ် ။

ရိုဟင်ဂျာကိစ္စမှာတော့  Myanmar Hacker Uniteam , BHG အပါအ၀င် မြန်မာဟက်ကာအရေးလှုပ်ရှားသူတော်တော်များများ စုစည်းမိလာပါတယ် ။  ဘင်္ဂလားဒေ့ရှ် Website တွေကို တိုက်ခိုက်ရင်း ဆန္ဒပြုကြပါတယ် ။ အခြား နည်းပညာသမားတွေအပြင်  နည်းပညာအပြင်ဘက်ကလူတွေပါ Hacking နဲ့ပတ်သတ်တဲ့ Information တွေ Source တွေကို မြန်မာလိုသော်လည်းကောင်း မျှဝေခြင်းများဖြင့်  လွယ်လွယ်ကူကူရရှိလာပါတယ် ။ 

ဥပမာ DDos လိုဟာမျိုးပေါ့ အတိအကျ အသေအချာတွေမသိသော်လည်း DDos ကို ခြုံသိလာတယ် DDos Tool တွေအကြောင်းသိလာတယ် ။ 

 Myanmar Cyber Army ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Hacktivist တော်တော်များများ စုဝင်လာတယ် ။
ဒီတော့ ခြုံကြည့်ရင် BHG ဟာ နည်းပညာ သမားတွေအပါအ၀င် နည်းပညာနယ်ပယ်အပြင်ဘက်ကလူတော်တော်များများရဲ့ ခေါင်းထဲကို မြန်မာဟက်ကာဆိုတဲ့ စကားလုံးရိုက်သွင်းပေးနိုင်ခဲ့ပြီး MM Hack Forums ကတော့ ပညာတွေမျှဝေတဲ့နေရာမှာ အဓိကကျလာပါတယ် :)

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ