ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 February 2013

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး      Created on Saturday, 23 February 2013 15:47   ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကို တိုက်မိပြီး တိမ်မှောက်မီးလောင်မှု ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း မောင်းနှင်လာသော ကျောက်မှုန့်တင် ကွန်တိန်နာယာဉ်မှာ တပ်ကွင်းကားဘော်ဒီရုံအရောက် လိုက်ထရပ်ကားကို တိုက်မိပြီး ထိုမှတစ်ဆင့်  ရပ်ထားသော မေတ္တာလှိုင်း ဘတ်(စ်)ကားယာဉ်ကို ထပ်ဆင့်တိုက်မိကာ တိမ်းမှောက်မီးလောင်သွားခဲ့ကြောင်း မျက်မြင်တို့က ဆိုသည်။  အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အနီးရှိ တပ်ကွင်းကားဘော်ဒီရုံးမှ ကိုကြည်ဝင်းက "ကွန်တိန်နာယာဉ်က လိုက်ထရပ်စ်ယာဉ်ကို တိုက်မိပြီး နောက်ထပ်ဘေးမှာ ရပ်ထားတဲ့ မေတ္တာလှိုင်းယာဉ်ကိုပါ ထပ်တိုက်ပြီး တိမ်းမှောက်သွားတယ်။ သိပ်မကြာဘူး၊ မီးလောင်မှု ဖြစ်သွားခဲ့တာပါ" ပြောသည်။  အဆိုပါယာဉ်တိုက်မှုတွင် ကွန်တင်နာယာဉ်နှင့်အတူ မေတ္တာလှိုင်းယာဉ်တို့ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းသွားပြီး အခြားယာဉ်မှာလည်း အတော်ပျက်စီးသွားကြောင်း မျက်မြင်တို့က ပြောသည်။  အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်စ်ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ကွန်တင်နာယာဉ်မောင်းနှင့် အခြားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။  တပ်ကွင်းကားဘော်ဒီရုံရှေ့ရှိ တိမ်းမှောက် မီးလောင်ကျွမ်းနေသော ယာဉ်များကို တွေ့ရစဉ်   အေးချမ်းမွန်မှ http://www.news-eleven.com တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကိုတိုက်မိပြီးတိမ်မှောက်မီးလောင်မှု ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း မောင်းနှင်လာသော ကျောက်မှုန့်တင် ကွန်တိန်နာယာဉ်မှာ တပ်ကွင်းကားဘော်ဒီရုံအရောက် လိုက်ထရပ်ကားကို တိုက်မိပြီး ထိုမှတစ်ဆင့် ရပ်ထားသော မေတ္တာလှိုင်း ဘတ်(စ်)ကားယာဉ်ကို ထပ်ဆင့်တိုက်မိကာ တိမ်းမှောက်မီးလောင်သွားခဲ့ကြောင်း မျက်မြင်တို့က ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အနီးရှိ တပ်ကွင်းကားဘော်ဒီရုံးမှ ကိုကြည်ဝင်းက "ကွန်တိန်နာယာဉ်က လိုက်ထရပ်စ်ယာဉ်ကို တိုက်မိပြီး နောက်ထပ်ဘေးမှာ ရပ်ထားတဲ့ မေတ္တာလှိုင်းယာဉ်ကိုပါ ထပ်တိုက်ပြီး တိမ်းမှောက်သွားတယ်။ သိပ်မကြာဘူး၊ မီးလောင်မှု ဖြစ်သွားခဲ့တာပါ" ပြောသည်။

အဆိုပါယာဉ်တိုက်မှုတွင် ကွန်တင်နာယာဉ်နှင့်အတူ မေတ္တာလှိုင်းယာဉ်တို့ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းသွားပြီး အခြားယာဉ်မှာလည်း အတော်ပျက်စီးသွားကြောင်း မျက်မြင်တို့က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်စ်ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ကွန်တင်နာယာဉ်မောင်းနှင့် အခြားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

တပ်ကွင်းကားဘော်ဒီရုံရှေ့ရှိ တိမ်းမှောက် မီးလောင်ကျွမ်းနေသော ယာဉ်များကို တွေ့ရစဉ်

news-eleven


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ