ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 February 2013

အစိုး​ရက နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပြီး​ တပ်မ​တော်က တိုက်​နေတယ် – ဗိုလ်မှူး​စိုင်း​လ


အစိုး ​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​တိုင်း​ရင်း​သား​တပ်​ပေါင်း​စု (ယူအန်အက်ဖ်စီ) တို့​ အကြို နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြန်လည်စ​နေ​ပေမယ့်​ အစိုး​ရစစ်တပ်နဲ့​ကာလုံ ​ခေါ် ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီတို့​က​တော့​ ရှမ်း​ပြည်နယ်အတွင်း​ ထိုး​စစ်ဆင်​နေတဲ့​အ​ကြောင်း​ ရှမ်း​ပြည် တပ်မ​တော် (​မြောက်ပိုင်း​) ​ပြောခွင့်​ရ ဗိုလ်မှူး​ကြီး​စိုင်း​လက ​ပြောပါတယ်။
ဒီအ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ ဗိုလ်မှူး​ကြီး​စိုင်း​လကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။
ဗိုလ်မှူး​စိုင်း​လတို့​ ရှမ်း​ပြည်တပ်မ​တော်(​မြောက်ပိုင်း​)အပါအဝင် ယူအန်အက်ဖ်စီတို့​ ချင်း​မိုင်က ​ဟောလီး​ဒေး​အင်း​မှာ အစိုး​ရဘက်က ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​တို့​လာပြီး​ အကြို ​ဆွေး​နွေး​ပွဲ​တွေ လာလုပ်တယ်​လေ။ ယူအန်အက်ဖ်စီနဲ့​ အစိုး​ရကြား​မှာ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုပြီး​ နှစ်​ပေါင်း​များ​စွာ ​တောင်း​ဆိုတဲ့​ပွဲမှာ ယူအန်အက်ဖ်စီ အဖွဲ့​ဝင်ဖြစ်တဲ့​ ရှမ်း​မြောက်နဲ့​ တိုက်ပွဲ​တွေ ၂ ရက်ဆက်ဖြစ်တယ်။ အဲ​တော့​ တိုက်ပွဲ​တွေဖြစ်တာနဲ့​ ပတ်သက်လို့​ ဒီအ​ခြေအ​နေနဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲက ဒီအတိုင်း​ဆို ​အောင်မြင်ပါ့​မလား​။
ဗိုလ်မှူးစိုင်းလ
“​ဆွေး​နွေး​ခဲ့​တာလည်း​ များ​ပြီ​လေ။ ​ဆွေး​နွေး​တဲ့​အဖွဲ့​နဲ့​ ​ဆွေး​နွေး​တာက တမျိုး​။ လုံခြုံ​ရေး​ကောင်စီ တပ်မ​တော်က လုပ်​နေတာက တမျိုး​ပေါ့​။ ”
လုံခြုံ​ရေး​ကောင်စီဆိုတာ ကာလုံကို ​ပြောတာ​ပေါ့​။ ဒါဆိုရင် တပ်မ​တော်နဲ့​ကာလုံက လုပ်​နေတာကတပိုင်း​ ဒီလို ရည်ညွှန်း​တာပါလား​။
“ဟုတ်တယ်။ အစိုး​ရကလုပ်​နေတာတမျိုး​။ တပ်မ​တော်က လုပ်​နေတာက တမျိုး​လေ။ ဥပမာ ကျ​နော်တို့​ တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲပြီး​ ထာဝရငြိမ်း​ချမ်း​ရေး​ကို ချီတက်ဖို့​ ​ဆွေး​နွေး​မယ်​လေ။ ဒါက အစိုး​ရပိုင်း​ပေါ့​။ တကယ်ကျ​တော့​ ဒီလိုမဖြစ်လာဘဲ တိုက်ပွဲ​တွေပဲ ဆက်ဖြစ်​နေတယ်​လေ။”
ချင်း​မိုင်မှာ နှစ်ဖက်​ခေါင်း​ဆောင်​တွေ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုတာက​ရော။ ဗိုလ်မှူး​စိုင်း​လတို့​ အခု ဘယ်လို သုံး​သပ်လဲ။
“​ကောင်း​ကျိုး​က​တော့​ ကျ​နော်တို့​ဖြစ်ချင်တဲ့​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ယူအန်အက်ဖ်စီက တင်ပြမှာပဲ​လေ။ ဒီလိုတင်ပြ​တော့​ သူတို့​လက်ခံလည်း​ ​ကောင်း​ကျိုး​သက်​ရောက်တာ​ပေါ့​။ လက်ခံရုံနဲ့​ တပ်ကလုပ်ရပ်​တွေကလည်း​ ကျ​နော်တို့​ သ​ဘောတူညီချက်ရထား​တဲ့​အတိုင်း​ မ​ဆောင်ရွက်ရင်​တော့​အ​ခြေအ​နေက တိုး​တက်မှုရှိမှာမဟုတ်ဘူး​။”
ဆွေး​နွေး​နေချိန်မှာ တိုက်ပွဲဖြစ်တာက အက်စ်အက်စ်​အေ​မြောက်ပိုင်း​က​နေ အစိုး​ရ နယ်​မြေကို ​ကျော်လို့​လား​။ အစိုး​ရတပ်က အက်စ်အက်စ်​အေ သတ်မှတ်ခွင်ကို ​ကျော်လို့​လား​။
“၂၀၁၂ ဇန်နဝါရီ ၂၈ ရက် အပစ်အခတ်ရပ် သ​ဘောတူညီချက်ထဲမှာ ကျ​နော်တို့​တပ် ​ရောက်ရှိ​နေတဲ့​နေရာမှာ ယာယီဖြန့်​ခွဲ​နေထိုင်ဖို့​ သ​ဘောတူညီထား​တယ်။ ဒါ​ကြောင့်​ ​ရောက်ရှိတဲ့​နေရာမှာ ​နေ​နေတာပဲ။ အခုဖြစ်တဲ့​နေရာလည်း​ ကျ​နော်တို့​နေရာပဲ။ ကချင်နဲ့​ ပြင်း​ပြင်း​ထန်ထန်ဖြစ်​နေတုန်း​က သူတို့​မ​ပြောဘူး​လေ။ အခု ကချင်ဘက်ရပ်ပြီး​ ကျ​နော်တို့​ဘက်လှည့်​ပြီး​ ခင်ဗျား​တို့​ ဒီ​နေရာမ​နေရဘူး​၊​ ဆုတ်​ပေး​ပါဆိုပြီး​ အ​ပြောမျိုး​နဲ့​ လာတိုက်တာ​လေ။ ကျ​နော်တို့​က သူတို့​ကို ဝင်တိုက်တာမဟုတ်ဘူး​။”
ဘယ်မြို့​နယ်ထဲမှာလဲ ခင်ဗျ။
“တိုက်ပွဲဖြစ်တဲ့​နေရာက တန့်​ယန်း​မြို့​နယ် လွိုင်လန်း​တောင်​ပေါ့​။ မိုင်း​ကောင်အ​ရှေ့​ဘက်ခြမ်း​နဲ့​ ၆ မိုင်၊​ ၇ မိုင်​လောက်မှာ။”

dvb

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ