ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

28 February 2013

ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေး အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာချက်


USA (2)ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေး အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာချက်
ရက်စွဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ်
အမေရိကန်ပြည်ထောင်စုအတွင်း ရောက်ရှိနေသော တသီးပုဂ္ဂလများ အဖွဲ့အစည်းများနှင့် ပြည်နယ်ကိုယ်စားလှယ်များပါဝင်သော
ရခိုင်အမျိုးသားကွန်ဖရင့် ဖြစ်မြောက်ရေးအစည်းအဝေးတခုကို ဖေဖ၀ါရီလ ၂၄ ရက်နေ့တွင် အိုင်အိုဝါပြည်နယ် ဒီမွိုင်းမြို့လင်ကွန်းခမ်းမ၌ ကျင့်ပခဲ့ပါသည်။
အစည်းအဝေးကို နံနက် ၀၉ နာရီမှ ညနေ ၀၄ နာရီထိ ကျင့်ပခဲ့ရာ အခမ်းအနာမှူး အဖြစ် ဦးဦးသိန်းမောင်မှ ဆောင်ရွက်ခဲ့ပြီး သဘာပတိများအဖြစ် ဦးထွန်းရွှေ ဦးထွန်သာ ဦးစံသာအောင် တို့မှဆောင်ရွက်ခဲ့ကြပါသည်
အမေရိကန်ပြည်ထောင်စု ပြည်အသီးသီးတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ ရခိုင်အမျိုးသားကွန်ဖရင့်တခုကို အမေရိကန်နိုင်ငံတွင်ခေါ် ယူကျင်းပသွားရန်၊ အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
၂၀၁၃ ခု အတွင်းတွင်ပြုလုပ်ကျင်းပမည့် ရခိုင်အမျိုးသားကွန်ဖရင့် (အမေရိက) ကို တန်နက်ဆီး၊ ကန်တကီဒေသ မှ ရခိုင်အမျိုးသားများမှ တာဝန်ယူကျင်ပရန် အဆိုပြုရာအများက ထောက်ခံသဖြင့် အတည်ပြုဆုံဖြတ်ခဲ့ကြသည်။
ရခိုင်အမျိုးသားကွန်ဖရင့် (အမေရိက) ကိုလာမည့် ၆ လအတွင်း တွင် ခေါ်ယူကျင်းပသွား မည်ြ့ဖစ်ပြီး အသေးစိတ် ရက် လ အချိန်နှင့် အသေးစိတ် အကြောင်းအရာ အစီအမံများကို ကွန်ဖ ရင့်ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်လားရန်ဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးကိုအနယ်နယ်အရပ်ရပ်မှ ရခိုင်မိသားစုများ ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး အခမ်း အနားကို ညနေ ၄ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ရခိုင်အမျိုးသားကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီ
အမေရိကန်ပြည်ထောင်စု
ဆက်သွယ်ရန်
ရခိုင့်ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ
ဦးသိန်းမောင် – 331 225 7720
USA

လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ