ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

28 February 2013

တံတားဦး NLD ပြိုကွဲ၊ NLD အမတ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပါတီဝင် မဲဆန္ဒရှင်တစ်ထောင်ကျော် တောင်းဆို



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို တာဝန်မှ ရုပ်သိမ်းပေးရန် ပါတီဝင်များ အပါအ၀င် မဲဆန္ဒရှင် ၁၂၀၀ ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ယင်းကိစ္စအား အရေးယူဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပေးရန် ကော်မရှင်က လွှတ်တော်သို့
တင်ပြဆောင်ရွက်ထား
ပြီးဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာပါတီသို့ အကြောင်းပြန်ထားကြောင်းသိရှိရသည်။

ဥပဒေပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပါတီသို့ ပေးပို့သော အကြောင်းပြန်ကြားစာတွင် ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ဒေါ်ခင်သန္တာကို ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားရန် အစီအစဉ်မရှိဘဲ ပါတီက ရွေးချယ်ထားသည့် ကိုယ်စားလှယ်ဖြစ်သည့်အတွက် ပါတီမူဝါဒများအတိုင်း စည်းရုံးလှုပ်ရှားသွားမည်ဟု ပါတီဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သည့် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားသည်။

“ဥပဒေနဲ့အညီလုပ်ရမှာပေါ့။ ဥပဒေနဲ့ အညီမလုပ်ရင်ကျွန်တော်တို့က ဘယ်သည်းညည်းခံမလဲ၊ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခွင့်ရှိတယ် ဆိုပေမယ့်လည်း လုပ်ချင်တဲ့သူက ထလုပ်လို့ရအောင် ဘယ်ခွင့်ပြုလို့ ရမလဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဒေါ်ခင်သန္တာကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ကိစ္စမှာ ပါတီတွင်းညီလာခံ
များပြုလုပ်ရာမှာ မကျေနပ်ချက်များရှိသည့်အတွက် အဖွဲ့ချုပ် အမည်ကိုသုံး၍ ပြုလုပ်ကြခြင်းဖြစ်သည်ဟု ဒေါ်ခင်သန္တာက 7Day News အား ပြောသည်။

ထိုသို့တိုင်ကြားသည့် ကိစ္စကို တံတားဦးမြို့နယ်၏ ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်လည်း တိုင်ပင်ခြင်းမရှိဘဲ ပြုလုပ်ကြခြင်း  ဖြစ်ပြီး ပါတီစည်းမျဉ်းစည်းကမ်းများအရ အရေးယူမှု အားနည်း၍ အဖွဲ့ချုပ်ကို တိုက်ခိုက်ခံရခြင်းဟု ထင်မြင်ကြောင်း ဒေါ်ခင်သန္တာက ဆက်လက်ပြောကြားသည်။


7day

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ