ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 September 2012

အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရခိုင်သွားရောက်လေ့လာ



အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းကို သွားရောက်လေ့လာ ( စက်တင်ဘာ ၈၊ ၂၀၁၂ )

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာသွားပြီး ပြဿနာဖြစ်နေတဲ့ လူမျိုးစု ၂ ခုအကြား ဘယ်လို အတူယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းမလဲဆိုတာတွေကို ဒေသေခံ

ရန်ကုန် တွင် ဟိုတယ်သစ် လေးလုံး အခန်းပေါင်း ၁၀၀၀ ကျော် တိုးချဲ့တော့မည်


ခရီးသွား လာရောက်မှု ၅၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သော မြန်မာနိုင်ငံ၏ ခရီးသွား
လုပ်ငန်း အပေါ် တွက်ချက်၍ လာမည့် ၂၀၁၃
ခုနှစ်အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြား
ရင်းနှီးမြုပ်နှံမှု ဟိုတယ် လေးလုံး ထပ်မံ ဆောက်လုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဟိုတယ်များမှာ အိပ်ခန်း ၂၄၀ ပါရှန်ဂရီလာ ကွန်းပလပ်စ်၊ အိပ်ခန်း၆၀ (လက်ရှိ) ပါရိုစ့် ဂါးဒင်း၊ အိပ်ခန်း ၂၇၀ ပါ စင်တာပွိုင့်၊ အိပ်ခန်း ၁၀၀ ပါန၀ရတ် ဟိုတယ်တို့ ဖြစ်ပြီး ယင်းတို့နှင့်အတူ ပြည်တွင်း လုပ်ငန်းရှင်များက ချဲ့ထွင်နေသော ဟိုတယ် အခန်းစုစုပေါင်း ၁၀၀၀ အပါအဝင် ၂၀၁၃ခုနှစ်အတွင်း ၀င်ရောက်လာမည့် ဧည်သည် ပေါင်း ကိုးသိန်းအတွက် အခန်းပေါင်း၁၆၇၀ ထွက်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းကအသိပေး ပြောကြားသည်။

‘’ကျွန်တော်တို့ တွက်ချက်ထားတာအရ ဒီနှစ်ကုန်အထိကို ခြောက်သိန်းကျော် လာမယ်၊ ဒီအတွက်အခု ရန်ကုန်မှာ ရှိနေတဲ့ အခန်း အနေအထားအရ လုံလောက်တယ်၊

ဒါပေမယ့် နောက်နှစ်ဆိုရင် အခုထက် ၅၀ ရာခိုင်နှုန်းလာမယ်လို့ ခန့်မှန်းထားတဲ့ အတွက် လိုအပ်တဲ့ အခန်းတွေကို အသစ်ဆောက်နေတဲ့ ဟိုတယ်တွေကနေ ရလာဖို့ ရှိတယ်’’ဟု၎င်းက ရန်ကုန်အင်း
ယားလိပ် ဟိုတယ်တွင် ပြုလုပ်သော လုပ်ငန်း တိုးတက်ရေး ဆွေးနွေးပွဲတွင် မေးမြန်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ရှစ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယင်းတို့ထဲမှ လေးသိန်း နီးပါးသည် ရန်ကုန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် ခရီးသွား ရာသီ အစတွင်လည်း ယင်းထက် ၅၀ ရာခိုင်နှုန်း တိုးတက် ရောက်ရှိခဲ့ရာ ယခုနှစ် နှစ်လယ် စာရင်းများ အရ ခရီးသွား ခြောက်သိန်း နီးပါး လာရောက်ခဲ့ကြောင်း ဟိုတယ် ခရီးဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်လုံးရေ ၁၉၅ လုံးတွင် အိပ်ခန်းပေါင်း ၈၃၅၆ ခန်းရှိရာ နှစ်ကုန်ပိုင်းအထိ ယခုဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များထက် ကျော်လွန်ကာ ဧည့်သည် ခုနှစ်သိန်းကျော်အထိ လက်ခံနိုင်သေးကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

The Voice Weekly

မြန်မာအမျိုးသမီးများ မြန်မာ့သိက္ခာပြန်ဆည်ကြပါ (၁၄၆)




ဒီမိုကရေစီဆိုတာနဲ့ မြန်မာပြည်မှာ အကုန်လုံးကို လွတ်လပ်ပစ်လိုက်ကြတော့ပါလားနော်... လွတ်လပ်တာတော့ လူတိုင်းနှစ်သက် ကြပါလိမ့်မယ်.. ဒါပေမဲ့လဲ ကိုယ့်သိက္ခာကိုထိပါးတဲ့အထိတော့ မလွတ်လပ်ကြပါနဲ့.. မိမိတို့စိတ်လေးတွေကို မိမိတို့ ထိန်းသိမ်းထား ကြပါဦး... အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် ခဏတာလေးအတွင်းမှာ မစဉ်းစားဘဲလုပ်လိုက်တဲ့အလုပ်တစ်ခုဟာ နောက်ပိုင်း ဖျက်ပစ်လို့မရတဲ့အမဲစက်ကြီးတစ်ခုအဖြစ် ဖြစ်နေတော့မှာပါ...

ယောကျာ်းလေးတွေအနေနဲ့လည်း မြန်မာမိန်းကလေးတွေ ဟိရိသြတ္တပတရားကင်းမဲ့လောက်အောင်ထိ မြောက်မပေးသင့်ဘူးလို့ ထင်ပါတယ်.

လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများကို ဖမ်းမိပြီ



စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းတောင်
 ကြေးနီစီမံကိန်းအရေးအတွက် မုံရွာမြို့
 ဆုတောင်းပြည့်ဘုရားကြီးတွင် လာရောက်
ဝတ်ပြုဆုတောင်းသူ ၁၂ ဦးကို မုံရွာမြို့


အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

“လယ်သမားတွေအရေး ကူညီနေတဲ့ မသွဲ့သွဲ့ဝင်း အပါအ၀င် ၀က်မှေးရွာက
လယ်သမားတွေနဲ့ အားလုံးပေါင်း ၁၂ ယောက်ပါ။
 သူတို့မနက်က ဘုရားပေါ်တက်တုန်း ဘုရားကို ပိတ်လိုက်ပြီးနောက် ဖမ်းခံရတာပဲ။

သူတို့ထဲက မသွဲ့သွဲ့ဝင်းနဲ့ ၀က်မှေးရွာသူ မအေးနက်ကိုတော့ တရားစွဲမှာမို့ မလွှတ်ပေးနိုင်တဲ့။ ဘာနဲ့စွဲမလဲတော့ မသိသေးဘူး။ ကျန်တဲ့ ၁၀ ယောက်တော့ လွှတ်ပေးမယ် ပြောတယ်” ဟု မျက်မြင်သက်သေ မုံရွာ ဒေသခံတဦးက ပြောသည်။

9 September 2012

သမီးကိုပြန်ပေးဆွဲပြီး ဖခင်ဖြစ်သူကို သတ်မည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှုတစ်ခု စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ


တူမဖြစ်သူ၏ သူငယ်ချင်းက နိုင်ငံတော်
သမ္မတရုံးမှ ဗိုလ်မှူးတစ်ဦးဟု လိမ်လည်
လျက် သမီးငယ် အား ပြန်ပေး ဆွဲပြီး
ဖခင်ဖြစ်သူအား သတ်မည်ဟု ခြိမ်းခြောက်
 ငွေတောင်းသော မှုခင်းတစ်ခု


ရန်ကုန် တိုင်း ဒေ သကြီး စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၃ဝရက်က
 ဖြစ်ပွားခဲ့သည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ