ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 September 2012

မြန်မာအမျိုးသမီးများ မြန်မာ့သိက္ခာပြန်ဆည်ကြပါ (၁၄၆)




ဒီမိုကရေစီဆိုတာနဲ့ မြန်မာပြည်မှာ အကုန်လုံးကို လွတ်လပ်ပစ်လိုက်ကြတော့ပါလားနော်... လွတ်လပ်တာတော့ လူတိုင်းနှစ်သက် ကြပါလိမ့်မယ်.. ဒါပေမဲ့လဲ ကိုယ့်သိက္ခာကိုထိပါးတဲ့အထိတော့ မလွတ်လပ်ကြပါနဲ့.. မိမိတို့စိတ်လေးတွေကို မိမိတို့ ထိန်းသိမ်းထား ကြပါဦး... အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် ခဏတာလေးအတွင်းမှာ မစဉ်းစားဘဲလုပ်လိုက်တဲ့အလုပ်တစ်ခုဟာ နောက်ပိုင်း ဖျက်ပစ်လို့မရတဲ့အမဲစက်ကြီးတစ်ခုအဖြစ် ဖြစ်နေတော့မှာပါ...

ယောကျာ်းလေးတွေအနေနဲ့လည်း မြန်မာမိန်းကလေးတွေ ဟိရိသြတ္တပတရားကင်းမဲ့လောက်အောင်ထိ မြောက်မပေးသင့်ဘူးလို့ ထင်ပါတယ်.


မနေ့ကသူငယ်ချင်းတယောက်က ဆိုက်တစ်ခုပေးပြီး မိမိနဲ့ခင်မင်ရတဲ့ အိမ်ထောင်သည်လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ရဲ့ဝတ်လစ်စလစ် ဓါတ်ပုံကို ပြပါတယ်.. အဲဒါကြည့်ပြီး ကျွန်မတော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။ အဲဒီအမျိုးသမီးရဲ့သားလေးက ကျွန်မ တပည့်လေးဖြစ်နေပါတယ်။ ကလေးအတွက်အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ နောက်သူ့မှာက သမီးလေးတွေလည်းရှိပါသေး တယ်။ အမျိုးသားလည်းရှိပါတယ်။ အမျိုးသားအသိုင်းအ၀ိုင်း အနေနဲ့ကော ရှက်စရာဖြစ်မနေဘူးလား။ စဉ်းစားကြည့်တဲ့အခါ ကလေးတွေမေမေက အင်တာနက်မှာဖြစ်ချင်တိုင်းဖြစ်နေတယ်။ နောင်တချိန်နင်တို့မေမေက အွန်လိုင်းမှာ အဲလိုမျိုးကြီးဆိုတာ ဖြစ်မနေဘူးလား။ ခေတ်ဆန်တာက ကောင်းပါတယ်။ ဒါပေမဲ့လည်း မိမိအရှက်သိက္ခာကိုတော့ ထိန်းသိမ်း သင့်တာပေါ့။ ဒီလောက်ကြီးတော့ မဖြစ်သင့်ပါဘူး။

နောက် သမီးပျိုလေးတွေ နိုင်ငံရပ်ခြားကနေ ကိုယ့်ရည်းစား၊ ချစ်သူတွေကို VZO ကနေ ဖော်ပြ ချွတ်ပြကြ တာတွေဟာ တော်တော် ဆိုးရွားလာတယ်နော်။ ဒါဟာအမျိုးကောင်းသမီးတွေမှ ဟုတ်ရဲ့လားလို့တောင် တွေးမိပါတယ်။ မိမိကတော့ချစ်လို့ပြတယ်ပဲပြောပြော ဘယ်လိုပြောပြောပါ တဖက်လူက record လုပ်ပီး အင်တာနက်မှတင်လိုက်တော့ အကုန်ပြန့်ကုန်ရော။ ရှက်စရာဘယ်လောက်ကောင်းလဲ။ နောက် ယောကျာ်းလေးတွေက အချင်းချင်းသိပ်ရိုင်းပင်းကြတာ။ ထူးဆန်းထွေလာလေးတွေဆို ရှယ်လုပ်ချင်ကြတယ်လေ။ အဲဒီတော့ အရှက်က ဘယ်နှစ်ခါကွဲမလဲ တိုင်းသိပြည်သိကမ္ဘာ သိ တွေ ဖြစ်ကုန်ရော။ တချို့များ ဆိုင်ထဲမှာ ချောင်ကျကျမှာဝင်ပြီးတောင် ပြလိုက်ကြသေးတယ်။ တကယ်ပါပဲ အရှက်မဲ့နေကြ တာ။ ကျွန်မကြည့်ရတဲ့ မိန်းမသားချင်းတောင်ရှက်တာ မိဘ မောင်ဖွားတွေသာ မြင်ရင် ဘယ်လောက်ရှက်လိုက်ကြ မလဲနော်။ နောင်တချိန် မိမိအနေနဲ့အတည်တကျ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်လိုက်ရင်လည်း ဒီလိုဖြစ်ပျက်တွေကို သိနေကြတဲ့ ပုရိသတွေက ဘယ်ရွေးချယ်ကြတော့မလဲနော်။ အဲဒီအခါမှာ မိမိအနေနဲ့အားကိုးစရာ မရှိဖြစ်သွားကြပါလိမ့်မယ်။ ပုရိသတွေက သူတို့သာ ပွေရှုပ်ရင်ရှုပ်မယ် မိမိရဲ့ရာသက်ပန်လက်တွဲဖော်ကတော့ ခြောက်ပစ်ကင်းသဲလဲစင်နေတာပဲ လိုချင်ကြတာပါ။ အမဲစက်ရှိနေတဲ့ မိန်းကလေးတွေကို သူတို့ ဘယ်တော့စဉ်းစားမှာမဟုတ်ပါဘူး။ မယူခင် ကတော့ ပြောမှာပေါ့..တီတီတာတာစကားတွေနဲ့။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ ဘယ်သူမှ ယူကြမှာမဟုတ်ကြပါဘူး။ အဲဒီတော့ ရေရှည်နဲ့ရေတို ဘယ်ဟာကိုရွေးချယ်ကြမလဲ ဆိုတာ အမျိုးသမီးငယ်လေးတွေ စဉ်းစားသင့်ကြပါပြီ။ ကိုယ့်ဘ၀တလျှောက်လုံး လျှောက်လှမ်းဖို့အတွက် ဒီအချိန်တိုလေး တခုကို စိတ်ထိန်းပြီး ကျော်လွှားနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ တိရိစ္ဆာန်တွေမှာသာ အိပ် စား ကာမ ရှိတာပါ။ လူသားတွေက ဒီကိစ္စကို အသိတရားလေးနဲ့တောင် မထိန်းနိုင်မသိမ်းနိုင်ဖြစ် ရလောက်အောင်ကလည်း ကျွန်မတို့နိုင်ငံမှာ ဘာသာရေးမခေါင်းပါးကြသေးပါဘူး။

အဲဒီတော့ အဲဒီစိတ်တွေက ပင်လယ်ရေလိုပဲ `သောက်လေသောက်လေ ငတ်မပြေ` ဖြစ်နေတယ်လေ။ တခါလောက် အတွေ့အကြုံရှိသွားတာနဲ့ တွေ့ကရာတွေနဲ့ပျော်ပါးဖို့လောက်ပဲ စဉ်းစားနေမယ်ဆိုရင် နောက်ပိုင်း ရောဂါပေါင်းစုံကနေ လူမျိုးတုံးသွားတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို မြန်မာတွေ စည်းကမ်းမဲ့လာရင်းကနေ ဖာနိုင်ငံ ဖြစ်မယ်လို့ ပြောခဲ့တာ အမှတ်ရနေပါတယ်။ ထိုင်းနိုင်ငံမှာ မိန်းကလေးတွေတော်တော်များများဟာ ဒီလိုအလုပ်တွေ နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေကြတာပါ။ ပညာတတ်ဖြစ်ဖြစ် ဘယ်လိုရာထူးပဲရရ ဒီကိစ္စတွေကို လက်လွတ်စပယ်ပြုလုပ်နေကြဆဲ ပါပဲ။

ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာတော့ ဘုရားကျောင်းကန်တွေပေါများသလို ဘာသာရေးကိုလည်း တရားစခန်းများဖွင့်လှစ်လို့ တဖုံ၊ သင်တန်းများပေးလို့တဖုံနဲ့ စည်းရုံးနေကြဆဲပါဘဲ။ မြန်မာတွေအနေနဲ့ ဒီကိစ္စတွေကို ထိန်းချုပ်နိုင်ဖို့က ဘာသာရေးဘက် မှာ အားထည့်လိုက်မယ်ဆိုရင် သူ့အလိုလိုချုပ်ထိန်းပြီးသားဖြစ်မယ်လို့ ကျွန်မအနေနဲ့ဆန္ဒပြုပါတယ်။

နောင်လာနောက်သား ကလေးငယ်များလည်း အရှက်တရားဆိုတဲ့အကြောင်းကို လမ်းပြသွန်သင်ပေး သလိုလဲ ဖြစ်မှာပါ။ေ၇ှ့ကနေ လမ်းပြမှားရင် နောင်လာမဲ့ကလေးငယ်လေးတွေကလည်း အတုမြင်အတတ် သင်တွေဖြစ် မှာပါ။ မြန်မာအမျိုးသမီးတွေ သိက္ခာတရား၊ အိနြေ္ဒရှိတဲ့အမျိုးသမီးကောင်းတွေ ဖြစ်စေဖို့ ကျွန်မအနေနဲ့ ဒီစာလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ကျော့စာမရေးဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ နေမကောင်းတော့မှပဲ အင်တာနက်ကို ပြန်ဖွင့်ဖြစ်ပါတယ်. ဒါပေမဲ့ တွေ့လိုက်သိလိုက် ရတဲ့သတင်းတွေက မြန်မာအမျိုးသမီးအတွက် အလွန်ရှက်စရာ၊ ရွံရှာစရာကောင်းလောက်အောင် အရှက်တရားကင်းမဲ့နေကြတာ ကို တွေ့ရှိရတော့ စိတ်မကောင်းလဲဖြစ်မိပါတယ်။ မိမိတို့တိုင်းပြည်မှာ ဗုဒ္ဒဘာသာထေရ၀ါဒ ထွ...
န်းကားနေရဲ့နဲ့ ဒီလိုကိစ္စတွေ ရှိနေတာ မြန်မာလူမျိုးတွေ ဘာသာရေးအားနည်းလာတယ်လို့လဲ မြင်ပါတယ်။
 From : ကျော့

facebook မှကြည့် ချင်ရင် like လုပ်ပါ