ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 October 2012

ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား


မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်  မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။
သူက ပြောကြားရာတွင် သူတို့ထံသို့

တရားရေးအဆောက်အအုံများ လွှဲပြောင်းမည့်အစီအစဉ် ရှေ့နေများ ဆန္ဒပြ

အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် တရားလွှတ်တော် အဆောက်အအုံနဲ့ တရားရုံးတွေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ လွှဲပြောင်းပေးပြီး ပြတိုက်နဲ့ ဟိုတယ်တွေအဖြစ် ပြောင်းလဲမယ့်အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဗဟိုတရားရုံး လွှတ်တော်ရှေ့မှာ ရှေ့နေများ ကွန်ရက်က ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
မနက် ၁၀ နာရီလောက်က စတင်ပြီး မဟာဗန္ဓုလ ပန်းခြံလမ်းအတိုင်း စီတန်းလှည့်လည်ကာ ကမ်းနားလမ်း စုပေါင်းရုံးကြီး အနောက်ဘက်မှာ စခန်းချ ဟောပြောကာ ကြေညာချက်များ ဖတ်ကြားခဲ့တယ်လို့ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် ဦးကိုနီက ပြောပါတယ်။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပေးအပ်တာကို မလိုလားဟု အဓိကထား ဖော်ပြထားသည့် ရှေ့နေများ ကွန်ယက်  သဘောထားကြေညာချက်ကို ရှေ့နေ ဦးအောင်သိန်းက ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ရှေ့ဟောင်းအမွေအနှစ်တွေ ပုဂ္ဂလိကပိုင်လုပ်တာကို မကျေနပ်ကြောင်း၊ ပြင်ဆင်ဖို့ စရိတ်မတတ်နိုင်ပါက ယူနက်စကိုထံ မေတ္တာ ရပ်ခံပေးမယ့်အကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ အသက် ၉၁ နှစ်အရွယ် ဦးသန်းတင်က ဟောပြောခဲ့ကြောင်း ဦးကိုနီက ဆိုပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်စိုးက တံဆိပ်တော်ခွန်နှုန်းထား အဆ ၁၀၀ ကျော် တိုးမြှင့်လိုက်တဲ့အတွက် အမှုတန်ဖိုးကြီးတဲ့ ပစ္စည်းအတွက် တရားစွဲပါက တံဆိပ်ခေါင်းဖိုး ကုန်ကျစရိတ် တိုးမြှင့်လိုက်တာကို ပြန်စဉ်းစားပေးဖို့  ဟောပြောခဲ့ပါတယ်။
ဆန္ဒပြပွဲကို ရှေ့နေ ၁၅၀ သာ ခွင့်ပြုခဲ့ပေမယ့် ရှေ့နေ ၃၀၀ လောက် လာရောက်ခဲ့တဲ့အတွက် ကျန်တဲ့ ၁၅၀ က အားပေးသူအဖြစ်နဲ့ လိုက်ပါခဲ့တယ်လို့ ဦးကိုနီက ပြောပါတယ်။ ဆန္ဒဖော်ထုတ်မှုကို ၁၁ နာရီခွဲမှာ လူစုခွဲပြီး အဆုံးသပ်ခဲ့ကြပါတယ်။

ဓါတ်ပုံများကြည့် ရန်

DVB

သောက်ရေခပ်ရေလှောင်တမံပိတ်မှုကြောင့် ရွာပေါင်း ၄၀ ခန့် အခက်အခဲဖြစ်နိုင်


ပဲခူးတိုင်း   တောင်ငူမြို့နဲ့  ၁၄ မိုင်အကွာ  ထုံးဘိုရွာအနီးမှာ တည်ဆောက် ထားတဲ့ သောက်ရေခပ်ရေလှောင်တမံကို ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး ပိတ်လိုက်တဲ့အတွက် တမံအထက်ပိုင်းက ရေလွှမ်းမိုးပြီး ရွာပေါင်း ၄၀ လောက် အခက်ကြုံရနိုင်တယ်လို့ တောင်ငူဒေသခံတွေက ပြောပါတယ်။
သောက်ရေခပ်ချောင်းကို ပိတ်ပြီး ရေအားလျှပ်စစ် ထုတ်ယူဖို့ တည်ဆောက်နေ တဲ့  သောက်ရေခပ် ရေလှောင်တမံကို အခုလ ၁၃ ရက်နေ့က ပိတ်လိုက်တဲ့အတွက် တမံအထက်ပိုင်းမှာ ရေတက်ပြီး ဒေသခံတွေရဲ့ နှစ်ရှည် စိုက်ပျိုးသီးနှံတွေ

ဒေါ်လာအနွမ်းများ လဲပေးရန် ဗဟိုဘဏ် ဒီနေ့ ညွှန်ကြားမည်ဟုဆို


မြန်မာနိုင်ငံထဲမှာသုံးစွဲနေတဲ့  အမေရိကန် ဒေါ်လာအနွမ်းတွေကို လဲပေးဖို့ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေကို ဒီနေ့ ညွှန်ကြားချက် ထုတ်ဖို့ လုပ်နေတယ်လို့  ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ဒေါ်လာအဟောင်းတွေလဲပေးဖို့ အပါအ၀င်  ဒေါ်လာနဲ့ ပတ်သက်ပြီး  အချက် ၅ ချက်ပါ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အကြောင်း ဘဏ္ဍာအခွန် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

မြန်မာ့လယ်ယာထွက်ကုန် ခွဲတမ်းတိုးပေးပြီး တရားဝင် လက်ခံပေးရန် တရုတ်နှင့် ဆွေးနွေး


မြန်မာပြည်က တရုတ်ပြည်ကို နယ်စပ်လမ်းကြောင်းက တရားဝင်တင်ပို့နေတဲ့ ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေ ခွဲတမ်းတိုးမြှင့်ပေးဖို့နဲ့  တရားဝင်လက်ခံပေးဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးထားပြီးဖြစ်တယ်လို့ သိရရပါတယ်။
ပြီးခဲ့တဲ့ နန်နင်းကုန်စည်ပြပွဲမှာ မြန်မာဘက်က ဒီကိစ္စ  တင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး တရုတ်ဘက်က သဘောတူထားပေမယ့် အခုထိ တရားဝင်အကြောင်းပြန်ကြားတာ မရှိသေးလို့

facebook မှကြည့် ချင်ရင် like လုပ်ပါ