ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 October 2012

မြန်မာ့လယ်ယာထွက်ကုန် ခွဲတမ်းတိုးပေးပြီး တရားဝင် လက်ခံပေးရန် တရုတ်နှင့် ဆွေးနွေး


မြန်မာပြည်က တရုတ်ပြည်ကို နယ်စပ်လမ်းကြောင်းက တရားဝင်တင်ပို့နေတဲ့ ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေ ခွဲတမ်းတိုးမြှင့်ပေးဖို့နဲ့  တရားဝင်လက်ခံပေးဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးထားပြီးဖြစ်တယ်လို့ သိရရပါတယ်။
ပြီးခဲ့တဲ့ နန်နင်းကုန်စည်ပြပွဲမှာ မြန်မာဘက်က ဒီကိစ္စ  တင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး တရုတ်ဘက်က သဘောတူထားပေမယ့် အခုထိ တရားဝင်အကြောင်းပြန်ကြားတာ မရှိသေးလို့
စောင့်ဆိုင်းဆဲပဲလို့ စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ တရားဝင်ဆွေးနွေးချက်ကို သူတို့လက်ခံတယ်။ အကြောင်းအရာ တခုအနေနဲ့ သူတို့ဘက်က လက်ခံပြီး ဆွေးနွေးတယ်။ ဒါကို သူတို့ဘက်က ပြန်လည်ညှိနှိုင်းပြီးမှ တရားဝင်လမ်းကြောင်းကနေတဆင့် အကြောင်းပြန်ပေးပါ့မယ်ဆိုပြီး သူတို့ဘက်က လက်ခံပေးလိုက်တဲ့သဘောပါ။”
မြန်မာဘက်က တရားဝင်တင်ပို့တဲ့ ဆန်နဲ့ ပြောင်း အပါအ၀င် လယ်ယာထွက်ကုန်တွေကို တရုတ်ဘက်က သူတို့ လိုအပ်တဲ့ ပမာဏကိုပဲ ခွဲတမ်းနဲ့ တင်သွင်းခွင့်ပြုထားတာပါ။ ခွဲတမ်းနဲ့ တင်သွင်းခွင့်ပြုတာက တနှစ်နဲ့ တနှစ်မတူဘဲ တရုတ်ပြည်ဘက်က သီးနှံထွက်ရှိမှုအပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်တာ ဖြစ်ပါတယ်။
မြန်မာ့လယ်ယာထွက်ကုန်တွေကို တရုတ်ကိုပဲ အဓိက တင်ပို့ရောင်းချနေရတာဖြစ်ပြီး အခုဆွေးနွေးထားတဲ့ ခွဲတမ်း တိုးမြှင့်ပေးဖို့နဲ့ တရားဝင် သတ်မှတ်ပေးဖို့ ဆိုတာတွေ ဖြစ်ထွန်းပေါ်ပေါက်လာရင်တော့ ရောင်းသူစိတ်ကြိုက် ဈေးကွက် ဖြစ်လာမှာပါလို့ ဦးတင်ရဲဝင်းက ပြောပါတယ်။
“နှစ်စဉ်တော့ မ၀ယ်မဖြစ်ဝယ်နေရတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်ရင် ပိုတိုးဝယ်ပါတယ်။ လိုအပ်ချက်များလာရင် ကျနော်တို့ ရောင်းဈေးမြင့်တာပါပဲ။ ပုံမှန်ဆိုရင် ယူနန်ပြည်နယ်တခုတည်းက ၀ယ်နေရာက ကျန်တဲ့ ပြည်နယ်တွေမှာ လိုအပ်ချက်ဖြစ်လာရင် ကျနော်တို့နယ်စပ်ကို တိုက်ရိုက်ဆင်းလာဝယ်ပါတယ်။ အဲကျရင် ရောင်းချသူရဲ့ ဈေးကွက်လာဖြစ်တာပေါ့။ ၀ယ်တဲ့သူတွေက အပြိုင်အဆိုင်ဝယ်တယ်။ ကျနော်တို့က ပစ္စည်းကို အရည်အသွေး ထိန်းပြီးတော့မှ ရောင်းလို့ရတယ်။ ရောင်းသူဈေးကွက်ဖြစ်သွားတဲ့အခါ ကျနော်တို့ ထုတ်လုပ်သူတွေရော၊ စိုက်ပျိုးသူတွေရော၊ ကျနော်တို့ နိုင်ငံက လုပ်ငန်းရှင်တွေရော ပိုပြီး အကျိုးအမြတ်များတဲ့ ပုံစံမျိုး ခံစားရမှာဖြစ်ပါတယ်။”
လာမယ့် နိုဝင်ဘာလလောက်မှာ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေ တရုတ်ကို တရားဝင် တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
အခုလပိုင်းအတွင်း တရုတ်ဘက်ကို ဆန်တင်ပို့ရောင်းချတာ အဆင်ပြေတဲ့အတွက် မြန်မာ ကုန်သည်တွေက ဆန် အမြောက်အမြား တင်ပို့ခဲ့ကြပြီး၊ တရုတ်ဘက်အရောက်မှာ တရုတ်က တရားဝင်ခွင့်ပြုထားတာမရှိလို့ အဖမ်းအဆီးခံရတာတွေ ရှိနေပါတယ်။

ဒေါ်လာအနွမ်းများ လဲပေးရန် ဗဟိုဘဏ် ဒီနေ့ ညွှန်ကြားမည်ဟုဆို

မြန်မာနိုင်ငံထဲမှာသုံးစွဲနေတဲ့  အမေရိကန် ဒေါ်လာအနွမ်းတွေကို လဲပေးဖို့ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေကို ဒီနေ့ ညွှန်ကြားချက် ထုတ်ဖို့ လုပ်နေတယ်လို့  ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ဒေါ်လာအဟောင်းတွေလဲပေးဖို့ အပါအ၀င်  ဒေါ်လာနဲ့ ပတ်သက်ပြီး  အချက် ၅ ချက်ပါ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အကြောင်း ဘဏ္ဍာအခွန် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်အောင်က ပြောပါတယ်။
“ဟောင်းပေမယ့်လည်း အစစ်အမှန်လို့ အလွယ်တကူ ခွဲခြားနိုင်တဲ့ ငွေစက္ကူမျိုး။ money changer က တချို့ အစည်းတွေဘာတွေ နှိပ်ထားတာရှိတယ်လေ။ စည်းတံဆိပ်တွေပါရင် လဲလို့မရတာရှိတယ်၊ အဲလိုမျိုးတွေ။ နောက် မင်ရာ၊ လက်မှတ်ရာ အပေါ်မှာ ရေးထားတာမျိုးတွေ။ ငွေစက္ကူပေါ်မှာ အစက်တွေပါတာမျိုး၊ နောက် ခေါက်ရိုးကျိုးပြီး ကိုင်တာများပြီး ပွန်းပဲ့နေတာမျိုးတွေပေါ့။ အစစ်အမှန် အလွယ်တကူ ခွဲခြားနိုင်တဲ့ စက္ကူမျိုးပေါ့။ သိပ်နွမ်းပြီး အစစ်လား၊ အတုလား ခွဲရခက်တာမျိုးကျတော့လည်း လက်ခံဖို့ အခက်အခဲရှိမှာပေါ့။ ဒေါင့်လေးမှာ နည်းနည်းပြဲနေတာ စုတ်နေတာ ဒါမျိုးကို စက္ကူမျိုး အဲဒါမျိုး ၅ မျိုးလက်ခံဖို့ ပုဂ္ဂလိက ဘဏ်တွေကို ညွှန်ကြားဖို့လုပ်နေပါတယ်။”
အခုညွှန်ကြားချက်ဟာ ဒေါ်လာအနွမ်းကို လဲပေးဖို့ ညွှန်ကြားချက်သာ ဖြစ်ပြီး၊ ရောင်းဖို့ ၀ယ်ဖို့ ပြောတာ မဟုတ်ဘူးလို့လည်း ဘဏ္ဍာအခွန် တာဝန်ရှိသူက ပြောပါတယ်။
မြန်မာပြည်တွင်းမှာ ဒေါ်လာအနွမ်းကို ပုဂ္ဂလိကဘဏ်တွေက လက်မခံတဲ့ ပြဿနာတရပ်ဖြစ်နေတာ အချိန် အတော်ကြာခဲ့ပါပြီ။ ဒီပြဿနာဟာ အမေရိကန်ရဲ့ ဘဏ္ဍာရေးပိတ်ဆို့ထားမှုကြောင့် အဓိက  ဖြစ်ပေါ်နေတာလို့ ဗဟိုဘဏ်တာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့  သောကြာနေ့မှာ အမေရိကန်က မြန်မာအပေါ် ဘဏ္ဍာရေးပိတ်ဆို့ထားတာကို ဖြေလျော့ပေး ခဲ့ပြီးနောက် အခုလို မြန်မာနိုင်ငံဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက် ရရှိတာနဲ့  အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်ရဲ့ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေစက္ကူလက်ခံမှုကို အသစ်အတိုင်းဖြစ်စရာမလိုဘဲ စက်ဖြင့် အတုအစစ်ခွဲခြားရုံနဲ့  လက်ခံပေးနိုင်တော့မည်ဖြစ်ကြောင်း ကြိုတင်၍ သတင်းကောင်း ပါးအပ်ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ