ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 October 2012

အငှားယာဉ်များကို ထိန်းသိမ်းကြပ်မတ်တော့မည်



Photoရန်ကုန်မြို့အတွင်း ပြေးဆွဲသွားလာနေသော အငှားယာဉ် (Taxi)များအား စည်းကမ်းထိန်းသိမ်း ကြပ်မတ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ
ဦးလှအောင်ကပြောသည်။
“အငှားယာဉ်တွေ စည်းကမ်းဖောက်မှု လျော့နည်းလာအောင် အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး ဆောင်ရွက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလာတဲ့အတွက် ခရီးသည်တင်ယာဉ်လိုင်းတွေကို ကြပ်မတ်တဲ့ အဖွဲ့အစည်းတွေလို အဖွဲ့တစ်ခုဖွဲ့ဖို့ စတင်ဆောင်ရွက်နေပါပြီ”ဟု ဦးလှအောင်ကပြောသည်။
လက်ရှိတွင် အငှားယာဉ်များကို ခရိုင်စည်ပင်သာယာရေးကော်မတီများက စိစစ်လျက်ရှိပြီး အငှားယာဉ်များနှင့် ပတ်သက်သည့် စာရင်းဇယားအတိအကျကို ၎င်းတို့ထံမှ တောင်းယူစုဆောင်းနေကြောင်း၊ ယခုနောက်ပိုင်း အင်္ဂလိပ်အက္ခရာနံပါတ်များနှင့် ၀င်ရောက်လာသော အငှားယာဉ်များမှာမူ သက်ဆိုင်ရာ စည်ပင်ဌာနတွင် စာရင်းသွင်းထားခြင်း မရှိသေးသဖြင့် အဆိုပါကားများ၏ စာရင်းများကို အတိအကျရရှိနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အသင်းတစ်ခုဖွဲ့စည်းရန် အခက်အခဲများရှိသဖြင့် အချိန်အနည်းငယ်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး လတ်တလောတွင် မထသ(ဗဟို)မှ ယာဉ်စည်းကမ်းထိန်းသိမ်းမှု စစ်ဆေးရေးအဖွဲ့များက ယာဉ်ထိန်းရဲများနှင့်ပူးပေါင်းကာ အငှားယာဉ်များအား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မညီညွတ်သည့် ယာဉ်များကို အရေးယူဆောင်ရွက်သွားခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌကပြောသည်။
“ကျွန်တော်တို့ အငှားကားတွေကို အသင်းဖွဲ့မယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အခွန်အကောက်တွေ များလာမှာတော့ စိုးရိမ်တယ်။ အခုခရီးသည်တင်ကားတွေဆိုလည်း သက်ဆိုင်ရာအသင်းအဖွဲ့အတွက် စရိတ်စကတွေ ပေးရတာမနည်းဘူး ကြားတယ်။ ဒီလို အဖွဲ့ဖွဲ့လိုက်ရင် တစ်ချို့ Taxi တွေ စည်းကမ်းဖောက်တာ နည်းသွားနိုင်ပါတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမင်းဆွေကပြောသည်။
ရန်ကုန်မြို့တွင်းတွင် သွားလာနေသော ယာဉ်များအနက် ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များသည် ယာဉ်စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်ကြောင်း သတင်းရရှိသည်။
အငှားယာဉ်အချို့မှာ မိမိတို့အတွက်သာကြည့်ပြီး တစ်ခါတစ်ရံ ခရီးဆုံးအထိ မပို့လိုခြင်းနှင့် အခြားခရီးသည်တစ်ဦးအား ထပ်မံတင်ဆောင်ခြင်း၊ ခရီးသည်များကို ရိုင်းစိုင်းစွာ ပြောတတ်ကြောင်း တက္ကစီပုံမှန်စီးသူအချို့ကပြောသည်။
“ကျွန်မခရီးသွားရာက ပြန်လာပြီး အောင်မင်္ဂလာအဝေးပြေးကနေ တောင်ဥက္ကလာကိုငှားတယ်။ ပစ္စည်းတွေလည်းပါတယ်။ ကျွန်မတို့အိမ်က လမ်းထဲနည်းနည်းဝင်ရတယ်။ အဲဒါကို လမ်းထိပ်လည်းရောက်ရော ဒီနားမှာပဲ ဆင်းတော့ဆိုပြီး ချထားခဲ့တယ်။ သူလမ်းထဲကို ၀င်မပေးနိုင်ဘူး။ အဲဒါသူနဲ့စကားများတော့ မိုက်မိုက်ရိုင်းရိုင်းတွေ ပြန်ပြောတယ်။ ကျွန်မလည်း ကားနံပါတ်မှတ်ထားလိုက်ပေမယ့် ဘယ်ကိုတိုင်ရမှန်းမသိလို့ မတိုင်ဖြစ်ဘူး”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ မသီတာကပြောသည်။

7 daynews

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ