ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 December 2012

ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား အထူးကု ဆရာဝန်ကြီးများအဖွဲ့က အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိ



မန္တလေးနှင့် မုံရွာပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများက မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား လိုအပ်သည့် ပြုစုကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် နိုဝင်ဘာ ၂၉ ရက်မှစ၍ မုံရွာပြည်သူ့ဆေးရုံကြီးအတွင်း လူနာဌာန၌ သံဃာတော် ၃၂ ပါး အပါအဝင် စုစုပေါင်း လူနာ ၃၆ ဦး ဆေးရုံတက်ရောက် ကုသခဲ့သည့်အနက် သံဃာတော်သုံးပါးကို မန္တလေးပြည်သူ့ ဆေးရုံကြီးသို့

မြန်မာ့ပထမဦးဆုံး သန့်စင်ခန်းပါ ရွှေနန်းတော် အဝေးပြေး ကားသစ်များ ပြေးဆွဲတော့မည်




ရွှေနန်းတော် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ မြန်မာ့ခရီးသွား ဧည့်သည်များ သက်သာလွယ်ကူ အဆင်ပြေစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အဝေးပြေးကားများဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေလတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသုံးပြုထားသော ကားများမှာ Young Man Company ၏ ဂျာမနီနည်းပညာဖြင့် ထုတ်လုပ်ထားသော ကားသစ်များ ဖြစ်သည့်အပြင် မြန်မာ့ပထမဦးဆုံး သန့်စင်ခန်း ပါဝင်သောကားများ ဖြစ်သောကြောင့် ခရီးသည်များသည် ကျန်းမာရေးအတွက် အဆင်ပြေစေနိုင်သည်။

ရခိုင်ပြည်နယ်ထဲ စစ်တပ်ကလယ်သိမ်းထားမှုများ လွှတ်တော်ကော်မရှင် စစ်ဆေး


လွှတ်တော် လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့ ထောက်လှမ်းရေးတို့ သိမ်းယူထားတဲ့ လယ်မြေတွေကို ဒီနေ့ သွားရောက်စစ်ဆေးကြပါတယ်။
ရခိုင်ပြည်နယ်ထဲ လယ်ယာမြေသိမ်းဆည်းတဲ့ ပြဿနာတွေကို စုံစမ်းမေးမြန်းနေတဲ့ စုံစမ်းရေးအဖွဲ့ဟာ ကျောက်ဖြူနဲ့ ဓည၀တီရေတပ်စခန်း နယ်မြေတို့မှာ သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့သွားရောက် စစ်ဆေးခဲ့ပုံကို စုံစမ်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေး

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဆွေးနွေးကြပါတယ်။
စီအန်အက်ဖ်နဲ့ ပြည်ထောင်စုအစိုးရတို့  ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှာ စတင်ပြီး  ရန်ကုန်မြို့ရှိ Myanmar peace Center မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒုက္ခသည်များအတွက် အကူအညီတားမြစ်မှု ရုပ်သိမ်းရန် ကုလတောင်းဆို


ကချင်ပြည်နယ်က စစ်ရှောင် ဒုက္ခသည်တွေထံကို ပေးမယ့်အကူအညီတွေကို အစိုးရက တားမြစ်ထားမှု အဆုံးသတ်ပေးပါလို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ကချင်လက်နက်ကိုင်နဲ့ အစိုးရတပ်ဖွဲတွေအကြား တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇ သောင်း ၅ ထောင် နီးပါးရှိတဲ့အနက် ထက်ဝက်ကျော်ဆီကို အကူအညီပေးဖို့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမိုစ်က ပြောဆိုလိုက်တာဖြစ်ပြီး ဖယ်ရှားပေးဖို့ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
UN လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမိုစ်

facebook မှကြည့် ချင်ရင် like လုပ်ပါ