ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 December 2012

ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား အထူးကု ဆရာဝန်ကြီးများအဖွဲ့က အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိ



မန္တလေးနှင့် မုံရွာပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများက မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား လိုအပ်သည့် ပြုစုကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် နိုဝင်ဘာ ၂၉ ရက်မှစ၍ မုံရွာပြည်သူ့ဆေးရုံကြီးအတွင်း လူနာဌာန၌ သံဃာတော် ၃၂ ပါး အပါအဝင် စုစုပေါင်း လူနာ ၃၆ ဦး ဆေးရုံတက်ရောက် ကုသခဲ့သည့်အနက် သံဃာတော်သုံးပါးကို မန္တလေးပြည်သူ့ ဆေးရုံကြီးသို့
လွှဲဟြေင်းပို့ဆောင် ကုသပေးခဲ့သည်။ ကျန်ရှိသည့် ၃၃ ဦးအနက် ခြောက်ဦးမှာ ရောဂါသက်သာ၍ လည်းကောင်း၊ ၁၄ ဦးမှာ ၄င်းတို့၏ တောင်းဆိုမှု အရလည်းကောင်း ဆေးရုံမှဆင်းခွင့်ပေးခဲ့ပြီး ၁၃ ဦးမှာမူ ဆေးရုံမှ ဆင်းခွင့် မပေးသေးဘဲ ၄င်းတို့၏ ဆန္ဒအရ ဆေးရုံမှ ဆင်းသွားခဲ့သည်။ ဒီဇင်ဘာ ၂ ရက် ညနေပိုင်းတွင် မုံရွာဆေးရုံကြီး၌ မီးလောင်ဒဏ်ရာရ လူနာများ မကျန်ရှိတော့ဘဲ ပြင်ပလူနာအဖြစ် ကုသပေးခဲ့ရသူ စုစုပေါင်း ၄၃ ဦး ရှိခဲ့ကြောင်း သိရသည်။ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၆ ရက်နေ့အထိ တက်ရောက်ကုသခဲ့မှုမှာ သံဃာတော် အပါး ၁ဝဝ အပါအဝင် လူနာစုစုပေါင်း ၁ဝ၉ ဦးရှိသည့် အနက် ၇၂ ဦးသည် မန္တလေးဆေးရုံကြီးသို့ တိုက်ရိုက်ပြသ၍ ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ကျန် ၃၇ ဦးမှာ မုံရွာဆေးရုံကြီးမှ ၄င်းတို့ဆန္ဒအရ ဆင်းသွားခဲ့သော လူနာ ၁၃ ဦးနှင့် ပြင်ပလူနာ ၂၁ ဦးတို့ ပါဝင်သည်။ ယခုအခါ မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် အရေအတွက်မှာ သံဃာတော် ၂၆ ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးရှိပြီး မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကြီး၌ံဃာတော် ၃၇ ပါးသာ ကျန်ရှိကြောင်း သိရှိရသည်။ မန္တလေးပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ခဲ့သော သံဃာတော်များအနက် ဦးတိက္ခဥာဏ သက်တော်(၆၈) နှစ်သည် စိုးရိမ်ရသော အခြေအနေ မရှိသော်လည်း အရေပြားမီးလောင်မှု ရာခိုင်နှုန်း အနည်းငယ်များသဖြင့် ဆေးရုံအုပ်ကြီး အပါအဝင် အထူးကုဆရာဝန်ကြီးများ အဖွဲ့ဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ဦးစန္ဒောဘာသမှာ မျက်နှာမီးလောင်ကျွမ်းမှုကြောင့် မျက်စိအမြင်ချို့ယွင်းမှု ဖြစ်သော်လည်း မျက်စိအထူးကု ဆရာဝန်များ၏ မှတ်ချက်အရ မျက်လုံးထိခိုက်မှု မရှိကြောင်း တွေ့ရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများသည် ဒီဇင်ဘာ ၂ ရက်က မုံရွာပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီး တို့သို့ သွားရောက်ပြီး သံဃာတော်များအား ဆေးကုသ ပေးနေမှုကို ကြည့်ရှုအားပေးကာ ကျန်းမာရေး ဝန်ထမ်းများအား ဆွေးနွေး မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုဆေးရုံတွင် တက်ရောက်လျက်ရှိသည့် ကျန်လူနာများအား အထူးကု ဆရာဝန်ကြီးများ အဖွဲ့က လိုအပ်သော ဆေးဝါးကုသမှုများဖြင့် အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိပြီး လိုအပ်သော ဆေးဝါးများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖြည့်တင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 





From : ခေတ်လူငယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ