ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 December 2012

"လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မီဒီယာများအားရှင်းလင်းပြောကြား"

Photo: " Popular Myanmar News Journal




ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရ
ာ တရုတ်သံအမတ်ကြီးက
ယနေ့ ၉ နာရီ ၃၀ မိနစ် အချိန်မှစ၍ ၁၁ နာရီ၃၀မိနစ်အချိန်အထိ ပြည်တွင်း
မီဒီယာများနှင့် ပြည်ပမီဒီယာများကိုခေါ်ယူတွေ့ဆုံကာ တရုတ်နိုင်ငံ၏ သဘောထားကို ရှင်းပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

တရုတ်သံအမတ်ကြီးလီကျွင်းဟွာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်
သော စုံစမ်းဖော်ထုတ်ရေး ကော်မရှင်၏ဆုံးဖြတ်ချက်ကို ၄င်းတို့နိုင်ငံ
အနေဖြင့် စောင့်မျှော်နေပြီးမှန်ကန်သည့်အတိုင်း၊မျှတသည့်အတိုင်း
အဖြေထွက်လာလျှင်လက်မခံနိုင်စရာအကြောင်းမရှိပါဘူးဟူ၍ မီဒီယာများအားတရားဝင်ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြီးနောက် ၄င်းတို့အနေဖြင့် တရုတ်မြန်မာဆက်ဆံရေးအပေါ်၌
မြန်မာပြည်သူအချို့၏ လက်ရှိသဘောထားအပေါ် စိတ်မကောင်းဖြစ်မိပါကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အဘယ့်ကြောင့်ထိုကဲ့သို့ဖြစ်ရခြင်းအပေါ် နှစ်နှစ်ကျော်ကြာသည်အထိ စဉ်းစား၍ မရပါကြောင်းလည်းထည့်သွင်းပြောဆိုခဲ့သည်။

“ဆွေမျိုးပေါက်ဖော် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးလာတာ ကာလကြာရှည်ခဲ့ပါပြီ။ ဒါပေမဲ့ဆန္ဒပြတဲ့အချို့သောသူတွေက ပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ
ထွက်သွားလို့ ကြွေးကြော်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလိုသာ ထွက်သွားရမယ်ဆိုရင် ကျွန်တော်သံအမတ်ကြီး လည်းအလုပ်လက်မဲ့
ဖြစ်သွားမှာပေါ့။ ဒါကြောင့် စေတနာရှိရှိနဲ့မေတ္တာရပ်ခံချင်ပါတယ်။
တစ်ခါတလေ အခက်အခဲလေးတွေရှိတတ်ပါတယ်။ နောင်ကာလကို
ရှေးရှုပြီးညှိညှိနှိုင်းနှိုင်းလုပ်ဖို့လိုပါတယ်။ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်
ဆက်ဆံရေးအပေါ် အချို့က ဒီလိုဖြစ်လာနေတာဟာကြီးမားတဲ့
အကြောင်းကြီးရှိလို့လား။ ကျွန်တော်နားမလည်ဘူး။ မီဒီယာများသိရင် နည်းနည်းပညာပေးပါကျွန်တော်လိုချင်ပါတယ်”ဟု ၄င်းကပင် ဆက်ပြောသည်။

ထို့နောက် မြန်မာမီဒီယာများအပါအ၀င် ပြည်ပမီဒီယာများ၏ မေးမြန်းချက်များကို သံအမတ်ကြီးက ပွင့်လင်းစွာဖြေကြားပြီးနောက်အခမ်းအနားကို
ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

Photo: " Popular Myanmar News Journal





From : popular

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ