ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 December 2012

လူမျိုးတုံးသတ်ဖြတ်သည်ဟု သတင်းထုတ်လွှင့်မှုအပေါ် မြန်မာအစိုးရကန့်ကွက်





aljazကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအမည်ခံ ကုလားများနှင့် ပက်သက်သည့် သတင်းမှတ်တမ်း ထုတ်လွှင့်ပြသရန် အစီအစဉ်တွင် ကုလားများအား လူမျိုးတုံး သတ်ဖြတ်နေသည်ဆိုသည့် ထည့်သွင်းဖော်ပြမှုအပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ဆန့်ကျင်ကန့်ကွက်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဒီဇင်ဘာ ၆ရက်နေ့ ထုတ်ပြန်ကြေငြာလိုက်ပြီး နောက်တစ်ကြိမ် ပဋိပက္ခဖြစ်ပေါ်လာပါက အယ်လ်ဂျာဇီးယားတွင် အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြောဆိုလိုက်သည်။
ထိုကြေငြာချက်တွင် ၂၀၁၂ခုနှစ် မေလ၊ ဇွန်လနှင့် အောက်တိုဘာလတို့တွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးစုနှင့် ဒေသခံရခိုင်တိုင်းရင်းသားများအကြား အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရအနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aid အဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့သည့်အပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှ နိုင်ငံခြားရေးဝန်ကြီး အဆင့်မြင့်ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် စစ်တပ်က ပစ်ခတ်မှုများရှိခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ ၀ါဒဖြန့်ချီခြင်းမှာ နောက်ထပ်တစ်ကြိမ် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ကြောင်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဦးအေးသာအောင်က ပြောသည်။
“ပဋိပက္ခဖြစ်စဉ်တစ်ခုလုံးကိုကြည့်မယ်ဆိုရင် ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ အစီအလာအရ ဘင်္ဂလီတွေက လူများစုဖြစ်တဲ့အတွက်ကြောင့် အမြဲလိုလို အနိုင်ကျင့်မှုတွေရှိတယ်။ ဒီအရေးအခင်း စဖြစ်လာတယ်ဆိုတာကလည်း ဒေသခံရခိုင်တိုင်းရင်းသားတွေလုပ်ခဲ့တာမဟုတ်ဘူး။ ဘင်္ဂလီ ၃ဦးက ရခိုင်အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် မဒိန်းကျင့် သတ်ဖြတ်မှုကနေ စဖြစ်တာဖြစ်တယ်။ ပြီးတော့မှ တောင်ကုတ်မှာ လူသတ်မှုဖြစ်တာ၊ တောင်ကုတ်ဖြစ်တဲ့ ပြဿနာကနေ မောင်တောမှာ ဘင်္ဂလီတွေက ရခိုင်ရွာ ၁၁ရွာကို မီးရှို့၊ လူသတ်မှုတွေကို လုပ်တယ်။ ရခိုင်ဒေသခံတွေနဲ့ စစ်တပ်က စတင်လာခဲ့တာမဟုတ်ဘူး၊ ဘင်္ဂလီလူမျိုးတွေက စတင်လာတာဖြစ်တယ်။ ဟိုကတည်းက ဒီလိုဘဲ ပြဿနာတွေ ဖြစ်ပေါ်ခဲ့တာဘဲ။ နောက်ပိုင်းမှာဆိုရင် ဘင်္ဂလီတွေဟာ လူနည်းစုတောင်မဟုတ်တော့ဘဲ လူများစုဖြစ်လာခဲ့တယ်ဆိုတာ တွေ့လာရတယ်။ ဒါနဲ့ သူတို့က နိုင်ထက်စီးနင်းလုပ်တာတွေများတဲ့အခါမှာ ဒေသခံရခိုင်တွေဟာ မခံနိုင်လို့ စစ်တွေ၊ ကျောက်တော်ဘက်တွေမှာ တုံ့ပြန်ကာကွယ်ရတာ။ ဒါကြောင့် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းဟာ ဒီပြဿနာကို တမင်သက်သက်ကြီးကျယ်အောင် လုပ်တာ၊ နောက်ထပ်တစ်ကြိမ် ပြဿနာတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တာဖြစ်တယ်လို့ ပြောချင်တယ်”ဟု ဦးအေးသာအောင်က ပြောသည်။
အောက်တိုဘာလက ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား စသည့်မြို့များတွင် တကျော့ပြန်လည်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ ဒေသခံရခိုင်များ စတင်ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ ဘင်္ဂလီများက ဖန်တီးခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးအေးသာအောင်က ဆက်ပြောသည်။
“ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်စားလှယ်တွေကိုယ်တိုင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြို့တွေကိုသွားရောက်ပြီးတော့ နှစ်ဖက်လုံးက လူတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ ဘင်္ဂလီတွေက စတင်ပြီးတော့မှ ပဋိပက္ခတွေဖြစ်ပေါ်လာအောင် ဖန်တီးတာကိုတွေ့ရတယ်။ ဒါကိုမှ အာလ်ဂျာဇီးယား သတင်းဌာနက ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ သတင်းထုတ်ပြန်တယ်ဆိုတော့ နောက်ထပ်တစ်ကြိမ် ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ အဲဒီသတင်းဌာနမှာ အများကြီး တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ပြောချင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပက်သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိကြောင်းကို ထပ်လောင်းအတည်ပြုကြောင်း၊ ဤသို့ ပက်သက်မှုမရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ ညီလာခံအတွင်း လည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးတွင်လည်းကောင်း ကမ္ဘာသို့ အတိအလင်းထုတ်ဖော်အသိပေးပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
အာယ်ဂျာဇီးယားသတင်းဌာနမှ ရခိုင်ပဋိပက္ခနှင့် ပက်သက်၍ သတင်းမှတ်တမ်းကို ဒီဇင်ဘာလ ၈ရက်နေ့မှ ၁၂ရက်နေ့အထိ အာရပ်ဘာသာစကားဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ ၉ရက်နေ့မှ ၁၃ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုတ်လွှင့်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။




Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ