ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 December 2012

ညအချိန်တွင် အလုပ်ဆင်းရသည့် အမျိုးသမီးများ ရင်သား ကင်ဆာဖြစ်နိုင်ခြေ မြင့်မား



တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီး ညပိုင်းအလုပ်ဆင်းရတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား လာကြောင်းကို Dannishမှ သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။ ယနေ့ခေတ် ဘ၀နေထိုင်မှုပုံစံအရ အမျိုးသမီးတွေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းဟာ ညပိုင်း အလုပ်ဆင်း ရလေ့ရှိပါတယ်။ ညဘက် အလုပ်ဆင်းရ
တာကြောင့် ညအချိန်မှာ အလင်းရောင်နဲ့ ထိတွေ့ ရတဲ့အတွက် မယ်လတိုနင် ဟော်မုန်း ထုတ်လုပ်မှုတွေ ကျဆင်းသွားပါတယ်။

မယ်လတိုနင် ဟော်မုန်းဟာ တချို့ကင်ဆာတွေကို ကာကွယ် ထားနိုင် တယ်လို့ ကိုပီဟေဂင်မှ ကင်ဆာ အဖွဲ့ ခေါင်းဆောင် ဟန်ဆန်က ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာ အလင်းရောင်နဲ့ ထိတွေ့နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝ နရီလည်း ပျက်စီးသွားနိုင်ပါတယ်။ ဦးနှောက်က ပင်မနာရီဟာ ခန္ဓာကိုယ်တွင်း အင်္ဂါမှ ဇီဝနရီတွေနဲ့ လိုက်လျော ညီထွေမှု မရှိတော့တာကြောင့် ရင်သား ကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညဘက် အလုပ်ဆင်းတာကြောင့် အိပ်ရေးမ၀တာတွေ ဖြစ်လာပြီး ခုခံအားစနစ်လည်း ကျဆင်း လာတဲ့အတွက် ကင်ဆာဆဲလ် ကြီးထွားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသန ပြုသူတွေဟာ အမျိုးသမီးပေါင်း ၁၈၅၀၀ ကို ၁၉၆၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း သူတို့ရဲ့ အလုပ်ချိန် ဇယား၊ ဘ၀ နေထိုင်မှုပုံစံ၊ သန္ဓေတားဆေးနဲ့ ဟော်မုန်းအစားထိုး ကုသမှုလိုမျိုး တခြား အချက်တွေ အပြင် နေလောင်ဒဏ်ခံတဲ့ အကျင့် တွေကိုပါ ထည့်သွင်းပြီး လေ့လာ ခဲ့ပါတယ်။

လေ့လာမှုအရ ညဘက် အလုပ်လုပ် ရသူတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင် ခြေ ၄၀ ရာခိုင်နှုန်းမြင့်မားပြီး တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်နှုန်းနဲ့ အနည်းဆုံး ခြောက်နှစ် ညဘက် အလုပ်ဆင်းရသူတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။ ညဘက် အလုပ်ဆင်းရတဲ့ အမျိုးသားတွေမှာမူ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များကြောင်းလည်း တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။
{ Share it, if you care for your health. } ညအချိန်တွင် အလုပ်ဆင်းရသည့် အမျိုးသမီးများ ရင်သား ကင်ဆာဖြစ်နိုင်ခြေ မြင့်မား တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီး ညပိုင်းအလုပ်ဆင်းရတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား လာကြောင်းကို Dannishမှ သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။ ယနေ့ခေတ် ဘ၀နေထိုင်မှုပုံစံအရ အမျိုးသမီးတွေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းဟာ ညပိုင်း အလုပ်ဆင်း ရလေ့ရှိပါတယ်။ ညဘက် အလုပ်ဆင်းရတာကြောင့် ညအချိန်မှာ အလင်းရောင်နဲ့ ထိတွေ့ ရတဲ့အတွက် မယ်လတိုနင် ဟော်မုန်း ထုတ်လုပ်မှုတွေ ကျဆင်းသွားပါတယ်။ မယ်လတိုနင် ဟော်မုန်းဟာ တချို့ကင်ဆာတွေကို ကာကွယ် ထားနိုင် တယ်လို့ ကိုပီဟေဂင်မှ ကင်ဆာ အဖွဲ့ ခေါင်းဆောင် ဟန်ဆန်က ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာ အလင်းရောင်နဲ့ ထိတွေ့နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝ နရီလည်း ပျက်စီးသွားနိုင်ပါတယ်။ ဦးနှောက်က ပင်မနာရီဟာ ခန္ဓာကိုယ်တွင်း အင်္ဂါမှ ဇီဝနရီတွေနဲ့ လိုက်လျော ညီထွေမှု မရှိတော့တာကြောင့် ရင်သား ကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညဘက် အလုပ်ဆင်းတာကြောင့် အိပ်ရေးမ၀တာတွေ ဖြစ်လာပြီး ခုခံအားစနစ်လည်း ကျဆင်း လာတဲ့အတွက် ကင်ဆာဆဲလ် ကြီးထွားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသန ပြုသူတွေဟာ အမျိုးသမီးပေါင်း ၁၈၅၀၀ ကို ၁၉၆၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း သူတို့ရဲ့ အလုပ်ချိန် ဇယား၊ ဘ၀ နေထိုင်မှုပုံစံ၊ သန္ဓေတားဆေးနဲ့ ဟော်မုန်းအစားထိုး ကုသမှုလိုမျိုး တခြား အချက်တွေ အပြင် နေလောင်ဒဏ်ခံတဲ့ အကျင့် တွေကိုပါ ထည့်သွင်းပြီး လေ့လာ ခဲ့ပါတယ်။ လေ့လာမှုအရ ညဘက် အလုပ်လုပ် ရသူတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင် ခြေ ၄၀ ရာခိုင်နှုန်းမြင့်မားပြီး တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်နှုန်းနဲ့ အနည်းဆုံး ခြောက်နှစ် ညဘက် အလုပ်ဆင်းရသူတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။ ညဘက် အလုပ်ဆင်းရတဲ့ အမျိုးသားတွေမှာမူ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များကြောင်းလည်း တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။


  Myanmar Express

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ