ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 February 2013

လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာဥပဒေ ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


နိုင်ငံတကာ မီဒီယာ ဥပဒေနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီကနေ့ လွှတ်တော် အမတ်အတော်များများနဲ့ မဇ္ဈိမ မီဒီယာတို့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။
လွှတ်တော်မှာ မီဒီယာဥပဒေဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးလာတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်အောင် ဒီဆွေးနွေးပွဲက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ချက်ထားကြောင်း  မဇ္ဈိမ မီဒီယာ သတင်းဌာနက ဒေါ်သင်းသင်းအောင်က RFA ကို ပြောပါတယ်။

မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား


မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃  ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍ မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။  "စလောင်တာက ပလက်စတစ်လုပ်ငန်းလုပ်ကိုင်တဲ့အိမ် ကနေစလောင်တာ။ သူတို့က ရေနံချီးလည်းလုပ်တယ်။ စလောင်တဲ့အိမ်ကတော့ ကုန်ပြီ။ ဘေးက သုံးထပ် အိမ်က နှစ်ထပ်နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြောကြားသည်။  ယခုလက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွား လျက်ရှိရာ သက်ဆိုင်ရာမီးသတ်အဖွဲ့နှင့် ရပ်ကွက်နေပြည်သူအချို့မှ ဆက်လက်ငြိမ်းသတ်နေကြောင်း သိရှိရပြီး ဆုံးရှုံးမှုတန်ဖိုး များနှင့် ပတ်သက်၍ မသိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။  TMA ဓာတ်ပုံ-ကျော်စံဝင်း The Myanma Age
ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍
မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။

ထူးဆန်းသည့် ကုက္ကိုပင်ကြီးကို မခုတ်လှဲတော့ပါ

ထူးဆန်းသည့် ကုက္ကိုပင်ကြီးကို မခုတ်လှဲတော့ပါ  ဘဲချောင်းရွာသည် ဧရာဝတီမြစ် လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့် ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။ ၀ါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက် လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့ တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။ ထိုအပင်ကြီးတွင် နှစ်စဉ်တပို့တွဲလရောက်တိုင်း မည်သည့် နေရာကလာသည် မသိသော ငှက်ကြီးဝန်ပိုလို ငှက်ကြီးများ အကောင်လေးငါးဆယ်ခန့် လာရောက်နားခိုကာ အသိုက်လုပ်လေ့ ရှိသည်ဟုဆိုသည်။ ယခုနှစ်တွင် မိုးဒဏ်လေဒဏ်ကြောက်ရ၍ ထိုကုက္ကိုပင်ကြီး၏ အုပ်ဆိုင်းနေသည့် အကိုင်းများကို ရွာသားများက ချိုင်ခဲ့ကြပြီး ယခုတစ်ဖန်လမ်းနှင့် မလွတ်၍အပင်ကြီးကို ခုတ်လှဲ သင့်မလှဲသင့် အစည်းအဝေး ပြုလုပ်သောအခါ ခုတ်လှဲရန်ဆန္ဒရှိသူက အများစုဖြစ်၍ ခုတ်လှဲရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြစ်၍ သစ်ပင်ခုတ်ယူမည့် သူများအား ငွေကျပ်တစ်သိန်းဖြင့် ရောင်း၍ ၎င်းတို့ခုတ်ယူကြရန် ဆွေးနွေးသဘောတူလိုက်သည်။ ထိုညတွင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်ကို လည်းကောင်း၊ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသူ ကိုကျော်လွင်ကို လည်းကောင်း ''ငါဒုက္ခရောက်သလို မင်းတို့လည်း ဒုက္ခရောက်စေရမယ်။ ငါငိုရသလို မင်းတို့လည်းငိုရမယ်'' ဟုထူးဆန်းစွာ အိပ်မက်လာပေးကြောင်း၊ ကျုံမငေးမြို့ မြတ်စွယ်တော်ကျောင်း ပရိယတ္တိစာသင်တိုက် နာယကဆရာတော်ဘဒ္ဒန္တ ပညာဇောတိကလည်း တရားဟောရင်း ''ဒီအပင်ကြီးကို မခုတ်ကြပါနဲ့၊ မလုပ်ကောင်းပါဘူး''ဟုမိန့်ကြားခဲ့ကြောင်း၊ သို့ဖြစ်၍ အဆိုပါကုက္ကိုပင်ကြီး (ပုံ)ကိုခုတ်လှဲခြင်း မပြုတော့ဘဲ ကွန်ကရစ်လမ်းကို အပင်ကြီးအားဝိုက်၍ ခင်းသွားရန် စီစဉ်နေကြပြီဖြစ်ကြောင်း ဘဲချောင်းရွာဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တ၀ရသာမိနှင့် ကျေးရွာဖွံ့ဖြိုးရေးကို ရှေ့တန်းမှ ဆောင်ရွက်နေသူ ဦးကျော်စိုး(အလယ်တန်း ကျောင်းအုပ်-ငြိမ်း) တို့က ၅-၂-၂၀၁၃ရက်က ပြောပြလိုက်သည်။      အေးချမ်းမွန်မှ ပြည်မြန်မာ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ဘဲချောင်းရွာသည် ဧရာဝတီမြစ် လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့် ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။ ၀ါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက် လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့ တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။ ထိုအပင်ကြီးတွင်

မြန်မာကို မြန်မာဟုသာ မြင်သည့်အခါ


မြန်မာမလေးများ တရားဝင် ကျင်းပခွင့်ရခဲ့သည့် ဘရာရှိုးနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ ဆိုပြီး ရေးလိုက်သည်။ သူ့ဘာသာ ရှိုးပွဲလုပ်၍ ယဉ်ကျေးမှု ထိခိုက်သော ပွဲတစ်ခု အတွက် ရေးသည့် ဆောင်းပါးအစတွင် လေးစားရသော ဆရာတစ်ဦးနှင့် ယနေ့ခေတ် ပထမဆုံး ဘီကီနီဝတ်ပြီး အလှပြခဲ့သော နန်းခင်ဇေယျာတို့ကို ထည့်ရေးသဖြင့် ရလိုက်သည့် ဝေဖန်မှုများကလည်း မနည်းမနောပင်။

KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်




KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃  KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  “လက်ရှိ KIA တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဒေသတိုင်းမှာ အရွယ်ကောင်းတဲ့ ယောင်္ကျားနဲ့ အမျိုးသမီးတွေကို သူတို့က အတင်းခေါ်သွားတာတွေ လုပ်နေတယ်။ ပြီးတော့ လိုင်ဇာမှာ စစ်သင်တန်းပေးတယ်။ အစိုးရတပ်တွေ ကို ငါတို့ ပြန်တိုက်မယ်။ ငါတို့တွေ နောက်(၂)နှစ်လောက် အစိုးရကို ပြန်တိုက်ပြီးရင် ငါတို့ ကချင်ပြည်နယ် ကို ပြန်ယူမယ်” လို့ပြောကြောင်း သင်တန်းသားအဖြစ်စုဆောင်းခံရပြီး လွတ်လာသူတစ်ဦးမှ ပြောပြတယ်။  KIA တပ်ဖွဲ့တွေက အခုလိုစစ်ရေးလေ့ကျင့်ပြီး တန်ပြန်ထိုးစစ်လုပ်နိုင်အောင် ပြင်ဆင်နေတယ် တစ်ဘက်ကလည်း အစိုးရတပ်တွေနဲ့ မြန်မာမုန်းတီးရေးတွေလဲ လုပ်နေတယ်လို့သိရပါတယ်။  “ကျနော်တို့ စစ်သင်တန်းတက်တုန်း နည်းပြတွေကပြောတယ်။ ဗမာလူမျိုးတွေကို မင်းတို့ လုံးဝလက်နက်ချ အရှုံးမပေးနဲ့၊ မိန်းကလေးတွေကလည်း ဗမာယောင်္ကျားကိုလုံးဝမယူနဲ့၊ ငါတို့ကချင်ဆိုတာ လူမျိုးကြီးတွေ” စသည်ဖြင့် လူမျိုးရေးခွဲခြားမှုတွေပြောဆိုပြီး မခံချင်စိတ်တွေဖြစ်အောင် ပြောဆိုလေ့ကျင့်ပေးနေတယ်လို့ သိရ ပါတယ်။ လိုင်ဇာနဲ့ KIA တပ်တွေမှာ ကျန်ခဲ့တဲ့ အဓမ္မစုဆောင်းခံရပြီး စစ်သားလုပ်နေရတဲ့သူတွေထဲမှာ မိဘနေရပ်ကို ပြန်ချင်တဲ့သူတွေနဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့သူ အများကြီးရှိတယ်၊ ထွက်ပြေးရင်လည်း ပြန်ဖမ်းမိပြီး ပစ်သတ်ခံရမှာ ကြောက်လို့ မနေချင်ဘဲ နေနေကြရတဲ့သူတွေရှိတယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ