ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 September 2012

ရသေ့တောင် လူထုစည်းဝေးပွဲသို့ တက်ရောက်မည့်သူများ သောင်းသောင်းဖြဖြသွားရောက်






ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကျင်းပမည့် လူထုစည်းအဝေးပွဲသို့ တက်ရောက်မည့်သူများ ဒေသအသီးသီးမှ သောင်းသောင်းဖြဖြ သွားရောက်နေကြကြောင်း သိရသည်။
DSC03155 copy
" အခုလက်ရှိအနေအထားကတော့ သတင်းယူဖို့သွားတဲ့အခါမှာ မြင်ရတဲ့မြင်ကွင်းက သင်္ဘေားအောင်တံခွန် (၂)နဲ့သွားနေပါတယ်။ သွားနေတဲ့အခါမှာ အဖွဲ့အစည်းအသီးသီး၊ သတင်းထောက်အသီးသီးတွေကို အများကြီးတွေ့ရပါတယ်။ နောက်ပြီးတော့ အဖွဲ့အစည်းအသီးသီးကတော့ RNDP ကလည်းပါတယ်။ ALP နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပါတယ်။ အခြား ရခိုင်ပြည် လူမှုကွန်ယက်အဖွဲ့တွေလည်းပါတယ်။ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေကဆို ဝံလက်ဖေါင်ဒေးရှင်းအဖွဲ့တွေ ပါတာကိုလည်း တွေ့ရတယ်။ နောက် အစိုးရဲ့ သတင်းတပ်ဖွဲ့ကိုလည်း တွေ့ရပါတယ်။ " ဟု သတင်းထောက် ပြောသည်။
သံတွဲမှ ဦကုသလ (ငွေသဇင်)အနေဖြင့် ကျောက်ကပ်ခွဲရန် ရန်ကုန်သို့ သွားရမည်ကို မသွားဘဲ သံတွဲလူထုအား ဦးဆောင်ကာ ရသေ့တောင်လူထုစည်းဝေးပွဲသို့ တက်ရောက်ရန် ကြွနေကြောင်း သိရသည်။
"အခုရသေ့တောင်ပွဲဟာ ဦးဇင်းကျောက်ကပ်ထက် အရေးကြီးပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ အသံဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်တဲ့အတွက်ကြောင်း ဒေသကိုယ်စား ဦးဇင်းကြွရခြင်းဖြစ်ပါတယ်။ " ဟု ဆရာတော် ဦးကုသလ(ငွေသဇင်)က သင်္ဘောပေါ်မှ မိန့်ကြားခဲ့သည်။
သံတွဲမြို့နယ်မှ ရသေ့တောင် လူထုစည်းဝေးပွဲသို့တက်ရောက်ရန် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆရာတော် ဦးကုသလအပါအ၀င် သံဃာတော်သုံးပါးနှင့် လူထုကိုယ်စားလှယ် (၃၀) ကျော်ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ဇွန်လက ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံတိုင်းရင်းသားများမှာ အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ လူအများအပြား အသက်ဆုံးရှုံးခဲ့ရကာ လက်ရှိအခြေအနေထိ ဒေသခံ ရခိုင်တိုင်းရင်းသားများမှ အတည်တကျပြန်လည် မရှိနိုင်ကြခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်များ ဖြစ်ပေါ်လာရခြင်းအား လူထုမှထွက်ပေါ်မည့် စကားသံများကို မှတ်တမ်းယူ အဖြေရှာနိုင်ရန်အတွက် လူထုစည်းဝေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ရခိုင်လူထု အစည်းအဝေးပွဲမှ အတည်ပြု ရရှိလာသော အချက်အလက်များအား ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်၊ နိုင်ငံတော် သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌများနှင့် ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။

Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ