ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 September 2012

လူထုအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများ အကြိုညှိနှိုင်းပွဲပြုလုပ်





IMG 0412 copy
ရသေ့တောင်မြို့တွင် ပြုလုပ်မည့် လူထုအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများ
အကြိုညှိနှိုင်းပွဲကို အလိုတော်ပြည့်ကျောင်းတိုက် ဗောဓိသုခဓမ္မာရုံကျောင်းဆောင်တွင် ယနေ့ညနေက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
လူထုစည်းဝေးပွဲမှရရှိလာသော ဆုံးဖြတ်ချက်များကို မြန်မာအစိုးရ၊ နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများသို့ တင်ပြတောင်းဆိုသွားမညဟု ကျင်းပရေးကော်မတီမှ တက်ရောက်လာသူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အကြိုညှိနှိုင်းပွဲ အစည်းအဝေးသို့ ရခိုင်ပြည်နယ် (၁၈)မြို့နယ်မှ လူထုကိုယ်စားလှယ် (၄၀၀)ခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ညနေ (၂း၃၀)နာရီတွင် စတင်ပြုလုပကာ ညနေ (၄)ရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
လူထုအစည်းဝေးအား စက်တင်ဘာ (၂၅) ရက်နှင့် (၂၆) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းထောက်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အစိုးရသတင်းတပ်ဖွဲ့များ၊ ဒေသလူထုကိုယ်စားလှယ်များ၊ ရခိုင်သမိုင်းသုတေသီများ၊ ပညာရှင်များ ရောက်ရှိနေကြကြောင်း သိရသည်။

IMG 0383 copy

Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ