ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 October 2012

ရခိုင်တစ်မျိုးသားလုံးကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ALD ပြော





ALDbirthday 1ရခိုင်ပြည်သူလူထုနှင့် ထပ်တူ ဒုက္ခအမျိုးမျိုးကို ခါးသီးစွာခံစားယင်း (၂၄) နှစ်တာ ဖြတ်သန်းခဲ့ရသော်လည်း ရခိုင်တစ်မျိုးသားလုံးကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
ယမန်နေ့က ပြောဆိုလိုက်သည်။
လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနှင့်အညီ ရခိုင်လူမျိုးတို့၏ အမျိုးသားရပိုင်ခွင့်များနှင့် ကိုယ်ပိုင်ပြဌာန်ခွင့်များကို အခြေခံကာ အောက်တိုဘာ (၁၂) ရက်နေ့က ကျရောက်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကြေငြာချက်ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကြေညာချက်တွင် ရသေ့တောင်လူထုအစည်းအဝေး၏ ကြေငြာချက်စာတမ်းပါအချက်များအား ခြွင်းချက်မရှိ ထောက်ခံကြောင်း၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသို့ ကမ်းလှမ်းထားသည့် ပူးပေါင်းရေးအဆိုနှင့်အညီ ရခိုင်ပြည်တွင်းရှိ အခြားသော နိုင်ငံရေပါတီများ အားလုံးနှင့် ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်မည်ဖြစ်ကြောင်း။ ရခိုင်ပြည်တွင် အကောင်အထည်ဖော်ဆောင်လျှက်ရှိသော စီမံကိန်းများသည် ဒေသဖွံ့ဖြိုးမှုသာမက ရခိုင်ပြည်သူ တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ခံစားနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ပြီး စီမံကိန်းကြောင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးများကိုလည်း ကာကွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပါတီ၏ လုပ်ငန်းစဉ်နှင့် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများအားလုံး ပူးပေါင်းပါဝင်မှ အောင်မြင်မည်ဟုယုံကြည်ကြောင်း စသည့် အချက် (၉) ချက်ပါဝင်သော ကြေငြာချက် တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။
(၂၄ ) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ် ဒို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF)၊ ပါတီဝင်များ၊ စသည့် တိုင်းရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ ရခိုင်ဒီကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလများ၊ ရခိုင်တိုင်းရင်းသားများ၊ သတင်းထောက်များ၊ လူဦးရေ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဒေါက်တာစိုးမြအောင် မိသားစုမှ သိန်း (၂၀) ရန်ကုန်အောင် ဗဟိုကော်မတီဝင်များမှ သိန်း (၂၀) ကိုထွန်းရွှေသိန်းမှ သိန်း (၂၀) ၊ ဦးမျိုးဆွေမှ သိန်း (၂၀) ၊ ဦးလှမြင့်( ရခိုင်သားကြီးစာပေ) မှ သိန်း(၂၀)၊ စုစုပေါင်း မြန်မာငွေ ကျပ် သိန်း(၁၀၀) ကို အခမ်းအနားတွင် ပါတီသို့ အသီးသီ လှူဒါန်ခဲ့ကြသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ တွင်ဖွဲ့စည်းကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ (၁၁)နေရာ အနိုင်ရရှိပြီးနောက် တစ်နှစ်အကြာတွင် ဖျက်သိမ်းခံခဲ့ရသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က လာမည့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်လည် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ