ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 October 2012

မြန်မာပြည်တွင်အလွန်စွမ်းပကားထက်မြတ်သော လက်နက်တစ်မျိုးထုတ်လုပ်နိုင်ပြီ (ပေးစာ - ၁၈၅)





 ကျွန်ုပ်တို့ မြန်မာပြည်တွင် အလွန်စွမ်းပကားထက်မြက်သော လက်နက်တစ်မျိုးကို ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
  ဤလက်နက်၏စွမ်းပကားကြောင့် 

 - များစွာသော ခပ်သိမ်းသူအပေါင်းတို့သည် အချင်းချင်းစိတ်ဝမ်းကွဲကြကုန်၏။ - နှစ်ရှည်လများလက်တွဲလုပ်ကိုင်ခဲ့ကြသော ရဲဘော်ရဲဘက်များအကြားစိတ်ဝမ်းကွဲကြကုန်၏။
 - အစိုးရအုပ်ချုပ်မှုယန္တရားအတွင်း ယုံထင်ကြောင်ထင်သံသယ၀င်စေကုန်၏။ 
- အစိုးရနှင့်လွှတ်တော်၊ လွှတ်တော်နှင့် ခုံရုံးများအကြား ပဋ္ဋိပက္ခများကို ဖြစ်စေကုန်၏။ 
- မဏ္ဍိုင်ကြီး ၃ ရပ်အား မတည်မငြိမ်ဖြစ်အောင် စွမ်းဆောင်နိုင်ကုန်၏။ 
- လွှတ်တော်များအတွင်း တိုက်ခိုက်မှုများကို ဖြစ်စေကုန်၏။ 
- ပါတီတစ်ခုနှင့် တစ်ခုအကြား ရန်စောင်မှုများကို ဖြစ်စေကုန်၏။ 
- ပါတီများအတွင်းတွင်လည်း အချင်းချင်း ခွက်စောင်းခုတ်ကြကုန်၏။ - အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်လည်း ရင်ကြားစေ့မရအောင် သွေးခွဲနိုင်ကုန်၏။ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းတွင်လည်းမညီမညွတ်ပျက်စီးခြင်းသို့ရောက်ရှိ အောင် စွမ်းဆောင်ကြကုန်၏။ 
- ၎င်းလက်နက်သုံးစွဲသူအချင်းချင်းပင်လျင် ကွဲပြားမှုများကို ဖြစ်စေကုန်၏။ 
- လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများကို ပိုမိုကြီးထွားစေကုန်၏။ - နိုင်ငံရေးတက်ကြွသူများအကြား မြှောက်ထိုးပင့်ကော်ရန်တိုက်မှုကို ပြုလုပ်နိုင်ကုန်၏။
 - ယုတ်စွအဆုံး ၄င်းလက်နက်ဖြင့် တိုက်ခိုက်ခံရသူ၏ကိုယ်နှင့် စိတ်မှာပင် မသင့်မြတ်တော့ပေ။ 

ဤလက်နက်၏အမည်ကား ``မီဒီယာလက်နက်´´ ဟု ခေါ်တွင်လေသည်။

 ဤလက်နက်ကို စိတ်ရင်းစေတနာဆိုးရွားသော သာကူးအချို့က သုံးစွဲကြကုန်၏။ ဤလက်နက်ကို သုံးစွဲသူတို့အနေဖြင့် ရရှိနိုင်သောဘေးထွက်ဆိုးကျိုးများမှာ `` ကုန်းတိုက်စကားဆိုသူတို့ခံရမည့်အပြစ်များ အတိုင်းခံရမည့် အတိုင်းပင်တည်း။ သို့ဖြစ်၍ မိတ်ဆွေအပေါင်းတို့အနေဖြင့် ဤလက်နက်ဖြင့် တိုက်ခိုက်ခံရခြင်းမှ ဂရုပြုရှောင်ရှား နိုင်ရေး သတိပေးနှိုးဆော်အပ်ပါကြောင်း။ 

Myanmar Express

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ