ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 October 2012

တာဝန်ချိန်အတွင်း လူ့အသက် ကယ်တင် ခဲ့သည့် မီးရထား ၀န်ထမ်း ၂ ဦးအား ဂုဏ်ပြုဆု ချီးမြှင့်


ရထား ပြေးဆွဲနေစဉ် တာဝန်ချိန် 
အတွင်း တံတားပေါ်မှာ ဖြတ်ကူးနေ
တဲ့ လူနှစ်ဦးကို မတိုက်မိ စေဖို့အတွက် 
အရေးပေါ် ရပ်တန့်ကာ ကယ်တင်ခဲ့တဲ့မီး
 

ရထား ၀န်ထမ်း ၂ ဦးကို ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ မီးရထားမှ 
ရာထူး တိုးမြင့်ပေးခဲ့ ပြီး Popular Plastic Industry Group မှ ဂုဏ်ပြု ချီးမြှင့်တဲ့ အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့က အင်းစိန် မြို့နယ်ရှိ စက်ခေါင်း 
စက်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ အကြောင်းအရာ ဖြစ်ပွားတဲ့ နေရာကတော့ တံတား အမှတ် ၂၈ ၊ ထုံးကြီး၊

 ဒါးပိန်ကြာ၊ မိုင် ၂၃/၂၄နဲ့ ၂၄/၁ နေရာမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး ဧပြီလ ၁၀ 
ရက်နေ့မှာ ဖြစ်ပေါ် ခဲ့တာဖြစ် ပါတယ်။ 

ဒီလို ဖြစ်ပွားခဲ့မှုမှာ အမှတ် ၁၇၆ မော်လမြိုင်-ရန်ကုန် အစုန်ရထား ဟာ
 မော်လမြိုင် ဘူတာမှ ထွက်ခွာလာပြီး နံနက် ၁၀ နာရီခန့်မှာ ထုံးကြီး ဘူတာကို
 ဖြတ်သန်း လာပြီး ဒါးပိန် ဘူတာသို့ ချဉ်းကပ် လာခဲ့ပါတယ်။

 ဒီလို ချဉ်းကပ် လာတဲ့အခါ တံတား အမှတ် ၂၈ အပေါ် လူ ၄ ဦး ဖြတ်သန်း 
သွားနေတာကို တွေ့တဲ့ အတွက် ဟွန်း အဆက်မပြတ် တီးပြီး သတိပေး ခဲ့ပါတယ်။

ဒါပေမယ့်  အဘွားအို တစ်ဦးနဲ့ ကလေးငယ် တစ်ဦးတို့ ကတော့ အခြား 

သူများကဲ့သို့ အမြန် ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ ရထားနဲ့ တိုက်မိနိုင်တဲ့ အခြေ
အနေ ဖြစ်ခဲ့တာကြောင့် စက်ခေါင်းမှူးမှ ရထားရဲ့ အရေးပေါ် ဘရိတ်နဲ့ စက်ခေါင်း
 ဘရိတ် တို့ကို အသုံးပြုကာ အမြန်ဆုံး ရပ်တန့် နိုင်အောင် ကြိုးစား ခဲ့
တယ်လို့ သိရပါတယ်။ 

အဲ့ဒီအချိန် စက်ခေါင်းမှူး လက်ထောက်မှာ စက်ခေါင်း ရှေ့တွဲ ချိတ်ဆက်အုံ ပေါ်မှ
 ရထားပြေးနေစဉ် ရထားရှေ့သို့ ခုန်ဆင်း ပြေးပြီး အဖွားအိုနဲ့ ကလေးငယ်ကို 
တံတားပေါ်မှ တွန်းဖယ်ကာ တံတား အောက်သို့ ခုန်ဆင်းပြီး အသက် 
ကယ်တင် ခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ မီးရထား ၀န်ထမ်း နှစ်ဦးကို Popular Plastic Industry Group မှ 
ဂုဏ်ပြုဆုများ ချီးမြှင့်ရာမှာ ရထားပေါ်မှ ခုန်ဆင်းကာ ကယ်တင်ခဲ့တဲ့ 
လက်ထောက် စက်ခေါင်းမှူး ကို ငွေကျပ်သိန်း ၂၀ ဆု ချီးမြှင့်ခဲ့ပြီး 
စက်ခေါင်း ကြီးကြပ်ရေးမှူး ကိုတော့ ငွေကျပ် ၅ သိန်းချီးမြှင့် ခဲ့တယ်
လို့သိရ ပါတယ်။

MRTV4

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ