ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 October 2012

ကြက်စာဈေးတက်၊ ကြက်မွေးသူ အရှုံးပေါ်

ကြက်စာဈေးမြင့်တက်တာကြောင့် ကြက်မွေးတဲ့သူတွေ အရှုံးပေါ်နေပြီး ပြင်ပ လက်လီ ကြက်သားဈေးကလည်း မကျတာကြောင့် ကြက်သားစားသုံးတဲ့နှုန်းလည်း တက်မလာဘူး ဖြစ်နေပါတယ်။
ပုံမှန်အားဖြင့် အခုလို ၀ါတွင်းကာလမှာ ငါး၊ ပုစွန် ပေါများတာကတကြောင်း၊ သက်သတ်လွတ် စားသုံးသူ များတာက တကြောင်းတို့ကြောင့် ကြက်သားဈေးကျလေ့ရှိတယ်။
အခုနှစ်မှာ ကြက်စာဈေး ၄၀
ရာခိုင်နှုန်းလောက် မြင့်တက်တာကြောင့် ကြက်မွေးတဲ့ ကြက်ခြံ ပိုင်ရှင်တွေ အရှုံးပေါ်နေတယ်လို့ မြန်မာနိုင်ငံ၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ (၃) ဒေါက်တာဒေါ်လှလှသိန်းက ပြောပါတယ်။
“ပထမပိုင်းကတော့ ခြံဖမ်းဈေးက ၂ ထောင်၊ ကြက်အရှင်ရောင်းတဲ့ဈေးက ၂၄၀၀ ရောင်းပေမယ့် ဈေးထဲက ကြက်သားက ၅ ထောင်က မကျဘူး။ ဒါပေမယ့် ဒီရက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ဆင်းလာတာ ၃ ထောင်တော့ မဟုတ်ဘူး။ အခု ၀ယ်စားရင် ၄၅၀၀ လောက်တော့ ရှိတယ်။ အဓိက အဲဈေးကို မချတဲ့အတွက် စားနှုန်းကလည်း မတက်လာပါဘူး။ အဲတော့ အကုန်လုံးက ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ဖြစ်နေတယ်။”
ဒီနှစ်မှာ ကြက်မွေးတဲ့သူတွေ အရှုံးပေါ်စေတဲ့ နောက်ထပ်အချက်တခုကတော့  ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် သီးနှံအထွက်နှုန်းတွေ လျော့ကျလာပြီး တနွယ်ငင်တစင်ပါ ဆိုသလို ကြက်စာဈေးတွေ မြင့်တက်လာတာလည်း ဖြစ်တယ်လို့ ဒေါက်တာလှလှသိန်းက ပြောပါတယ်။
ကြက်စာတမျိုးဖြစ်တဲ့ ပြောင်းဈေးဟာ အချိန် ၅၄ ပိဿာကို အရင် ၁၉၀၀၀ ကျော်ကနေ  အခု ၃၃၀၀၀ ထိ မြင့်တက်ခဲ့ပြီး နောက်အစာတမျိုးဖြစ်တဲ့ ပဲပုပ်ကလည်း တတန်ကို ၅ သိန်း ၄ သောင်းကနေ ၇ သိန်း ၃ သောင်းထိ မြင့်တက်ခဲ့ပါတယ်။
ကြက်မွေးမြူရာမှာ အဓိက အစာ ၂ မျိုးဖြစ်တဲ့ ပြောင်းနဲ့ ပဲပုပ်ဈေး မြင့်တက်တဲ့အခါ ဆန်ကွဲ၊ ဖွဲနုနဲ့ ပဲဖတ်တို့လည်း ဈေးမြင့်တက်လာပြီး၊ မျိုးခြံက ထုတ်လုပ်တဲ့ ကြက်ပေါက်ဈေးဟာ လည်း ဈေးလိုက် တက်ခဲ့တာဖြစ်ပါတယ်။
အခုနေခါ ကြက် ၁ ပိဿာထုတ်လုပ်မှုစရိတ်က ၂၅၀၀ ကျပ်နဲ့ ၂၆၀၀ ကျပ်လောက် ရှိနေပြီး၊ ကြက်ခြံမှာ ကြက်တကောင်ဖမ်းပြီး ရောင်းတဲ့ဈေးက ၂၄၀၀ နဲ့ ၂၄၅၀ ကျပ်လောက်ပဲ ရရှိနေပါတယ်။
လက်ရှိ လက်လီဈေးကွက်မှာ ကြက် ၁ ပိဿာကို ၄၀၀၀-၄၅၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ