ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 October 2012

ရခိုင်ပြည်နယ် သတင်းဂျာနယ် ဆိုင်းဘုတ်တင်






ArakanJournal၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စ၍ ထုတ်ဝေခဲ့သော ရခိုင်ပြည်နယ်ဂျာနယ် ဆိုင်းဘုတ်အား စက်တင်ဘာ (၃၀)နေ့က စစ်တွေမြို့ဗောဓိလမ်းရှိ ဂျာနယ်တိုက်၌ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဆိုင်းဘုတ်တင်ရခြင်းမှာ စစ်တွေရောက် သတင်းထောက်များ စုစုစည်းစည်းလာရောက်နိုင်ရေး၊ လူထုသတင်းပေးပို့နိုင်ရန်ဆိုင်း ဘုတ်တင်ဖြင်းဖြစ်ကြောင်း ကျွန်းသား ငမန်းက ပြောသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်သတင်းဂျာနယ်မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
"ရခိုင်ပြည်နယ်မှာ သတင်းထောက်တွေ၊ တော်တော်လေး အားကောင်းလာနေပြီ၊ ရခိုင်ပြည်နယ် သတင်းဂျာနယ်က ပြည်နယ်အစိုးရရဲ့ ပံ့ပိုးမှုဖြင့်ဆောင်ရွက် နေရတဲ့ သတင်းဂျာနယ် တစ်ခုဖြစ်တယ်။ သီးခြားလွတ် လပ်တဲ့ သတင်းဂျာနယ်တွေ ထပ်မံပေါ်ပေါက်ဖို့အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရဦးမယ်၊ နောက်ပိုင်းမှ ယခုထက် သတင်းလွတ်လပ်ပြီး ရခိုင်ပြည်သူလူထုရဲ့ ဘ၀ကို ထင်ဟပ်စေမယ့် သတင်းတွေ ပိုမိုပါဝင်လာအောင် ကြိုးစားဆောင်ရွက် သွားမှာဖြစ်တယ်။ " ဟု ရခိုင်ပြည်နယ်သတင်းဂျာနယ် အယ်ဒီတာချုပ် ကျွန်းသားငမန်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် သတင်းဂျာနယ်အား တစ်လတွင် တစ်ကြိမ်ထုတ်ဝေကာ တစ်ပြည်လုံး အတိုင်းအတာဖြင့် အစောင်ရေ (၅၀၀) ကျစီထုတ်ဝေကြေင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများနှင့် အခြားစီးပွါးရေး၊ လူမှုရေးဆောင်ရွက်ချက်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒများ၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရခိုင်ပြည်နယ် ပြည်သူများအား အသိပေးရန်၊ ပညာပေးရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်သတင်းဂျာနယ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှစ၍ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
IMG 3612 copy

ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ