ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 October 2012

အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်တွင် ဦးစန္ဒြမုဏိကျောင်းသားများသာရေးနာရေးအသင်းမှ ကွန်ပျူတာသင်တန်း ဖွင့်လှစ်


UCMSWTဦးစန္ဒြမုဏိကျောင်းသားများ သာရေးနာရေးအသင်း(အိန္ဒိယ) U CHANDRAMANI MEMORIAL STUDENT WELFARE TRUST မှ ပညာရေးကော်မတီက ကြီးမှူးပြီး ကွန်ပျူတာသင်တန်းတိကို နာလန္ဒာတက္ကသိုလ်နန့် မာဂဓတက္ကသိုလ်တိမှာ စက်တင်ဘာလ ၃၀ ရက် နိ့ က စတင် ဖွင့်လှစ်ခရေလို့ လေးဝတီက သတင်းရရှိပါသည်။

သင်တန်းကို ဗုဒ္ဒဂယာနှင့် နာလန္ဒာတက္ကသိုလ် နိန်ရာ နှစ်ခုခွဲပနာ ဖွင့်လှစ်ထားပြီး သင်းတန်းကာလမှာ ၅ လ ကြာ ဖြစ်ကြောင်း သိရပါသည်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နန့် ပတ်သက်လို့ အသင်း၏ အတွင်းရေးမှူး ၁ ဦးမေဓသာရ က “ရည်ရွယ်ချက်က အသင်းအနိန်နန့် သာရေးနာရေးက အဓိကပါ။ သာရေးဆိုရေနိန်ရာမှာ ပညာရေးလည်း ပါပါရေ။ ဦးဇင်းရို့ ပညာသင်ကြားနိန်ရေ တက္ကသိုလ်တိမှာက တောနိန် သံဃာတိများပါရေ။ နောက် သံဃာတော်တိ အနိန်နန့် ဘာသာရေးစာပီတိ အပြင် ကွန်ပျူတာဆိုင်ရာ အထွေထွေဗဟုသုတကိုနန့် ခေတ်စနစ်အရ လိုအပ်လာရေ ပညာရပ်တိကို လေ့လာရေအခါ professional အဆင့်မဟုတ်ဘဲ အခြီခံပညာရေးအဆင့်လောက် ဖြစ်နိန်ရေ။ ယင်းနန့် တဖက်တလမ်းက စာသင်သား ရဟန်းသံဃာတိအတွက် အခွင့်အလမ်းရအောင်ဆိုပနာ အသင်းသားတိထဲက ကွန်ပျူတာပညာရပ်ကို တတ်ကျွမ်းထားရေ ပုဂ္ဂိုလ်တိက ဦးဆောင်ပြီးကေ အဂုပိုင် သင်တန်းဖွင့်လှစ် သင်ကြားနိန်စော်ဖြစ်ပါရေ။ အခါအားလျော်စွာလည်း အဂုပိုင် နည်းပညာပိုင်းကျွမ်းကျင်ရေ ပုဂ္ဂိုလ်တိက လာရောက်ပနာ နှစ်စိုင်နှစ်တိုင်းလည်း သင်ကြားပီးပါရေ” လို့ ပြောပြပါသည်။
အသင်းကို စတင်ထူထောင်ခရေ ၂၀၁၀ ခုနှစ်က စတင်နာ အင်္ဂလိပ်စာနန့် ကွန်ပျူတာသင်တန်းတိကို ဆက်တိုက် သင်ကြားပီးနိန်ကြောင်း သိရပါသည်။
အယင်နှစ်တိက သင်တန်းကို နာလန္ဒာရှိ တရုတ်ကျောင်းဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ယင်းကျောင်းတိုက်တွင် သင်တန်းတိကို နှစ်စိုင် ဖွင့်လှစ်ခကေလည်း ဒေဂုနှစ် တတိယအကြိမ်မြောက် သင်တန်းတိကို တက္ကသိုလ်အဆောင်တိတွင် ဖွင့်လှစ်ထားပါသည်။
“ရဟန်းသံဃာတိ အနိန်နန့် သင်တန်းတက်ရောက်ပြီးပါက ကိုယ့်ရပ်ကိုယ့်ရွာ ဒေသတိကို ပြန်ရေခါ ယင်းခေတ်ပညာရပ်တိကို တပြည့်တကာ တကာမတိကို ပြန်လို့ ဗုဒ္ဓတရားတော်နန့် အညီ သင်ကြားပို့ချပီးနိုင်အောင်ပါ နောက် လမ်းပြဦးဆောင်ပုဂ္ဂိုလ်တိ ဖြစ်နိုင်ပါရေ။ မြန်မာနိုင်ငံအတိုင်းတာနန့် ယင်းပိုင်ပုဂ္ဂိုလ်တိကို တဖက်တလမ်းက ပညာဒါနထောက်ပံ့ပီးစော်ရေ ကောင်းမွန်မြတ်ပါရေ။ ဗုဒ္ဓစာပီတိကို ပြန့်ပွားအောင် သင်ကြားနိုင်ဖို့နန့် သာသနာ ကြီးပွားတိုးတက်ရေးအတွက်ကိုပါ လုပ်ဆောင်နိုင်ဂတ်ဖို့အတွက် အဂုပိုင် သင်တန်းတိကို နှစ်စိုင်နှစ်တိုင်း အသင်းစတင်တည်စိုင်ကာလကပင် ပို့ချပီးနိန်ပါရေ” လို့ ဆက်လက်ပြောကြားပါသည်။
အောက်တိုဘာလ ၁ ရက်နိ့ မှာလည်း ဦးစန္ဒြမဏိကျောင်းသားများသာရေးနာရေးအသင်း၏ တည်နေရာ ဦးစန္ဒြမဏိကျောင်းသားများကျောင်းတော်တွင် ဆက်လက် ဖွင့်လားဖို့ ဖြစ်ပြီး သင်တန်းကာလမှာ ၁ လ ဖြစ်ကြောင်း သိရပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို စာသင်သား ရဟန်းသံဃာ အပါး ၅၀ နီးပါးခန့် တက်ရောက်ခပါသည်။
ရခိုင်ပြည်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခရေ ရခိုင်နန့် ဘင်္ဂလီကုလားတိ အဓိကရုဏ်းကြောင့် ဒုက္ခကျရာက်နိန်ဂတ်တေ ရခိုင်ပြည်သူတိအတွက် ဦးစန္ဒြမဏိကျောင်းသားများသာရေးနာရေးအသင်းမှ ကမကထပြုပနာ အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနိန်ဂတ်တေ စာသင်သား ရခိုင်ရဟန်းတော်တိနန့် အိန္ဒိယရောက် ရခိုင်မိသားစုဝင်ဘားက စုစုပေါင်း ကောက်ခံရရှိရေ မြန်မာကျပ်ငွေ ၈၇ သိန်းကို လှူဒါန်ခပါသည်။


လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ