ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 October 2012

ကျောက်တော်မြို့နယ်တွင် စစ်တပ်မှပစ်ခတ်သောကြောင့် ရခိုင် (၈)ဦး သေဆုံး

ကျောက်တော်မြို့နယ်တွင် အောက်တို ဘာလ ၂၆ရက် မနက် (၇)နာရီခွဲကတည်း ကစစ်တပ်မှ ရခိုင်များကို ပစ်ခတ်နေခြင်း မှာ ဆက်တိုက်ဖြစ်နေခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ် ပဋိပက္ခအတွင်း လုံခြုံရေးတာဝန်ယူထားသူမှာ စ.က.ခ မှ စိုးဝင်းအောင်ဖြစ်ပြီး ၄င်းတို့ အဖွဲ့သည် ဘင်္ဂလီရွာနှင့် ရခိုင်ရွာကြားတွင်ရှိသော လမ်းမှနေ၍ ရခိုင်များကို ပစ်ခတ်နေကြောင်း သိရှိရသည်။
ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက " မနေ့က ည (၇)နာရီခွဲအချိန်ကတည်းက ပစ်နေတာ ဒီနေ့အထိ မရပ်သေးပါဘူး။ စစ်တပ်တွေကလည်း ဈေးသွားဝယ်နေတဲ့ လှေ၊ သမ္ဗာန်တွေကိုလိုက်ပြီး ပစ်ခတ် နေပါ တယ်။

အခုလည်း စစ်တပ်ကပစ်လို့ ရခိုင် (၈)ယောက် သေသွားပါတယ်။ အလောင်း (၅)လောင်းကိုတော့ ပြန်ရပါတယ်။ ကျန်တဲ့ (၃)လောင်းကိုတော့ ပြန်မရသေးပါဘူး။ အပြစ်မရှိတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ရွာက ကျောက်တော်မြို့နယ်၊ ရတနာပုံကျေးရွာအုပ်စုက တောင် ဘွယ်ကျေးရွာဖြစ်ပါတယ်။ ညနေ ၄ နာရီကနေ ၉ နာရီ မိနစ်၂၀ အချိန်အထိ ပစ်ခတ်နေတာကြောင့်လူအနည်းဆုံး ၂၀ကျော် သေကြေဒဏ်ရာရရှိတွေ ဖြစ်ပေါ်နေ ပါတယ်။ " ဟုပြောပြသည်။
ကျောက်တော်မြို့နယ်တွင် သေဆုံးသူဦးရေမှာ ၈ ဦး ရှိပြီး အလောင်း (၅)လောင်းကို ပြန်ရခဲ့ပြီး (၃)လောင်းမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ သေဆုံးသူများ၏ ရွာများမှာ ပြည်တော်သာမှ (၃)ယောက်၊ သဝင်ကိုင်းမှ (၁)ယောက်၊ မြောက်တောင်မှ (၄)ယောက်ဖြစ်ကြောင်း သိရှိရ သည်။
အတည်ပြု၍ မရသေးသော သတင်းများအရ ကျောက်တော်မြို့နယ်တွင် ရခိုင် (၈၀၀) ဦးခန့်ပါသော ဘုတ်တစ်စီးကို အစိုးရစစ်သားတစ်ယောက် ဖြစ်သည့် မာရမာကြီး တစ်ယောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ (၈)ဦး သေဆုံးသွားသည်ဟု သိရပြီး (၄၀)ဦးခန့်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
လေးမြို့မြစ်ဖက်မှ ကျောက်တော်သို့ လာသော လှေများကို ခမရ (၃၇၇)မှ ဗိုလ်မှူး အောင်မျိုးထွန်းဦးဆောင်သော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
ကျောက်တော်မြို့မှပဋိပက္ခအတွင်း ကျည်ထိရာဖြင့် စစ်တွေဆေးရုံကြီးတွင် တက်ရောက်နေသော ကိုသန်းရွှေမောင်သည် ဒဏ်ရာပြင်းထန်သဖြင့် ယနေ့ မနက်တွင် ရန်ကုန်သို့ ပို့ဆောင်လိုက်ရကြောင်းသိ ရသည်။
Arakan Times

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ