ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 October 2012

မီဒီယာသမားများသို့ မေတ္တာရပ်ခံခြင်း( သွေးချောင်းစီးစေမည့် အရေးအသားမျိုးကို ရေးသား ထုတ်လွှင့်ခြင်းရပ်တန့် ပါ)

၁- ယခုအချိန်တွင် ရခိုင်ပြည်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်တော်က ပြည်ထောင် စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အား တရားဥပဒေစိုးမိုးရေးကိုရှေးရှူပြီး ဥပဒေနှင့်အညီ တိကျစွာ အမြန်ဆုံးဆောင်
ရွက်ပေးပါရန် သမ္မတဦးသိန်းစိန်ထံသို့  အိတ်ဖွင့်ပေးစာ တစောင်ကို ပေးပို့ ခဲ့ ပါသည် ။

သိုအတူရခိုင်အမျိုးသမီးအစည်းအရုံးမှလည်း ငြိမ်ဝပ်ပိပြားစေရေးကိုဦးတည်ပြီး ငြိမ်း ချမ်းစေရေးအတွက် မေတ္တာရပ်ခံစာ တစောင် ထုတ်ပြန်ခဲ့ ပါသည်။
၂ - ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတရုံးမှလည်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ကွယ်က ကြိုးကိုင်သူများနှင့် လှုံ့ ဆော်ဖန်တီးသူ လူများ -အဖွဲအစည်းများကို ဥပဒေ အရထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းအသိပေးကြေညာချက် ထုတ်ပြန် ထားပါပြီ ။
၃- သို့ ဖြစ်ပါ၍ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပါတ်သက်ပြီးပဋိပက္ခများကို ဆက်လက်ဖြစ် ပွါးစေအောင် အသံများဖြင့် လွှင့်ထုတ်နေသောမြန်မာပိုင်းအသံလွှင့်ဋ္ဌာနများ ၊ ဂျာနယ်-စာစောင်- ၀ပ်ဆိုက်များမှရေးသားနေကြသော ဗုဒ္ဒဘာသာ တိုင်းရင်းသားလူမျိုးများအား လူမျိုးနှစ်မျိုးအကြား ပို၍သွေးချောင်းစီး ပြသနာများအောင် တို့ မီးရို့မီး မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ။
အဘယ့်ကြောင့်ဆိုသော်-RFA- မှ စက်လှေနှင့်ထွက်ပြေးသူ ကျောက်ဖြူမှ မွတ်ဆလင်လူ မျိုးကသူကိုယ်တိုင် မွတ်ဆလင်လူမျိုးအနှေင့် အကြိမ်ကြိမ်ပြောနေသည်ကိုသတင်းထောက် မှ အင်တာဗျူးနေသည့်တိုင် လူမျိုးရေးပဋိပက္ခကိုဆက်လက်ဖြစ်ပွါးစေအောင် သွေးချောင်း စီးစေမည့် အရေးအသားမျိုးကို ရေးသားထုတ်လွှင့်နေသည်ကို တွေ့ မြင်နေရပါသည် ။
၎- ယခုအချိန်မှာ ပြဿာနာများကို ဆက်လက်မဖြစ်ပွါးအောင် ထိမ်းသိမ်းပြီးသွေးချောင်း စီးခြင်း ၊ နေအိမ်များ မီးရို့ ခြင်းကို မပြုလုပ်ကြပါရန်မေတ္တာရပ်ခံနေကြရာ ယခုလို အရေး အသားများ ၊ အသံလွှင့်နေခြင်းများအား နောင်ကိုမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ သတိပေးလိုက်ပါသည် ။
ခိုင်အောင်ကျော် နယူးယောက် အမေရိကပြည်ထောင်စ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ