ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 October 2012

ကျောက်ဖြူမှထွက်ပြေး စက်လှေ ၄၀ စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်


ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကြမ်း ဖက်မှုများ ပြုလုပ်ခဲ့ပြီး ဘုတ် ၄၀ စီးခန့်ဖြင့် ထွက်ပြေးတိမ်းရှောက်သွားသော ရာပေါင်း များစွာ ဘင်္ဂလီမူဆလင်များမှာ ယမန်နေ့ ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားခဲ့ကြောင်း သတင်းရရှိသည်။
မောင်တောမြို့နယ် အလယ်သံကျော်နယ်မြေ ကျောက်ပန်းတူနယ်မြေတွင် သက်ဆိုင် ရာမှ ယင်းတို့အား စခန်းဖွင့်လက်ခံနေကြောင်းနှင့် မောင်တောမြို့နယ်နှင့် မျက်နှာချင်း ဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း
တာခ်နာမြို့နယ်သို့ ယင်းစက်ဘုတ်တချို့ ထပ်မံထွက်ပြေး သွားရောက်နိုင်ကြောင်း နယ်စပ်မှ သတင်းများ ထွက်ပေါ် လာနေသည်။
မောင်တောမြို့နယ်၊ ကျောက်ပန်းတူနယ်မြေတွင် ရခိုင်ကျေးရွာ အိမ်ခြေမှာ (၇၀) ကျော်ခန့်သာရှိ၍ ဘင်္ဂလီရွာများမှာ (၃)ရွာခန့်ရှိပြီး အိမ်ခြေမှာ(၁၀၀၀) ကျော်ခန့်ရှိသည် ဟု သိရသည်။ ယခု ဒုက္ခသည်စခန်း ချမည့်ရွာ အမည်မှာ သင်္ဘောကွေ့ရွာဟု သိရပြီး မောင်တောမြို့မှ (၅)မိုင်ခန့်၊ ကျောက်ပန်းတူရွာမှ နာရီဝက်ခန့် သာ ဝေးသည် ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ် လ၀က၊ ရဲ၊ လုံထိန်းတာဝန်ရှိ တချို့ အနေဖြင့် ယနေ့မနက် ၅ နာရီချိန်တွင် ယင်းကျောက်ပန်းတူသို့ သွားရောက်ပြီး ဘင်္ဂလီမူဆလင်များအား လက်ခံနေရာချပေးမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းမှ သတင်းပေးပို့ချက်အရ သိရှိရသည်။
မောင်တောမြို့နယ်တွင်ဒုက္ခသည်စခန်းဖွင့်ရန် ရောက်ရှိလာပုံကို ကျောက်ပန်းတူရွာမှ ဒေသခံအမျိုးသမီးအား မေးမြန်းရာ " ကျမတို့ရွာ ကျောက်ပန်းတူရွာ (နတလရွာ)လို့ ခေါ်ပြီးတော့ ဘင်္ဂလီရွာကိုကျတော့ ကျောက်ပန်းတူ ဘင်္ဂလီရွာလို့ခေါ်ပါတယ်။
ဒီနေ့ နံနက် (၉) နာရီကျော်လောက်မှာ မောင်တော ကွပ်ကဲရေးမှူး၊ နစက၊ နဝတ ၊ လဝကနှင့် နိုင်ငံခြားဧည့်သည်များ (၄၀)ကျော်က သင်္ဘောကွေ့ရွာမှာ ဘင်္ဂလီတွေ အတွက် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ နေရာကိုကြည့်ရန် ရောက်လာကြပါတယ်။
အဲဒါကို ရွာသူရွာသားတွေကကြားတော့ ရွာဦးကျောင်းနှင့် စခန်းက စောင့်နေပြီးတော့ စခန်းကိုမဖွင့်ဖို့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
မောင်တောကွပ်ကဲရေးမှူးကတော့ ဘာမှ စိတ်မပူကြဖို့နှင့် အားလုံးကို သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။ သင်္ဘောကွေ့ရွာက ပင်လယ်နဲ့ ပင်လယ်ကမ်းခြေနီးပြီးတော့ မောင်တောကားလမ်းအောက်မှာ ရှိတာပါ။
အခု အဲဒီရွာမှာ ပြေးလာကြတဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားပြီးသွားလျှင် တစ်ခုခုဖြစ်မှာကို ရွာသူရွာသားတွေက အရမ်းစိုးရိမ် နေကြပါတယ်။ " ဟု ပြောပြသည်။
မောင်တောမြို့နယ်၊ ကျောက်ပန်းတူရွာနှင့် အနီးနားတွင်ရှိသော ဘင်္ဂရွာမှ ရွာသူရွာသားများသည် အေးအေး ချမ်းချမ်းနဲ့ နေထိုင်နေကြကြောင်း၊ အခု ထွက်ပြေး လာကြသော ဘင်္ဂလီမျာအတွက် သင်္ဘောဆိပ်ကွေ့တွင် ဒုက္ခသည်စခန်း ဖွင့်ပြီးသွားလျှင် ဆူပူမှုများ ဖြစ်လာမည်ကို ရွာသူရွာသားများ စိုးရိမ်နေကြောင်း၊ ဒုက္ခသည်စခန်း ထားမည်၊ မထားမည်ကို သေချာစွာ မသိရှိရသေးကြောင်း မောင်တောဒေသခံ အမျိုးသီးတစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။
သတင်း။ArakanTimes သတင်းဌာန
ဓါက်ပုံ။
Rakhine Straight Views

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ