ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 November 2012

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်ရန် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ ထပ်မံအတည်ပြု


--------------------------------------------------------------------
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် ရှာနာထရာဝပ် တို့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ ...


ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် 
အပြီးသတ်လုပ်ဆောင်ရန် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ 
ထပ်မံအတည်ပြု 

--------------------------------------------------------------------

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် 
ရှာနာထရာဝပ် တို့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် (၂၁) ကြိမ်မြောက် အာဆီယံ 
ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊  ဖနွမ်းပင်ရှိ Peace 
Palace အဆောက်အအုံ၌ တွေ့ဆုံခဲ့ပါသည်။  ထိုသို့ တွေ့ဆုံရာ၌ ထားဝယ်ရေနက် 
ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန် တည်ဆောက်ရေး လုပ်ငန်းများ၌ နှစ်ဦး 
နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို  အဓိက ဆွေးနွေးခဲ့ကြပြီး 
ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် 
လုပ်ဆောင်မည်ဟု နှစ်နိုင်ငံ ခါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့ကြပါသည်။



“ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ 
သဘောတူညီချက် ရခဲ့ပါတယ်။ ဒီသဘောတူညီချက် အရ ဒီဇင်ဘာလလယ်မှာ ယင်လတ် ရှင်နာ 
ထရာဝပ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ထားဝယ် ရေနက်ဆိပ်ကမ်းကို လေ့လာဖို့ 
ရောက်လာပါ လိမ့်မယ်။ မြန်မာ သမ္မတကလည်း လေ့လာရေး လာရောက်ဖို့ကို 
သဘောတူညီခဲ့ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန၏ အမြဲတမ်း 
အတွင်းရေးမှူး Sihasak Phuangketkeow က  နှစ်နိုင်ငံ ခေါင်းဆောင်များ 
တွေ့ဆုံမှု အပြီးတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။



ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်သော နှစ်နိုင်ငံ 
ပူးပေါင်းကော်မတီများ၏ ပထမအကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ရက်နေ့က 
ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ 
ခုနှစ်တွင် အပြီးသတ်ရန် ကနဦး သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။



ပူပေါင်းကော်မတီများ၏ သဘောတူညီချက်အရ နှစ်နိုင်ငံ ကုန်သွယ်ရေး 
လမ်းမကြီးများ၊ ပင်လယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး၊ စက်မှုဇုန်များ၊ 
လျှပ်စစ် စွမ်းအင် စက်ရုံများ၊ သောက်သုံးရေနှင့် အညစ်အကြေး စွန့်ပစ်သည့် 
စနစ်များ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အမြန်ရထား ပြေးဆွဲရေး၊ ဒေသဆိုင်ရာ 
တိုးတက်ဖွံ့ဖြိုး အစရှိသည်တို့ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်ရန် 
သဘောတူညီခဲ့ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံအပြီး 
ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။



မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုတွင် သဘော 
တူညီချက်များကို ထပ်မံ ပြောကြားခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် ထားဝယ် 
ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် 
အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ တွက် ပြဌာန်းထားသော ဥပဒေအရ 
အကာအကွယ်ပေးမည်ဟု  တာဝန်ယူထားကြောင်း၊ ရင်းနှီးမြုပ်နှံမှုများကို 
အကောင်အထည် ဖော်ရန်အတွက် ခွင့်ပြုထားသော ဥပဒေအရ ခိုင်မာသည့် စည်းမျဉ်း 
စည်းကမ်းများ ထည့်သွင်း ဖော်ပြထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ 
လုပ်ငန်းများကို ထောက်ပံ့ခြင်းများ၊ထို့အပြင် ဆွဲဆောင်မှုရှိသော 
ရင်းနှီးမြုပ်နှံမှုများကိုပါ ထည့်သွင်း ဖော်ပြထားကြောင်း ပြောဆိုခဲ့ပါသည်။



ထိုင်းအစိုးရဘက်မှ နည်းပညာ အကူအညီများ၊ ဆောက်လုပ်ရေးနှင့် ပတ်သက်သော 
ပူးပေါင်း ဆောင်ရွက်ခြင်းများကို အထူးကောင်းမွန်စွာ 
ပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးသဖြင့် ငွေကြေး ရွေ့ပြောင်းခြင်းများ အပါအ၀င်
 ထားဝယ်ဒေသအတွက် အလုပ်အကိုင်များ စတင်ရန် တာဝန်ယူပေးမည် ဖြစ်ကြောင်း 
အစရှိသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။



ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် အဆင့်မြင့် 
ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) တွင် မြန်မာ ဒုတိယ သမ္မတ 
ဦးဥာဏ်ထွန်းနှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ကစ်တီရတ် 
နာရနောင်းတို့က ပူးတွဲ ဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်ခဲ့သည်။ သာမန် 
ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(JCC) တွင် မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာန 
ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံး 
ဝန်ကြီး နီဝပ်တန်ရောင်း ဘူဆွန်ပိုင်ဆန် တို့က ပူးတွဲ ဥက္ကဋ္ဌ အဖြစ် 
ဆောင်ရွက်ခဲ့ပါသည်။



အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီများ နိုဝင်ဘာလအတွင်းက တွေ့ဆုံချိန်၌ 
ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး ထိုအစဉ်အစဉ် 
ကော်မတီခွဲများမှ စဉ်းစားပေးရန်၊ အခြာသော ကော်မတီ ခွဲများကိုလည်း 
တာဝန်ခွဲဝေ သတ်မှတ်ခဲ့ကြောင်း သိရသည်။



စီမံကိန်းနှင့် ပတ်သက်သော အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) ၏
  ဒုတိယ အကြိမ် အစည်းအဝေးကို ၂၀၁၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ 
ပြုလုပ်မည် ဖြစ်ပြီး သာမန် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JCC) ၏ ဒုတိယ 
အကြိမ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း 
တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။



နှစ်နိုင်ခေါင်းဆောင်များ၏ တွေ့ဆုံမှုတွင် ထားဝယ် ရေနက် ဆိပ်ကမ်း 
တည်ဆောက်ရေးအတွက် အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများအနက် 
စိတ်ဝင်စားသူများကို ပါဝင်ရန် ဖိတ်ခေါ်ထားသည့် အကြောင်းကိုလည်း ထည့်သွင်း 
ပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံသူများအနေဖြင့် အဆင့်မြင့် 
ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) သို့ ဆက်သွယ်ရန် ကမ်းလှမ်းထားသည်ဟု 
သိရသည်။ 



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် 
ရှာနာထရာဝပ်  Peace Palace အဆောက်အအုံ၌ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ- 
နေထွန်းနိုင်)

Ref ; EMG

Peace Palace အဆောက်အအုံ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန် တည်ဆောက်ရေး လုပ်ငန်းများ၌ နှစ်ဦး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြပြီး ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်မည်ဟု နှစ်နိုင်ငံ ခါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့ကြပါသည်။

“ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီသဘောတူညီချက် အရ ဒီဇင်ဘာလလယ်မှာ ယင်လတ် ရှင်နာ ထရာဝပ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ထားဝယ် ရေနက်ဆိပ်ကမ်းကို လေ့လာဖို့ ရောက်လာပါ လိမ့်မယ်။ မြန်မာ သမ္မတကလည်း လေ့လာရေး လာရောက်ဖို့ကို သဘောတူညီခဲ့ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန၏ အမြဲတမ်း အတွင်းရေးမှူး Sihasak Phuangketkeow က နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှု အပြီးတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်သော နှစ်နိုင်ငံ ပူးပေါင်းကော်မတီများ၏ ပထမအကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ရန် ကနဦး သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ပူပေါင်းကော်မတီများ၏ သဘောတူညီချက်အရ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းမကြီးများ၊ ပင်လယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး၊ စက်မှုဇုန်များ၊ လျှပ်စစ် စွမ်းအင် စက်ရုံများ၊ သောက်သုံးရေနှင့် အညစ်အကြေး စွန့်ပစ်သည့် စနစ်များ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အမြန်ရထား ပြေးဆွဲရေး၊ ဒေသဆိုင်ရာ တိုးတက်ဖွံ့ဖြိုး အစရှိသည်တို့ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုတွင် သဘော တူညီချက်များကို ထပ်မံ ပြောကြားခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ တွက် ပြဌာန်းထားသော ဥပဒေအရ အကာအကွယ်ပေးမည်ဟု တာဝန်ယူထားကြောင်း၊ ရင်းနှီးမြုပ်နှံမှုများကို အကောင်အထည် ဖော်ရန်အတွက် ခွင့်ပြုထားသော ဥပဒေအရ ခိုင်မာသည့် စည်းမျဉ်း စည်းကမ်းများ ထည့်သွင်း ဖော်ပြထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းများကို ထောက်ပံ့ခြင်းများ၊ထို့အပြင် ဆွဲဆောင်မှုရှိသော ရင်းနှီးမြုပ်နှံမှုများကိုပါ ထည့်သွင်း ဖော်ပြထားကြောင်း ပြောဆိုခဲ့ပါသည်။

ထိုင်းအစိုးရဘက်မှ နည်းပညာ အကူအညီများ၊ ဆောက်လုပ်ရေးနှင့် ပတ်သက်သော ပူးပေါင်း ဆောင်ရွက်ခြင်းများကို အထူးကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးသဖြင့် ငွေကြေး ရွေ့ပြောင်းခြင်းများ အပါအ၀င် ထားဝယ်ဒေသအတွက် အလုပ်အကိုင်များ စတင်ရန် တာဝန်ယူပေးမည် ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) တွင် မြန်မာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ကစ်တီရတ် နာရနောင်းတို့က ပူးတွဲ ဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်ခဲ့သည်။ သာမန် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(JCC) တွင် မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံး ၀န်ကြီး နီဝပ်တန်ရောင်း ဘူဆွန်ပိုင်ဆန် တို့က ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီများ နိုဝင်ဘာလအတွင်းက တွေ့ဆုံချိန်၌ ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး ထိုအစဉ်အစဉ် ကော်မတီခွဲများမှ စဉ်းစားပေးရန်၊ အခြာသော ကော်မတီ ခွဲများကိုလည်း တာဝန်ခွဲဝေ သတ်မှတ်ခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ပတ်သက်သော အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ၂၀၁၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည် ဖြစ်ပြီး သာမန် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JCC) ၏ ဒုတိယ အကြိမ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်နိုင်ခေါင်းဆောင်များ၏ တွေ့ဆုံမှုတွင် ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများအနက် စိတ်ဝင်စားသူများကို ပါဝင်ရန် ဖိတ်ခေါ်ထားသည့် အကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံသူများအနေဖြင့် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) သို့ ဆက်သွယ်ရန် ကမ်းလှမ်းထားသည်ဟု သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် ရှာနာထရာဝပ် Peace Palace အဆောက်အအုံ၌ တွေ့ဆုံခဲ့စဉ်။

(ဓာတ်ပုံ- နေထွန်းနိုင်)
  


EMG

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ