ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 November 2012

မြန်မာ့စီးပွားရေးဘဏ်မှငွေပို့ယာဉ်နှင့် အကျဉ်းထောင်များသို့ ပို့ဆောင်မည့် တရားခံပို့ယာဉ်တန်းအား KIA မိုင်းခွဲတိုက်ခိုက်


http://4.bp.blogspot.com/-aTUT6YC2gBA/UKrAzT7Wr4I/AAAAAAAAiJ0/a7XNooH43hk/s400/www.myanmarexpress.net+(2).jpg
ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ်သန်း(၃၀၀၀)အား မြစ်ကြီးနားမြို့သို့ ပို့ဆောင်ရန်နှင့် ဖားကန့်မြို့မှ မိုးညှင်းနှင့်မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်မည့်တရားခံ (၁၈၆)ဦးအား ပို့ဆောင်ရန် ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တမြို့နယ်မှူးဒုရဲမှူးအောင်သန်း ဦးဆောင်ပြီးမော်တော်ယာဉ် (၆)စီး သည်ဖားကန့်မြို့မှ နိုဝင်ဘာ(၁၄)ရက်နေ့(၇)နာရီတွင် စတင်ထွက်ခဲ့ပါတယ်။ နံနက်(၁၀)နာရီအချိန်ခန့်
မှာတော့ကချင်လက်နက်ကိုင် KIAတပ်မဟာ(၂) လက်အောက်ခံတပ်ရင်း(၆)မှ တပ်ဖွဲ့တစ်ဖွဲ့ဟာ မော်တော်ယာဉ်တန်းနဲ့ ပေ(၆၀)အကွာကနေပြီး အဝေးထိန်းစနစ်ဖြင့်မိုင်း(၂)လုံးဖြင့်ဖောက်ခွဲတိုက်ခိုက် ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည် တိုက်ခိုက်မှုကြောင့်KIA တပ်ဖွဲ့တွေ ဆုတ်ခွာသွားခဲ့ ပါတယ်။

    ဆုတ်ပြေးသွားခဲ့တဲ့ KIA တပ်ဖွဲ့တွေဟာ (၅)မိုင်ကျေးရွာမှာလုံခြုံရေးဆောင်ရွက်နေတဲ့ အစိုးရစစ်တပ်က တပ်ရင်းတစ်ရင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့်အောင်မြင်မှုမရှိဘဲ ဆုတ်ခွာ ထွက်ပြေးခဲ့ရပြန်ပါတယ်။ နိုင်ငံတော်ပိုင်ငွေကြေးနဲ့ အကျဉ်းထောင်သားတွေပါဝင်တဲ့ ယာဉ်တန်းဟာ ဆက်လက်ထွက်ခွာလာရာမှာ နန့်ယားကျေးရွာအထွက်မှာ KIA တပ်ဖွဲ့တွေရဲ့ နှောင့်ယှက် တိုက်ခိုက်ခြင်းကို ထပ်မံခံရပါတယ်။ အခုအခါတိုက် ခိုက်ရာမှာတော့ ဘေးဘယ်ညာကနေ အဝေးထိန်းမိုင်း(၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ခံခဲ့ရပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားပြန်လည်တိုက်ခိုက်မှု ကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။

    ကချင်လက်နက်ကိုင်တပ်တွေအနေနဲ့ ဒီလိုမျိုးယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်နေတာဟာ KIA တပ်ဖွဲ့ ၀င်တွေထဲက မူးယစ်ဆေးဝါးမှုနဲ့ပြစ်ဒဏ်ကျခံရမယ့်သူတွေကိုကယ်တင်ဖို့နဲ့ ယာဉ်တန်းနဲ့ အတူ ပါလာတဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို လုယူဖို့အတွက်ဖြစ်ပါတယ်။ KIA မှာ ငွေကြေးနဲ့ စားနပ်ရိက္ခာတွေပြတ် လတ်နေတဲ့ KIA တပ်ဖွဲ့အတွင်းမှာ ငြိမ်းချမ်းရေးရယူလိုသူတွေ တစ်နေ့ ထက်တစ်နေ့ပိုမိုများပြားလာနေ ပါတယ်။KIO/KIA ခေါင်းဆောင်ပိုင်းတွေရဲ့  အကြောက်တရားနဲ့ လွှမ်းမိုးထားမှုကြောင့်သာ KIAငယ်သား တွေမှာ ငြိမ်းချမ်းရေးအကြောင်း မပြောဆိုနိုင်ခြင်းဖြစ်ပါတယ်။

    နိုဝင်ဘာ(၁၄)ရက်နေ့က KIA လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံရမယ့် ယာဉ်ပေါ်မှာပါတဲ့တရားခံ(၁၈၆)ဦးအနက် (၃)ဦး သေဆုံးပြီး (၂၀)ဦးဒဏ်ရာ ရရှိခဲ့ ပါတယ်။ ဒဏ်ရာရလူနာတွေကိုတော့ ကာမိုင်းမြို့နယ်မှာ ဆေးကုသ ပေးလျက်ရှိပြီး ယာဉ်တန်း ကတော့ ကာမိုင်းမြို့နယ်အတွင်းမှာပဲ ခေတ္တရပ်နားလျက်ရှိပါတယ်။

 Myanmar Express

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ