ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 November 2012

လင်နဲ့မယား လျှာနဲ့သွား


ယနေ့ FB ကြည့်နေချိန်တွင် Friend တစ်ယောက်က ယခုလို
မေးခွန်းတစ်ခု မေးသွားခဲ့၏ ။
Friend မေး - ခင်ဗျားမကြာမကြာရေးတဲ့ ဆောင်းပါးတွေဖတ်
ဖြစ်ပါတယ်။ဒါပေမယ့် ဆောင်းပါးအကုန်လုံးက မရဏာနုဿတိ
ကမဋ္ဌါန်းဘာဝနာ၊ကံလေးမျိုး၊ဇော(၇)တန် အစရှိတဲ့ ဘာသာရေး
ဆောင်းပါးတွေချည်းဖြစ်နေတယ်။တစ်ခါတစ်လေ ကျွန်တော်တို့
လူငယ်တွေအတွက် သမီးရည်းစားအကြောင်း၊လင်မယားအကြောင်း
လေးတွေ ဗဟုသုတဖြစ်အောင်ရေးပါနော်။
သို့ဖြစ်၍ ကျွနုပ်မှာ လင်မယားအကြောင်းအရာနှင့် ပါတ်သက်သည့်
အဖြစ်အပျက်အချို့ကို တောင်တွေးမြောက်တွေးစဉ်းစားကြည့်မိ၏ ။
ဤတွင် ကြာနီကန်ဆရာတော်၏ တရားတစ်ပုဒ်၌ ထည့်သွင်းဟော
ကြားထားသော အကြောင်းအရာတစ်ခုကို သတိရမိ၍ ဤဆောင်းပါး
တိုလေးကို ရေးသားလိုက်ခြင်းပင်ဖြစ်၏ ။
တစ်ခါက ရွာတစ်ရွာမှာ လယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျမ်းပြု
သော လင်မယားနှစ်ယောက်ရှိလေ၏ ။ လင်ဖြစ်သူက တစ်ခါတစ်ခါ
စိတ်တိုကရုံကလွဲပြီး အေးအေးဆေးဆေးနေတတ်သူဖြစ်သော်လည်း
မိန်းမဖြစ်သူမှာ မိုးလင်းကနေမိုးချုပ်ထိ ဗျစ်တောက်ဗျစ်တောက်မြည်
တွန်နေရမှ နေကောင်းထိုင်သာ ဖြစ်သည်ဟုယူဆထားပုံရလေသည်။
တစ်နေ့တွင် ယောက်ကျားဖြစ်သူ၏ စပါးခင်းထဲ လယ်ပါးနီးချင်း၏
နွားက စပါးလာစားသောကြောင်း အတော်အသင့်ပျက်စီးဆုံးရှူံးသွား
လေ၏ ။ အလျှော်တောင်းဖို့ကလည်း လယ်ပါးနီးချင်းဖြစ်၍ ပြောဖို့က
အခက်၊မတောင်းပြန်လျှင်လည်း ပင်ပင်ပန်းပန်းစိုက်ပျိုးထားသော
ကိုယ့်စပါးကဆုံးဖြစ်နေတော့ စိတ်တိုတိုဖြင့် နေမွန်းတည့်အချိန်၌
အိမ်သို့ပြန်လာခဲ့၏ ။
မိန်းမဖြစ်ဖြစ်သူကလည်း လင်သား၏မျက်နှာရိပ်၊မျက်နှာကဲကိုမကြည့်
ဘဲ သူ့ပုံမှန်မြည်တွန်နေကျအတိုင်း နေပူထဲကလာတဲ့လင်သားကို
ဗျစ်တောက်ဗျစ်တောက်ဖြင့် မြည်တွန်တော့၏ ။
ဒီတော့ မောင်မင်းကြီးသားမှာ စပါးခင်းကိုနွားစားလို့ ဒေါသထွက်လာ
တာကတစ်မျိုး၊နေပူထဲကလာတာကတစ်မျိုး၊ဗိုက်ဆာလာတာကတစ်
မျိုး၊ဒီကြားထဲမိန်းမလုပ်သူက ဗျစ်တောက်ဗျစ်တောက် မြည်တွန်တော့
မိန်းမလုပ်သူကို ရိုက်နှက်မိလေတော့၏ ။
ယခုလိုရိုက်လိုက်တော့လည်း မိန်းမလုပ်သူမှာ ငိုယိုရုံကလွဲပြီး ဘာမှမတတ်
နှိုင်ပေ။သို့နှင့် လင်မယားနှစ်ယောက်မှာ တစ်ယောက်ကို မခေါ်တော့ဘဲ
နေကြရတော့၏ ။ ရန်မဖြစ်ခင်က လင်သားပြန်လာလျှင် မယားဖြစ်သူက
ထမင်းအဆင်သင့်၊ဟင်းအဆင်သင့်ခူးခပ်ထားသော်လည်း ယခုတွင်ကား ကိုယ့်ထမင်းကိုခူးစာရတော့သည်။ညအိပ်ရာဝင်တဲ့အခါမှာလည်း သုံးနဲ့လေး
လိုကျောချင်းထား၍ တစ်ယောက်ကိုတစ်ယောက်မထိကြေး ပုံစံမျိုးအိပ်ကြ၏ ။
သို့သော်လည်း တစ်ချက်တစ်ချက် အိပ်နေပြီလားလို့ တစ်ယောကိကို
တစ်ယောက်ခိုးခိုးကြည့်တတ်ကြ၏ ။
ပြဿနာဖြစ်ခါစမို့ ဂျင်းစိမ်းနဲ့မိဿလင်၊သူတင်းကိုယ်တင်းဖြစ်နေကြသော်
လည်း သုံးလေးရက်ကြာလာသောအခါ ဒေါသများတစ်ဖြေးဖြေးပြေလျှော့
လာ၍ အတွေးကိုယ်စီဖြစ်လာကြ၏ ။
လင်ဖြစ်သူက ငါသူ့ကိုပါးစပ်နဲ့ပြောလိုက်ရင်လည်းရသားနဲ့၊ခုလိုစိတ်လိုက်
မာန်ပါလုပ်မိတော့ သူတော်တော်နာရှာမှာဘဲ။ငါကိုက ဒေါသကြီးပါတယ်လေ...
မိန်းမဖြစ်သူကလည်း အော်....နေပူထဲကလာတဲ့သူ့ကို ဆိုင်းမဆင့်ဗုံမဆင့်
ငါပြောမိတာ မှားသွားပါလား။သူလည်း လူရှေ့သူရှေ့ဆိုတော့ ရှက်လို့ရိုက်တာ
နေမှာပါလေ...။ယောက်ကျားသားဆိုတော့လည်း မိန်းမဗျစ်တောက်ဗျစ်တောက်
မြည်တွန်တာ ဘယ်ခံချင်ပါ့မလဲဆိုပြီး တစ်ယောက်ကိုတစ်ယောက် ခေါ်ချင်
ပေမယ့်လည်း သူအရင်ခေါ်မှငါခေါ်မယ်ဆိုပြီး လူနှစ်ယောက်မှာ အလယ်ကို
ရွေးနေကြသလို တစ်ယောက်ကိုတစ်ယောက် မူနေကြ၏ ။
မခေါ်ဘဲနေတာ လေးငါးရက်ရှိပြီတော့လည်း အစစအရာရာ အဆင်မပြေဘူးပေါ့။
သည်လိုနှင့် တစ်နေ့မနက်မှာ လင်ဖြစ်သူကလယ်ထဲဆင်းနီး မိန်းမကိုခေါ်ချင်
စိတ်ကြောင့် တံဇဉ်ကိုမြင်နေပါလျှက်နဲ့ မိန်းမလုပ်သူကြားအောင်...
ငါ တံဇဉ်ကို ဘယ်နားထားမိပါလိမ့်ဟု...အော်ပြောလေရာ
မိန်းမလုပ်သူကလည်း နဂိုကတည်းကခေါ်ချင်နေတာကြောင်း လင်ဖြစ်သူကြား
အောင် ရှင့်ဟာ ဟိုနားထိုးထားတယ်လေ...လို့ ပြန်ပြောလိုက်ရာ ထိုနေ့မှစ၍
လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်သွားကြလေ၏ ။
၎င်းအဖြစ်မျိုးမှာ လင်မယားအကြား မကြာခဏဖြစ်တတ်သည့် ကိစ္စတစ်ခုပင်
ဖြစ်၍ တစ်နည်းအားဖြင့် လင်နဲ့မယားလျှာနဲ့သွားဟု ဆိုရိုးစကားရှိခြင်းပင်
ဖြစ်ပါလိမ့်မည်။

ကျန်းမာချမ်းသာကြပါစေ...
စံအောင်မြင့်

ခေတ္တ / မလေးရှား
၆.၁၁.၂၀၁၂

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ