ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 November 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Guido Westerwelle အား လက်ခံတွေ့ဆုံ




နေပြည်တော် နိုဝင်ဘာ  ၆

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဌာနဝန်ကြီး H.E. Mr. Guido Westerwelle အား  နိုဝင်ဘာ(၅)ရက် ညနေ(၅)နာရီ (၁၅)မိနစ်တွင် ဗီယင်ကျန်းမြို့ရှိ National Convention Center ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ်  နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတရုံးစာမျက်နှာမှ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ