ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 November 2012

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ၃၆၄/၂ဝ၁၂
နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)
ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ
၂၄၊ ပုဒ်မခွဲ (က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန် လိုက်သည်။
အခန်း ( ၁ )

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်
၁။      ဤနည်းဥပဒေများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။
၂။     ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည့် အပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က)
ဥပဒေ ဆိုသည်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ  ဥပဒေကို ဆိုသည်။

(ခ)
အုပ်ချုပ်ရေးမှူး ဆိုသည်မှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးကို ဆိုသည်။

(ဂ)
ပုံစံဆိုသည်မှာ  ဤနည်းဥပဒေများအရ  သတ်မှတ်သည့် ပုံစံကို ဆိုသည်။
အခန်း ( ၂ )

ခွင့်ပြုမိန့်လျှောက်ထားခြင်း
၃။   ငြိမ်းချမ်းစွာ စုဝေးခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ကိုဖြစ်စေ ရရှိလိုသူသည် မိမိဆောင်ရွက် လိုသည့် ကိစ္စရပ်အတွက် သက်ဆိုင်ရာ ပုံစံ (၁)၊ (၂)သို့မဟုတ် (၃)ပါအတိုင်း အချက်အလက်များကိုဖော်ပြ၍ မိမိဆောင်ရွက်လိုသည့် နေ့ရက်မတိုင်မီ အနည်းဆုံး ငါးရက်ကြိုတင်၍ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည်။

၎။  ငြိမ်းချမ်းစွာ စုဝေးခြင်းကို ဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ်စေ ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်လိုသူသည်  မြို့နယ် တစ်ခုထက် ကျော်လွန်၍  ဆောင်ရွက်ရန် ရှိပါက သက်ဆိုင်ရာ မြို့နယ်အားလုံး၏ခွင့်ပြုချက်ရရှိရန် နည်းဥပဒေ ၃ ပါအတိုင်း လျှောက်ထားရမည်။

၅။    နည်းဥပဒေ ၃  သို့မဟုတ် ၄အရ  ခွင့်ပြုမိန့်လျှောက်ထားရာတွင် လျှောက်ထားသူ၊ ဦးဆောင်မည့်သူ၊ ဟောပြောမည့်သူတို့၏ ကိုယ်ရေးအချက်အလက်များကို ပုံစံ (၄)ပါ အတိုင်း ဖော်ပြ၍ ပူးတွဲရမည်။

၆။    ခွင့်ပြုမိန့် တောင်းခံသည့် လျှောက်လွှာကို မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်လက်ခံရမည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး မရှိပါက တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးဦးက လက်ခံ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆောလျင်စွာ ဆက်လက်တင်ပြရမည်။

၇။   ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာတွင် ပါဝင်ရမည့်အချက်များ မပြည့်စုံပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးကဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော ရဲအရာရှိကဖြစ်စေ လျှောက်ထားသူအား လိုအပ်ချက်များရှင်းပြ၍ လျှောက်လွှာကို ဆောလျင်စွာ ပြန်လည် ပေးအပ်ရမည်။

၈။      ပါဝင်ရမည့်အချက်များမပြည့်စုံသဖြင့် လျှောက်လွှာကိုနည်းဥပဒေ ၇ အရ ပြန်လည် ပေးအပ်ခံရပါက လျှောက်ထားသူသည် အချက်အလက်ပြည့်စုံစွာ ပါရှိသော လျှောက်လွှာကို ပြန်လည် တင်ပြနိုင်သည်။ ယင်းသို့ လျှောက်လွှာကို ပြန်လည်တင်ပြပါက ခွင့်ပြုမိန့် တောင်းခံသည့် လျှောက်လွှာကို မိမိဆောင်ရွက်မည့် နေ့ရက်မတိုင်မီ အနည်းဆုံး  ငါးရက် ကြိုတင်၍ တင်ပြရမည်။

၉။    မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်။ မြို့နယ် အုပ်ချုပ်ရေးမှူး မရှိပါက ယင်းတင်ပြချက်ကို တာဝန်ရှိသူ တစ်ဦးဦးက လက်ခံရမည်။ မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်လွှဲအပ်ခံထားရသူက အဆိုပါ လျှောက်လွှာနှင့် စပ်လျဉ်း အတည်ပြုရန် သင့်မသင့် ဆောလျင်စွာ အဆုံးအဖြတ် ပေးရမည်။

၁ဝ။   မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာကို အတည်မပြု သင့်ကြောင်း ဆုံးဖြတ်ပါက အကြောင်းပြချက်ဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပြန်ကြားရမည်။
အခန်း ( ၃ )

ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း
၁၁။     ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုပါက မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ငြိမ်းချမ်းစွာစုဝေးခွင့် ခွင့်ပြုမိန့်ကို ပုံစံ (၅) ဖြင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ခွင့်ပြုမိန့်ကို ပုံစံ (၆) ဖြင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်ကို ပုံစံ (၇) ဖြင့်လည်းကောင်း သက်ဆိုင်ရာ လျှောက်ထားသူအား ထုတ်ပေးရမည်။

၁၂။    ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င) ပါ ဒေသဆိုင်ရာလိုအပ်ချက်အရ သတ်မှတ်ထားသည့် စည်းကမ်းချက်များ ရှိပါက နည်းဥပဒေ ၁၁ အရ ထုတ်ပေးသော ခွင့်ပြုမိန့်တွင် ဖော်ပြရမည်။

၁၃။  မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်တွင် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်းများကို ကြိုတင်ရေးဆွဲ ထားနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းကာ ခရိုင်ရဲတပ်ဖွဲ့မှူးမှတစ်ဆင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြရမည်။

၁၄။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးသည် နည်းဥပဒေ ၁၃ အရ တင်ပြချက်ကို လက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်း အတည်ပြုချက်ရယူ၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပြန်ကြားရမည်။

၁၅။   ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ခွင့်ပြုရန် တင်ပြသည့် လျှောက်လွှာကို ငြင်းပယ်ပါက ပုံစံ (၈) ဖြင့် အကြောင်း ပြန်ကြား ရမည်။ ယင်းပုံစံတွင် ငြင်းပယ်ရသည့် အကြောင်းရင်းကို ခိုင်လုံစွာဖော်ပြရမည်။

၁၆။   နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ။

၁၇။    ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းခံရသူသည် ယင်းသို့ ငြင်းပယ်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ အယူခံနိုင်သည်။

၁၈။   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးသည် အယူခံလွှာကို လက်ခံ ရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ အတည်ပြုချက်ရယူပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး၏အမိန့်ကို အတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ်ပေးရမည်။

၁၉။    အယူခံခြင်းကို ခွင့်ပြုပါက ပုံစံ (၉) ဖြင့်လည်းကောင်း၊ အယူခံခြင်းကို ငြင်းပယ် ပါက ပုံစံ (၁ဝ)ဖြင့်လည်းကောင်း အယူခံတင်သွင်းသူထံသို့ ပြန်ကြားရမည်။

၂ဝ။    အယူခံခြင်းကို ခွင့်ပြုကြောင်း ပုံစံ(၉)ဖြင့် အကြောင်းပြန်ကြားချက် ရရှိပါက လျှောက်ထားသူသည် ငြိမ်းချမ်းစွာ စုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ဖြစ်စေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ပြုလုပ်လိုသည့် နေ့ရက်အား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပြန်လည်တင်ပြ နိုင်သည်။

၂၁။    ငြိမ်းချမ်းစွာစုဝေးခွင့်ပြုသည့်နေရာ သတ်မှတ်ပေးရာတွင် အဆောက်အအုံ အတွင်းဖြစ်လျှင် လိပ်စာအပြည့်အစုံကိုလည်းကောင်း၊ အဆောက်အအုံ ပြင်ပ နေရာဖြစ်လျှင် နေရာအတိအကျကို လည်းကောင်း ခွင့်ပြုမိန့်တွင် ဖော်ပြရမည်။

၂၂။  ငြိမ်းချမ်းစွာ စီတန်လှည့်လည်ခြင်းပြုမည့် လမ်းကြောင်းကို ပြည့်စုံစွာ ဖော်ပြ သတ်မှတ်ပေးရမည့်အပြင် လှည့်လည်ရာတွင် ယာဉ်အသွားအလာ၊ လမ်းဘေးရှိ နေအိမ်၊ ဈေးဆိုင်၊ အဆောက်အအုံများအား ပိတ်ဆို့မှု၊ နှောင့်ယှက်ဟန့်တားမှုမရှိစေရေးအတွက် လိုက်နာရမည့်အချက်များကို ခွင့်ပြုမိန့်တွင် ဖော်ပြရမည်။

၂၃။     ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို တစ်ဆက်တည်း ပြုလုပ်ခွင့်ပြုပါက စုဝေးရမည့်နေရာနှင့် လှည့်လည်ရမည့် လမ်းကြောင်း တို့ကို နည်းဥပဒေ ၂ဝ နှင့် ၂၁ တွင် ဖော်ပြသည့်အတိုင်း ခွင့်ပြုမိန့်တွင် ဖော်ပြရမည်။
အခန်း ( ၄ )

အထွေထွေ
၂၄။    ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများကို  ခွင့်ပြုမိန့်အရ  ဆောင်ရွက်နေသူများအား ဥပဒေပုဒ်မ ၁၃ အရ ဒုတိယရဲအုပ်အဆင့်အောက် မနိမ့်သော ရဲအရာရှိ တစ်ဦးဦးက ကာကွယ်စောင့်ရှောက်မှုပေးသည့်အခါ နယ်မြေအခြေအနေနှင့် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းပြုရာတွင် ပါဝင်သည့် လူဦးရေပေါ်မူတည်၍ လုံလောက်သော ရဲတပ်ဖွဲ့ဝင်အင်အားကို အသုံးပြုရမည်။

၂၅။  ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဦးဆောင်သည့် ပုဂ္ဂိုလ်သည် ခွင့်ပြုမိန့်ကို တစ်ပါတည်း ယူဆောင်သွားရမည့်အပြင် တာဝန်ရှိသူက တောင်းဆိုပါက ပြသစစ်ဆေးခံရမည်။

၂၆။     ငြိမ်းချမ်းစွာ စုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) အရ သတိပေးသည်ကို လိုက်နာရန် ပျက်ကွက်လျှင် မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်ပါ ဦးဆောင်သည့် ပုဂ္ဂိုလ်အား ဥပဒေပုဒ်မ ၁၅ အရ ခွင့်ပြုမိန့် ရုပ်သိမ်းကြောင်း နှုတ်ဖြင့်ကြေညာပြီးနောက် စာဖြင့်အကြောင်းကြားရာ၌ အောက်ပါ အချက် များပါဝင်ရမည် -

(က) လိုက်နာဆောင်ရွက်ခြင်းမရှိသည့် စည်းကမ်းချက်များ၊

(ခ) သတိပေးသည်ကို လိုက်နာမှုမရှိခြင်းကြောင့် ခွင့်ပြုမိန့်ကို ရုပ်သိမ်း
ကြောင်း ဖော်ပြချက်၊

(ဂ) ခွင့်ပြုမိန့်ကို ရုပ်သိမ်းသည့် နေ့ရက်နှင့်အချိန်။
၂၇။    ငြိမ်းချမ်းစွာ စုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ  ခွင့်ပြုမိန့်အရ ဆောင်ရွက်ရာတွင် စုဝေးသည့်နေရာနှင့် စီတန်းလှည့်လည်ရာသို့ ရောက်ရှိနေသူများနှင့် ပတ်သက်၍ ဦးဆောင်လျှောက်ထားသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တာဝန်ယူ ရမည်။



(ပုံ) ဒုတိယဗိုလ်ချုပ်ကြီးကိုကို

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထဲရေးဝန်ကြီးဌာန


 
ပြည်ထောင်စုမြန်မာနိုင်ငံတော်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ