ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 November 2012

ရခိုင်ပြည်နယ် မောင်တောတွင် နေအိမ်မီးရှို့မှု ထပ်မံဖြစ်ပွား


ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ သရေကုန်းပေါင် ကျေးရွာအုပ်စုမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ညက အနည်းဆုံး နေအိမ် ၉ လုံး ရှို့မီးကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မောင်တောမြို့  မွတ်ဆလင် ဒေသခံတဦးက ပြောပါတယ်။
“နေအိမ် ၉ လုံးပါ၊ လူမရှိတဲ့အိမ် ၃ လုံး၊ မွတ်စလင်အိမ်တွေကို ရခိုင်တွေ ရှို့တာပါ။ အဲဒါကို အာဏာပိုင်အဖွဲ့အစည်းတွေက ကိုယ့်အိမ်ကိုယ် မီးရှို့တယ်လို့ ပြောတယ်။ မီးကတော့လောင်နေပြီလေ။ ဒါကို ငြိမ်းတဲ့လူတွေကိုတောင် အပေါ်ကို သေနတ်ပစ်ပြီး လှန့်တယ်ကြားတယ်။ ရခိုင်တွေ ရှို့တာမဟုတ်ဘူး။ မွတ်စလင်အိမ်တွေကို မွတ်စလင်တွေပဲ မီးရှို့တယ်လို့ ပြောတယ်။”
လူမနေတဲ့အိမ် ၃ လုံးဟာ   အရင်တုန်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် 
အခြား ဒေသကို ရွှေ့ပြောင်းသွားသူတွေရဲ့အိမ်ဖြစ်တယ်၊ အများစုက ၀ါးထရံအိမ်တွေလို့ ဆိုပါတယ်။
မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် မိသားစုဝင်တချို့ဟာ သူတို့ရွာနဲ့ ၁ ဖာလုံလောက်ဝေးတဲ့ ဆွေမျိုးအသိအိမ်တွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်  ကတော့ ခုလိုပြောပါတယ်။
“ကျနော်သိရတာကတော့ ၈ နာရီမှာဖြစ်တယ်၊ ၉ နာရီမှာ အိမ် ၄ လုံးပဲ လောင်တယ်လို့ သိရတယ်။ မွတ်စလင်အိမ်တွေက လူမနေတဲ့အိမ်တွေကို သူတို့ဘာသာသူတို့ ရှို့တယ်လို့ပြောပါတယ်။ ရခိုင်တွေက ညဆိုရင် အင်အားနည်းလို့ အပြင်ကို မထွက်ပါဘူး။ မွတ်စလင်ရွာတွေ တော်တော်များများက ခြံစည်းရိုးကို အပြင်ကနေ ချောင်းကြည့်လို့မရအောင် ကာထားတာ၊ အဲတော့ ရခိုင်တိုင်းရင်းသား အထဲဝင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ရခိုင်တွေက သူတို့ရွာထဲကို ညမပြောနဲ့ နေ့ခင်းတောင် မသွားရဲဘူး။”
မီးရှို့မှုမှာ ပါဝင်ပတ်သက်သူ တရားခံတွေကို ရဲစခန်းက စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ  ဇွန်လကစပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ဒီလ ၁၆ ရက်နေ့က နိုင်ငံတော်အကြီးအကဲ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ၂၀၁၂ ခုနှစ်ထဲမှာ ရခိုင်ပြည်နယ်ထဲမှာ အတူတကွနေထိုင်တဲ့ လူမျိုးအချင်းချင်းတွေကြား အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုတွေ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ ၁ သိန်းကျော် အိုးအိမ်မဲ့ဘ၀နဲ့ အတိဒုက္ခရောက်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။


DvB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ