ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 November 2012

ရုရှားအမျိုးသမီးကြီးတစ်ဦး ဂြိုဟ်သားဟု ယူဆရသော အလောင်းတစ်ခု ရေခဲသေတ္တာထဲ နှစ်နှစ်ကြာသိမ်းထားခဲ့




ဂြိုဟ်သား အလောင်းအစစ်ကို ရှာဖွေတွေ့ရှိ ထားကြပြီးလား ဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်နေကြောင်း သိရသည်။   ရုရှား အမျိုးသမီးကြီးတစ်ဦးက အမှန်ပင် သူမ   တွေ့ရှိထားခဲ့ပြီဟု ဆိုသည်။  ရုရှားအမျိုးသမီးတစ်ဦး ဖြစ်သူ မာတာ (Marta Yegorovnam)  က ၂ဝဝ၉ ခုနှစ်တွင် အမည်မသိ ယာဉ် ပျံတစ်စင်းပျက်ကျ ခဲ့သော   နေရာမှ ဂြိုဟ်သားအလောင်းတစ်ခု ကယ် တင်ရရှိလာခဲ့ပြီး ရေခဲသေတ္တာ အထဲတွင် ၂ နှစ်ကြာသိမ်းဆည်း ထားခဲ့သည် ဟု ပြောကြားခဲ့သည်။  အလောင်း အရွယ်မှာ ၂ ပေခန့် သာရှည်ပြီး ကြီးမားသော ဦးခေါင်း ရှိကာ ပိန်သွယ်နေပြီး မျက်လုံးများမှာ ဖောင်း၍စူထွက်နေသည်။ ထို့အပြင် လက်မောင်းများမှာသစ်ပင်အကိုင်းကဲ့ သို့ သေး သွယ်နေကြောင်း ၄င်းက ပြောသည်။ မိမိထံသို့ လူနှစ်ဦး ရောက်ရှိလာပြီး ၄င်းတို့သည် ကရင်မလင်သုတေသနဌာနမှ ဖြစ် ကြောင်းပြောပြပြီး အလောင်းကို စစ်ဆေးရန် ယူသွားကြသည်ဟု ဆိုသည်။  ၂ဝ၁၁ ခုနှစ်ဧပြီလကလည်း ဆိုက်ဘေးရီယားရှိ နှင်းထုပြင်ထဲ တွင်ဂြိုဟ်သားအလောင်းတွေ့ရှိသည် ဟု အသက် ၁၈ နှစ်နှင့် ၁၉ နှစ် ခန့်ရှိသော လူငယ်နှစ်ဦးကအင်တာ နက်ပေါ်တင်၍ ပြသခဲ့သည်။ ရဲအဖွဲ့ မှ စုံစမ်းခဲ့ရာ ပေါင်မုန့်နှင့်ကြက်အတု ပြားတို့ဖြင့် ပြုလုပ်ထားသော အရုပ် တစ်ခုဖြစ် ကြောင်း ဝန်ခံခဲ့ကြသည့် ဖြစ်ရပ်တစ်ခုကြုံခဲ့ကြရသည်။ UFO ကျွမ်းကျင်သူ Alex Komanov က ၃ နှစ်အတွင်း  UFO မြင်ကွင်းများသည် ၆၇ ရာခိုင်နှုန်း တိုးလာနေပြီး Mutual UFO Network ၏ ပြောပြချက်အရ ၂ဝ၁၁ ခုနှစ်တွင်လစဉ် UFO အမည်မသိ ယာဉ် ပျံတွေ့ရှိခဲ့မှု ၅ဝဝ ခန့်ကို လက်ခံရခဲ့သည်ဟု ဖော်ပြထား သည်။ ၂ဝဝ၈ တွင် ၃ဝဝ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။



Popular

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ